Taxation



ဘဏ္ဍာရေးနှစ် အကူးအပြောင်းကာလ အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများထုတ်ပြန်

ဘဏ္ဍာရေးနှစ် အကူးအပြောင်းကာလ အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများထုတ်ပြန် google

ဘဏ္ဍာရေးနှစ် အကူးအပြောင်းကာလအတွင်း အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သြဂုတ် (၅) ရက်နေ့က အစိုးရမှ ထုတ်ပြန်ခဲ့ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ (၄၀) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအပေါ် ၂၀၁၉ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အခွန်စည်းကြပ်ကောက်ခံတဲ့အခါ အခုထုတ်ပြန်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမယ်လို့ ညွှန်ကြားထားပါတယ်။

အထူးကုန်စည်ခွန်မှာ သမ၀ါယမနှင့် ပုဂ္ဂလိကကဏ္ဍများအနေနဲ့ ၎င်းကာလအတွင်း ပြည်တွင်းမှာ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နဲ့ ဆေးပြင်းလိပ်ထုတ်လုပ်ရောင်းချမှုမှ စုစုပေါင်းရောင်းရငွေပေါင်းကို နှစ်ဆပြုကြည့်ရင် ကျပ်သိန်း (၂၀၀) ထက် ပိုမယ်ဆိုပါက အခွန်စည်းကြပ်မှာဖြစ်ပါတယ်။

ဝင်ငွေခွန်နဲ့စပ်လျဉ်းပြီး လစာခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက တစ်နှစ်ကို ကျပ် (၄၈) သိန်းထက် ပိုမိုရရှိတဲ့ ဝင်ငွေဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ်မှာ ဝင်ငွေခွန်တွက် ချက်ကောက်ခံမှာဖြစ်ပါတယ်။

စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေဖြစ်ပါက ဧပြီလမှ စက်တင်ဘာကာလအတွင်း ပေါ်ထွက်တဲ့ငွေကိုလည်းကောင်း၊ ပေါ်ထွက်တဲ့ ပစ္စည်းတန်ဖိုးနဲ့ ၎င်းပစ္စည်းရယူတဲ့အခါ ကုန်ကျတဲ့ ငွေအားလုံးကိုပါ ဝင်ငွေအဖြစ်သတ်မှတ်ပြီး စည်းကြပ်မှာ ဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ကုန်သွယ်လုပ်ငန်းခွန်ကို စည်းကြပ်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ်ရပ်မှ ကျပ်ဘီလီယံ (၄,၈၀၀) ကျော် ရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားထားပါတယ်။

 

Source: 7Day Daily
Myanmar Industry Directory

Read times
Rate this item
(0 votes)