Local News
မြန်မာ-တရုတ် ပူးပေါင်း၍ စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များကို တင်သွင်း၊ တင်ပို့ရန် လက်မှတ်ရေးထိုး
စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း၊ တင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CCCME) တို့ စက်တင်ဘာ (၂၂) ရက်က စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။
တရားမဝင်လျှပ်စစ်ခိုးယူမှုများပပျောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးပြောကြား
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်များ (Losses)များနှင့်ပတ်သက်၍ Advance Metering Infrastructure-AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမှာဖြစ်ကြောင်း လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
လျှပ်စစ်ဓာတ်အားပေး သင်္ဘောဖြင့် ဓာတ်အားပေးရန် နိုင်ငံတကာတင်ဒါ အမြန်ဆုံး ခေါ်ယူသွားမည်
ရန်ကုန်အပါအဝင် မြို့ကြီးများကို လျှပ်စစ်ဓာတ်အားပေး သင်္ဘောများဖြင့် ဓာတ်အားပံ့ပိုးပေးရန် နိုင်ငံတကာတင်ဒါ အမြန်ဆုံး ခေါ်ယူသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
လျှပ်စစ်ကဏ္ဍတိုးတက်လာစေဖို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ LPG ၊ CNG လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတိုးတက်လာစေဖို့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်တဲ့လုပ်ငန်း၊ LPG ၊ CNG လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နေပါတယ်။
ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးခွင့်ပြုရန် ဆွေးနွေး
လျှပ်စစ်မီးရရှိရေး ကော်မတီဖွဲ့စည်းရန် အခက်အခဲရှိသည့် ဒေသများတွင် ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို အကောင်အထည်ဖော်ပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ပါတယ်။
မောင်တော၌ယခင်ထက်ပို၍ ဒီဇင်ဘာလကုန်ပိုင်းမီးပိုလင်းမည်
ရခိုင်ပြည်နယ် မောင်တောမြို့ကို နိုင်ငံတော်လျှပ်စစ် ဓာတ်အားစနစ်ဖြင့် မီးရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက်ရှိရာယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ရရှိတော့မည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့လျှပ်စစ်လုပ်ငန်းအတွက် မစ်ဆူဘီရှီအီလက်ထရွန်နစ်က ထရန်စဖော်မာများ ထောက်ပံ့မည်
တိုကျို− မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ကို ထိုင်းနိုင်ငံကုမ္ပဏီခွဲမှ တစ်ဆင့် လျှပ်စစ်ကြားခံခလုတ် (GIS) ၄၆ ခုနှင့် ထရန်စဖော်မာများ ထောက်ပံ့ရေး ရွေးချယ်ခံရသည်ဟု မစ်ဆူဘီရှီ လျှပ်စစ်ကော် ပိုရေးရှင်းက ပြောကြားခဲ့ပါတယ်။