Local News



သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံ (၈၀) ကျော် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ

သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံ (၈၀) ကျော် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ Google

COVID-19 ရောဂါကြောင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ ပိတ်ထားခြင်းမရှိသလို စက်ရုံများအားလုံး ပုံမှန် လည်ပတ်လျက်ရှိပြီး အလုပ်သမား၊ ဝန်ထမ်းများလည်း ပုံမှန်သွားလာလုပ်ကိုင်လျက် ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ထံမှ သိရသည်။

ဒေါက်တာသန်းသန်းသွယ်က “သီလဝါအထူးစီးပွားရေးဇုန်မှာ လက်ရှိစက်ရုံပေါင်း (၈၀) ကျော် လည်ပတ်နေတယ်။ စက်ရုံတွေ ပုံမှန်လည်ပတ်နေသလို စက်ရုံအလုပ်သမား ဝန်ထမ်းတွေလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ လုပ်နေတဲ့ အလုပ်သမားတွေ စာရင်းမပါ အလုပ်သမားဝန်ထမ်းပေါင်း ၁၂၀၀၀ ကျော် အလုပ်လုပ်နေပါတယ်” ဟု ပြောသည်။

သီလဝါအထူးစီးပွားရေး စက်မှုဇုန်တွင် လုပ်ငန်းများ ပုံမှန်လည်ပတ်နေသော်လည်း ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ဘိလပ်မြေစက်ရုံ (၅၆၄) ခုကို ရှာရန်နှိပ်ပါ

“ညွှန်ကြားချက်တွေဖြစ်တဲ့ လက်ကို မကြာခဏ စနစ်တကျဆေးရမယ်။ တစ်ယောက် သုံးပေခွာနေရမယ်။ လုပ်ငန်းခွင်မှာ သံသယလူနာ (သံသယဖြစ်စရာ) တွေ့ရင် ချက်ခြင်းအကြောင်းကြားဖို့၊ အားလုံး သတိဝီရိယ ရှိကြဖို့၊ ထုတ်ပြန်ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြောထားပါတယ်။ အားလုံးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ မလိုအပ်ပဲ အပြင်မှာ လူစုလူဝေးတွေနဲ့ မသွားလာဖို့ အဲ့ဒီလိုမျိုးတွေတော့ ဆောင်ရွက်ထားတယ်။ ကျွန်မတို့ကို နိုင်ငံတော်သမ္မတရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က Instruction သုံးခု ပေးပါတယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း (၂၀) မှ လုပ်ငန်းပေါင်း (၁၁၃) ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများအနက် လုပ်ငန်း (၈၀) ကျော်မှာ စီးပွားဖြစ် လည်ပတ်လျက်ရှိသည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် အမြဲတမ်းလုပ်သားနှင့် ဆောက်လုပ်ရေး လုပ်ကိုင်နေသူများ အပါအဝင် စုစုပေါင်းလုပ်သား (၂၀၀၀၀) ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Source: MOI

89839456_231118211352480_6121720146592530432_n.png

 

90251442_832926683874316_4730726126572273664_n.png

 

<<<Zawgyi>>>

သီလဝါအထူးစီးပြားေရးဇုန္အတြင္းရွိ စက္႐ုံ (၈၀) ေက်ာ္ ပုံမွန္အတိုင္း လည္ပတ္လ်က္ရွိ

COVID-19 ေရာဂါေၾကာင့္ သီလဝါအထူးစီးပြားေရးဇုန္အတြင္းရွိ စက္႐ုံမ်ား ပိတ္ထားျခင္းမရွိသလို စက္႐ုံမ်ားအားလုံး ပုံမွန္ လည္ပတ္လ်က္ရွိၿပီး အလုပ္သမား၊ ဝန္ထမ္းမ်ားလည္း ပုံမွန္သြားလာလုပ္ကိုင္လ်က္ ရွိေၾကာင္း သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာသန္းသန္းသြယ္ထံမွ သိရသည္။

ေဒါက္တာသန္းသန္းသြယ္က “သီလဝါအထူးစီးပြားေရးဇုန္မွာ လက္ရွိစက္႐ုံေပါင္း (၈၀) ေက်ာ္ လည္ပတ္ေနတယ္။ စက္႐ုံေတြ ပုံမွန္လည္ပတ္ေနသလို စက္႐ုံအလုပ္သမား ဝန္ထမ္းေတြလည္း ပုံမွန္အတိုင္း အလုပ္လုပ္ေနပါတယ္။ သီလဝါအထူးစီးပြားေရးဇုန္မွာ ေဆာက္လုပ္ေရးလုပ္ငန္းပိုင္းမွာ လုပ္ေနတဲ့ အလုပ္သမားေတြ စာရင္းမပါ အလုပ္သမားဝန္ထမ္းေပါင္း ၁၂၀၀၀ ေက်ာ္ အလုပ္လုပ္ေနပါတယ္” ဟု ေျပာသည္။

သီလဝါအထူးစီးပြားေရး စက္မႈဇုန္တြင္ လုပ္ငန္းမ်ား ပုံမွန္လည္ပတ္ေနေသာ္လည္း က်န္းမာေရးႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတ႐ုံး၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ၫႊန္ၾကားခ်က္မ်ားကို တိတိက်က် လိုက္နာေဆာင္႐ြက္လ်က္ရွိေၾကာင္း သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွ သိရသည္။

ဘိလပ္ေျမစက္ရံု (၅၆၄) ခုကို ရွာရန္ႏွိပ္ပါ

“ၫႊန္ၾကားခ်က္ေတြျဖစ္တဲ့ လက္ကို မၾကာခဏ စနစ္တက်ေဆးရမယ္။ တစ္ေယာက္ သုံးေပခြာေနရမယ္။ လုပ္ငန္းခြင္မွာ သံသယလူနာ (သံသယျဖစ္စရာ) ေတြ႕ရင္ ခ်က္ျခင္းအေၾကာင္းၾကားဖို႔၊ အားလုံး သတိဝီရိယ ရွိၾကဖို႔၊ ထုတ္ျပန္ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ ေျပာထားပါတယ္။ အားလုံးကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ေနပါတယ္။ မလိုအပ္ပဲ အျပင္မွာ လူစုလူေဝးေတြနဲ႔ မသြားလာဖို႔ အဲ့ဒီလိုမ်ိဳးေတြေတာ့ ေဆာင္႐ြက္ထားတယ္။ ကြၽန္မတို႔ကို ႏိုင္ငံေတာ္သမၼတ႐ုံး၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က Instruction သုံးခု ေပးပါတယ္” ဟု သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီအတြင္းေရးမွဴး ေဒါက္တာသန္းသန္းသြယ္က ေျပာသည္။

သီလဝါအထူးစီးပြားေရးဇုန္၌ ႏိုင္ငံေပါင္း (၂၀) မွ လုပ္ငန္းေပါင္း (၁၁၃) ခုကို လုပ္ကိုင္ခြင့္ျပဳခဲ့ၿပီး အဆိုပါလုပ္ငန္းမ်ားအနက္ လုပ္ငန္း (၈၀) ေက်ာ္မွာ စီးပြားျဖစ္ လည္ပတ္လ်က္ရွိသည္။ သီလဝါအထူးစီးပြားေရးဇုန္တြင္ အၿမဲတမ္းလုပ္သားႏွင့္ ေဆာက္လုပ္ေရး လုပ္ကိုင္ေနသူမ်ား အပါအဝင္ စုစုေပါင္းလုပ္သား (၂၀၀၀၀) ေက်ာ္ အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္း သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွ သိရသည္။

Source: MOI

Read times
Rate this item
(0 votes)