Taxation



စက်တင်ဘာလတွင် စတင် အသက်ဝင်တော့မည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ

စက်တင်ဘာလတွင် စတင် အသက်ဝင်တော့မည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ google

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် စတဲ့ အခွန်အမျိုးအစား အားလုံးအပေါ် သက်ရောက်မယ့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေက လာမယ့် စက်တင်ဘာ (၁) ရက်နေ့မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ (၄) ခုမှာ သီးခြားစီရှိနေတဲ့ လုပ်ထုံးလုပ်နည်းများကို ခေတ်မီနည်းစနစ်များသုံးကာ အလွယ်တကူ ဆောင်ရွက်နိုင်စေရန်နဲ့ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

၎င်းဥပဒေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို ဝါဏိဇ္ဇဘွဲ့ရများအသင်းမှ " အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ (၂၈) ရက်၊ တနင်္ဂနွေနေ့မှာ ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဝါဏိဇ္ဇဘွဲ့ရများအသင်းမှ အတွင်းရေးမှူး ဦးမိုးကျော်၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းအောင်၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ဝင်းဝင်းရွှေနဲ့ Law Business မှ ဦးမင်းစိန်တို့က ဦးဆောင် ဆွေးနွေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ ဦးဝမ်းတင်က Moderator အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေ့ရက်။ ။ ဇူလိုင်လ ၂၈၊ ၂၀၁၉ ( တနင်္ဂနွေနေ့ )
အချိန်။ ။ နံနက် ၁၀ နာရီ - ၁၂ နာရီ
နေရာ။ ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်းခန်းမ၊ ၁/၁၉ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ ဇွန်လ (၇) ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

Myanmar Industrial Directory

Read times
Rate this item
(0 votes)