Local News

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု ထည့်သွင်းတည်ဆောက်မှာဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က မြန်မာသီလဝါအက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) ရဲ့ ခြောက်ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။

Published in Local News

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ရှန်ဟိုင်းမြို့များသို့ တင်ပို့နိုင်ရန်အတွက် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၅၀၀ ကျော်အထိရှိတယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောကြားပါတယ်။

Published in What's New

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် သုံးဇုန်ရှိတဲ့အနက် သီလဝါဇုန်က ဖွံ့ဖြိုးတိုးတက်မှုရှိပေမယ့် ထားဝယ်အထူးစီးပွားရေးဇုန်က တိုးတက်မှုနှေးကွေးနေပြီး နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီတဲ့ အာမခံချက်များပေးနိုင်မှသာ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာနိုင်ကြောင်း မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သုံးသပ်ပြောကြားခဲ့ပါတယ်။

Published in What's New

         ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်ကိုလည်း အဆင့်မြှင့်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်တွင် ပါဝင်နေခြင်းကြောင့် လေ့လာဆန်းစစ်မှုပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။ညောင်နှစ်ပင်တွင် ယခင်က အမျိုးသားညီလာခံကျင်းပခဲ့သည့် ခန်းမကိုလည်း သင်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Published in What's New