Taxation



စက်မှုဇုန်များ နှင့် ပစ္စည်းခွန်

စက်မှုဇုန်များ နှင့် ပစ္စည်းခွန် google

ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ဒေသတွင်း အခြေခံ အဆောက်အအုံများ တိုးတက် ကောင်းမွန်စေရန် အတွက် အစိုးရ၏ ပင်မဝင်ငွေ တစ်ခုဖြစ်သော ပစ္စည်းခွန် ကောက်ခံသည့် စနစ်ကို ပြန်လည်သုံးသပ် ပြင်ဆင်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဝင်ငွေစုဆောင်းခြင်း အပြင် အခွန်ကောက်ခံခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ လက်အောက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က စီမံခန့်ခွဲ နေသည်။ ကော်မတီ၏ အခွန်ဝင်ငွေ အများစုကို မြေငှားရမ်းခ ကောက်ခံခြင်း၊ ပစ္စည်းခွန်နှင့် အထွေထွေခွန် ကောက်ခံခြင်း၊ ရေအသုံးပြုခွန် ကောက်ခံခြင်း၊ သန့်ရှင်းရေးခွန် ကောက်ခံခြင်းများ မှရရှိသည်။

၂၀၁၈ ခုနှစ် တွင် YCDC မှ ကောက်ခံရရှိခဲ့သော ပစ္စည်းခွန်သည် ၂၄ ဘီလီယံကျပ် ခန့်ဖြစ်ပြီး ယင်းပမာဏသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ စုစုပေါင်းကောက်ခံရရှိခဲ့သော အခွန်ဝင်ငွေ၏ ၄၆ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ ယခုအခါ YCDC သည် စက်မှုဇုန်များတွင်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို မြေ၊ သိုလှောင်ရုံ အဆောက်အအုံအား ငှားရမ်း အသုံးပြုခပေါ် ပစ္စည်းခွန် စတင် ကောက်ခံနေသည်။

Cement & Cement Factories (ဘိလပ်မြေစက်ရုံ ၅၆၄ ခုကိုရှာရန်နှိပ်ပါ)

ပစ္စည်းခွန် ဆိုသည်မှာ အဘယ်နည်း။ ပစ္စည်းခွန် ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့်အဆောက်အအုံပေါ်တွင်ဖြစ်စေ ၎င်းတို့၏ နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်ထားသော ရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ဖြစ်သည်။


ယင်းသို့ ငှားရမ်း အသုံးပြုခ အပေါ် ပစ္စည်းခွန် ကောက်ခံနေသောအခါ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ မည်သည်တို့ဖြစ်သနည်း ဟူသော မေးခွန်း ပေါ်ပေါက်လာသည်။ အခွန်များ ပေးဆောင်ကြရာတွင် စက်မှုဇုန်အတွင်းတွင် လုပ်ကိုင်နေကြသော စက်ရုံ၊ အလုပ်ရုံ စီးပွားရေးလုပ်ငန်းများ အပါအဝင်ဖြစ်သည်။ ယခုအချိန်တွင် ရန်ကုန်အတွင်းရှိ အောက်ပါနေရာ၊ အမည်များ နှင့် စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိသည်။

 

Screenshot from 2019 08 28 16 40 53

 

အထက်ဖော်ပြပါ စက်မှုဇုန် များတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၃၀၀ ကျော်ရှိသည်။ ယင်းတို့ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ခွဲခြမ်းနိုင်သည်။

ရင်းမြစ်။ ။မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း

Screenshot from 2019 08 28 16 35 08

ယင်းသို့ ငှားရမ်း အသုံးပြုခ အပေါ် အခွန် ကောက်ခံခြင်းကို စီးပွားရေး ရှုထောင့်မှ သုံးသပ်လျှင်… မြေ၊သိုလှောင်ရုံ ပိုင်ရှင်များကို အခွန်ကောက်သည်ဖြစ်စေ၊ ငှားရမ်းအသုံးပြုသူ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်များကို အခွန်ကောက်သည်ဖြစ်စေ နောက်ဆုံးတွင်မူ ရလဒ်မှာ အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြင့်တက်လာမည့် ငှားရမ်းခ ကုန်ကျစရိတ်တွင် ယခင်ငှားရမ်းခ အပြင် နောက်တိုး အခွန်ကိုပါ ထည့်သွင်း စဉ်းစားထားပြီး သောကြောင့်ဖြစ်သည်။ ဤသို့ဆိုသော် မြေ၊သိုလှောင်ရုံ ပိုင်ရှင်များ ပေါ်အကျိုးသက်ရောက်မှုမှာ အဘယ်နည်း၊ ငှားရမ်းသူများ နှင့် နောက်ဆုံး သုံးစွဲသည့် စားသုံးသူ ပြည်သူများ အတွက် အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။

Ceramic Wares (ကြွေထည်၊ မြေထည်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း ၁၀၃ ခုကိုရှာရန်နှိပ်ပါ)

ပိုင်ရှင်များဘက်မှ ကြည့်လျှင် စက်မှုဇုန် များတွင်ရှိသော မြေ၊ သိုလှောင်ရုံ အရေအတွက်သည် အခြား ထုတ်ကုန်များကဲ့သို့ အရောင်းအဝယ်ပါးသောကြောင့် အရေအတွက် လျှောသုံး၍ မရပေ။ လက်ဝယ်ရှိ မြေ၊ သိုလှောင်ရုံများကိုသာ ဈေးကွက်တန်ဖိုး အတိုင်းသာ ချိန်ညှိ၍ ငှားရမ်းရမည်ဖြစ်သည်။ ငှားရမ်းလုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းရှင်များ အချို့အနေဖြင့် အခွန် ၀န်ထုပ် တိုးလာခြင်းကြောင့် တွက်ခြေမကိုက်သဖြင့် လုပ်ငန်း ရပ်ဆိုင်းရခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး အလုပ်လက်မဲ့ပြဿနာ ကြီးထွားလာနိုင်မည်ဟု စိုးရိမ်မိပေသည်။

အခွန်ကောက်ခံခြင်း၏ ရေတိုရလဒ်အနေဖြင့် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ် ရုံများတွင် လက်ရှိထုတ်လုပ်နေသော ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ဈေးကွက် အတွင်းတွင် ထိုပစ္စည်းများ၏ တန်ဖိုးမြင့်တက်လာမည်။ တစ်နည်းဆိုရသော် စားသုံးသူ ပြည်သူများက ထိုအခွန်ကို စီးပွားရေး လုပ်ငန်းများနှင့်အတူ ပေးဆောင်ရမည့် ရလဒ် ဖြစ်ပေါ်လာမည် ဖြစ်သည်။

 

Myanmar Industry Directory

Read times Last modified on Wednesday, 28 August 2019 16:47
Rate this item
(2 votes)