Local News



အစိုးရဝန်ထမ်းများ ထက်ဝက်သာ ရုံံးတက်ရမည်ဟု သမ္မတရုံးညွှန်ကြား

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရန် အစိုးရဝန်ထမ်းများ ဝန်ထမ်းအင်အား၏ ၅၀ ရာခိုင်နှုန်းသာ တာဝန်ထမ်းဆောင်ရန် မတ်လ ၂၅ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားသည်။

အဆိုပါညွှန်ကြားချက်ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံး လိုက်နာရမည်ဖြစ်သည်။

ကျန်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းသည် ဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့် နေအိမ်၌ တာဝန်ချိန်အဖြစ် မပျက်မကွက်နေထိုင်ရမည်ဖြစ်သည်။

ဖိုင်ဘာမှန်လုပ်ငန်း (၃၅) ခုကို ရှာရန်နှိပ်ပါ

ထို့အပြင် ဝန်ထမ်းများ၏ နေအိမ်သို့ ပြင်ပဧည့်သည်များ လာရောက်မှုကို တတ်နိုင်သမျှ လျှော့ချရန်၊ ဝန်ထမ်းများအနေဖြင့် တာဝန်မှအပ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာဒေသမှ ထွက်ခွာခြင်းမပြုရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အဆိုပါညွှန်ကြားချက်သည် မတ်လ ၂၆ ရက်တွင် စတင်အသက်ဝင်သည်။ ထို့အပြင် ညွှန်ကြားချက်ကို လိုက်နာရန် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားစာ၌ ဖော်ပြ ထားသည်။

 

91144852_2694788673903893_1451303718862454784_n.jpg

 

90948920_2694788723903888_5596527426764013568_n.jpg

 

89839456_231118211352480_6121720146592530432_n.png

 

90251442_832926683874316_4730726126572273664_n.png

 

 

<<<Zawgyi>>>

အစိုးရဝန္ထမ္းမ်ား ထက္ဝက္သာ ႐ုံံးတက္ရမည္ဟု သမၼတ႐ုံးၫႊန္ၾကား

COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္တားဆီးရန္ အစိုးရဝန္ထမ္းမ်ား ဝန္ထမ္းအင္အား၏ ၅၀ ရာခိုင္ႏႈန္းသာ တာဝန္ထမ္းေဆာင္ရန္ မတ္လ ၂၅ ရက္စြဲျဖင့္ ႏိုင္ငံေတာ္သမၼတ႐ုံးက ၫႊန္ၾကားသည္။

အဆိုပါၫႊန္ၾကားခ်က္ကို ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းအားလုံး၊ ျပည္ေထာင္စုဝန္ႀကီးဌာနအားလုံး၊ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕အားလုံး လိုက္နာရမည္ျဖစ္သည္။

က်န္ဝန္ထမ္း ၅၀ ရာခိုင္ႏႈန္းသည္ ဝန္ထမ္းအိမ္ရာ၊ အေဆာင္ႏွင့္ ေနအိမ္၌ တာဝန္ခ်ိန္အျဖစ္ မပ်က္မကြက္ေနထိုင္ရမည္ျဖစ္သည္။

ဖိုင္ဘာမွန္လုပ္ငန္း (၃၅) ခုကို ရွာရန္ႏွိပ္ပါ

ထို႔အျပင္ ဝန္ထမ္းမ်ား၏ ေနအိမ္သို႔ ျပင္ပဧည့္သည္မ်ား လာေရာက္မႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ရန္၊ ဝန္ထမ္းမ်ားအေနျဖင့္ တာဝန္မွအပ ခြင့္ျပဳခ်က္မရွိဘဲ တာဝန္က်ရာေဒသမွ ထြက္ခြာျခင္းမျပဳရန္ ၫႊန္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါၫႊန္ၾကားခ်က္သည္ မတ္လ ၂၆ ရက္တြင္ စတင္အသက္ဝင္သည္။ ထို႔အျပင္ ၫႊန္ၾကားခ်က္ကို လိုက္နာရန္ တာဝန္ရွိသူအဆင့္ဆင့္က ၾကပ္မတ္ ေဆာင္႐ြက္ရမည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံး ၫႊန္ၾကားစာ၌ ေဖာ္ျပ ထားသည္။

91144852_2694788673903893_1451303718862454784_n.jpg

 

90948920_2694788723903888_5596527426764013568_n.jpg

Read times
Rate this item
(0 votes)