Taxation



စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံသွားမည်

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံသွားမည် google

စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားများ ( ကား၊ အိမ်၊ ခြံ၊ မြေအခွန်) ကို လျှော့ချမယ့်

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို သြဂုတ်လ (၇) ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့ကြောင်း သိရပါတယ်။

လျှော့ချပေးမယ့် နှုန်းထားအသစ်အရ မြေ၊ တိုက်ခန်း၊ ကားဝယ်ယူပါက ကျပ်သိန်း ၁,ဝဝဝ ထိကို (၃) ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်မှ ကျပ်သိန်း ၃,ဝဝဝ ထိ (၅) ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,ဝဝဝ အထက်မှ ကျပ်သိန်း ၃ဝ,ဝဝဝ အထိကို (၁ဝ) ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃ဝ,ဝဝ၀ နဲ့အထက်ကို (၃ဝ) ရာခိုင်နှုန်း ပေးဆောင်ရန် လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

tax

အခုနှစ်အတွက် လျှော့ချပေးမှုက အခြေပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း လုပ်ငန်းအသစ်ထူထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ခြင်းတို့အတွက် အသုံးပြုမယ့် ငွေကြေးများအပေါ်တွင်သာ အကျိုးခံစားခွင့် ရှိမှာဖြစ်ပါတယ်။ တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့မှ ရရှိတဲ့ ဝင်ငွေများနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်တဲ့ကိစ္စများနဲ့ မသက်ဆိုင်ကြောင်း ဥပဒေကြမ်းမှာ ဖော်ပြပါရှိပါတယ်။

၎င်းဥပဒေကြမ်း အမှန်တကယ် အကောင်အထည်ပေါ်လာပါက နံပါတ်အသစ် မော်ဒယ်မြင့်ကားများ၊ Brand new ကားများ ဒီထက်ပိုမို ရောင်းအားတိုးလာနိုင်ပြီး နံပါတ်အဟောင်းကားများ လူတိုင်း အခွန်နှုန်းထားသက်သာစွာဖြင့် အမည်ပေါက် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ မော်ဒယ်မြင့်ကားများ ကုမ္ပဏီအမည်ခံပြီး အခွန်လျော့ရန် / ရှောင်ရန်မလိုတော့သလို နိုင်ငံတော်မှလည်း အခွန်ပြည့်ဝစွာရရှိနိုင်တော့မှာဖြစ်ကြောင်း MMM Car Sales Centre မှ Managing Director ဦးမင်းမင်းရဲ့ post ဖော်ပြချက်မှ သိရပါတယ်။

ဒါ့ပြင် ၎င်းအခွန်အကောက်ဥပဒေသစ်ကို အတည်ပြုနိုင်ပါက အခွန်နှုန်းထား များနေခြင်း၊ အိမ်ခြံမြေဥပဒေ မထွက်ရှိခြင်းတို့ကြောင့် နှစ်အတော်ကြာ ငြိမ်သက်နေတဲ့ အိမ်ခြံမြေဈေးကွက် ပြန်လည်အသက်ဝင်လာနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။

၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမှာ အခန်းပေါင်း (၁ဝ) ခန်း အပိုဒ်ပေါင်း (၄ဝ) ပါရှိပြီး အခုတစ်ကြိမ် တင်သွင်းတဲ့ဥပဒေက ခုနစ်ကြိမ်မြောက် တင်သွင်းတဲ့ နှစ်စဉ်အခွန် အကောက်ဥပဒေဖြစ်ပါတယ်။

 

Source: Myanmar Times
Myanmar Industry Directory

Read times Last modified on Friday, 09 August 2019 11:15
Rate this item
(1 Vote)