Taxation



သန့်စင်မှုပြည့်ဝသည့် ရွှေများ ပြည်ပတင်ပို့လျှင် အခွန်ကင်းလွတ်ခွင့်ရမည်

သန့်စင်မှုပြည့်ဝသည့် ရွှေများ ပြည်ပတင်ပို့လျှင် အခွန်ကင်းလွတ်ခွင့်ရမည် google

ပြည်ပနိုင်ငံများကို (၉၉.၉၉) ရာခိုင်နှုန်း သန့်စင်မှုအပြည်အဝရှိတဲ့ ရွှေတုံးရွှေခဲ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းနဲ့

အသုံးအဆောင်ပစ္စည်းများ တင်ပို့ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။

အခွန်ကင်းလွတ်ခွင့်က သန့်စင်မှု (၉၉.၉၉) ရာခိုင်နှုန်းရှိမှပဲ ရမှာဖြစ်ပြီး မဟုတ်ရင် အခွန်ကင်းလွတ်ခွင့်ရမှာမဟုတ်ကြောင်း ဦးမင်းထွဋ်ကပြောပါတယ်။

ဒါပေမယ့် ရွှေတင်ပို့မှုအတွက် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ဒါဟာ ရွှေတစ်ခုတည်းကိုသာ ကောက်ခံခြင်းမဟုတ်ဘဲ တင်ပို့ကုန်တွေအားလုံးအပေါ် ကောက်ခံခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားသို့တင်ပို့ရာမှာ အကောက်အခွန်ဦးစီးဌာနက ကောက်ခံတဲ့ အကောက်ခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ရွှေတင်ပို့ခြင်းလုပ်ငန်းတွေကို ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့သာ တင်ပို့လို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွှေတင်ပို့၊ တင်သွင်းခြင်းတွေကို ယခုနှစ် ဇန်န၀ါရီလပိုင်းက ပထမဆုံး တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ One Stop Service ကို ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ (၂၄) ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းက ရွှေတင်ပို့၊ တင်သွင်းခြင်းကို One Stop Serive စင်တာမှ တဆင့်ဆောင်ရွက်ရမယ်လို့ ကြေညာထားပါတယ်။ ဒါ့ပြင် One Stop Service စင်တာက နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းကို စစ်ဆေးကြီးကြပ်ဆောင်ရွက်ပြီး တစ်နေရာတည်းမှာ ခွင့်ပြုပေးမယ့် နေရာဖြစ်ကာ လုပ်ငန်းရှင်များထံမှ ဝန်ဆောင်ခ ကောက်ယူမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

ရွှေတင်ပို့မှုကို အခွန်ကင်းလွတ်ခွင့်ပေးပေမယ့်လည်း တင်သွင်းမှုကိုတော့ အလွှာလိုက် အခွန်သတ်မှတ်ထားပါတယ်။ ရွှေတုံး၊ ရွှေခဲ၊ ရွှေပြား၊ ရွှေချောင်း၊ ဒင်္ဂါးပြား၊ ရွှေဖြင့်ပြုလုပ်ထားတဲ့ အနုပညာပစ္စည်း၊ ရွှေအသုံးအဆောင်ပစ္စည်းများကို အခွန် (၁၅) ရာခိုင်နှုန်းနဲ့ လက်ဝတ်ရတနာကို အခွန် (၃၀) ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ရွှေဖြူတင်သွင်းမှုကို အခွန် (၇.၅) ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

 

Source: imyanmarhouse, 7day daily
Myanmar Industry Directory

Read times Last modified on Wednesday, 07 August 2019 14:50
Rate this item
(0 votes)