Local News



မြန်မာ-ထိုင်းမှ အိန္ဒိယသို့ ကီလိုမီတာ ၃၀၀၀ ခန့်ရှိသော လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်မည်

မြန်မာ-ထိုင်းမှ အိန္ဒိယသို့ ကီလိုမီတာ ၃၀၀၀ ခန့်ရှိသော လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်မည် Google

BIMSTEC အဖွဲ့အစည်းက မြန်မာ-ထိုင်းမှ အိန္ဒိယသို့ ကီလိုမီတာ ၃၀၀၀ ခန့်ရှိသော လျှပ်စစ်ဓာတ်အားလိုင်းများ ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

အဆိုပါကိစ္စကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီး၏ စွမ်းအင်ကဏ္ဍအကြံပေးပုဂ္ဂိုလ် Dr Tawfiq-E-Elahi Chowdhury မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒါကာမှာ ကျင်းပတဲ့ BIMSTEC ရဲ့ စွမ်းအင်ဆိုင်ရာညီလာခံဖွင့်ပွဲအခမ်းအနားမှာ ကြေငြာခဲ့ခြင်းဖြစ်ပါတယ်။

၎င်းက အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းဆက်သွယ်မှုမှာ အဖွဲ့ဝင်နိုင်ငံများ၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်နှင့် ထောက်ပံ့ပေးမှုအခြေအနေကို ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ပစ္စည်းများကိုဝယ်ယူနိုင်သည့်လုပ်ငန်း (၂၆၄၂) ခုကို ရှာရန်နှိပ်ပါ

ထို့ပြင် လျှပ်စစ်ဓာတ်အားဈေးနှုန်းများ ကျဆင်းသွားခြင်းနှင့် ဓာတ်အားမပြတ်တောက်ခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့်လည်း အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း Dr. Elahi က ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အာရှအခြေခံအဆေက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့က အဆိုပါ BIMSTEC ၏ ဒေသတွင်းလျှပ်စစ်ဓာတ်အားလိုင်းမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း သိရပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများက ၂၀၁၈ ခုနှစ်မှာ ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားလိုင်းတည်ဆောက်ရန် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ပါတယ်။

BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဆိုသည်မှာ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ဆရီလန်းကားနှင့် ထိုင်း စသည့် နိုင်ငံ (၇) နိုင်ငံဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါတယ်။

Read More >>> ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် ကုမ္ပဏီ (၅) ခုနှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး

Ref: DD News
Myanmar Industry Directory

 

<<<Zawgyi>>>

ျမန္မာ-ထုိင္းမွ အိႏိၵယသုိ႔ ကီလိုမီတာ ၃၀၀၀ ခန္႔ရွိေသာ လွ်ပ္စစ္ဓာတ္အားလုိင္း ခ်ိတ္ဆက္မည္

BIMSTEC အဖြဲ႔အစည္းက ျမန္မာ-ထုိင္းမွ အိႏိၵယသို႔ ကီလိုမီတာ ၃၀၀၀ ခန္႔ရွိေသာ လ်ွပ္စစ္ဓာတ္အားလုိင္းမ်ား ခ်ိတ္ဆက္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

အဆုိပါကိစၥကို ဘဂၤလားေဒ့ရွ္ဝန္ႀကီး၏ စြမ္းအင္က႑အႀကံေပးပုဂၢိဳလ္ Dr Tawfiq-E-Elahi Chowdhury မွ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ဒါကာမွာ က်င္းပတဲ့ BIMSTEC ရဲ႕ စြမ္းအင္ဆုိင္ရာညီလာခံဖြင့္ပြဲအခမ္းအနားမွာ ေၾကျငာခဲ့ျခင္းျဖစ္ပါတယ္။

၎က အဆုိပါ လွ်ပ္စစ္ဓာတ္အားလုိင္းဆက္သြယ္မႈမွာ အဖြဲ႔ဝင္ႏုိင္ငံမ်ား၏ လ်ွပ္စစ္ ဓာတ္အားလိုအပ္ခ်က္ႏွင့္ ေထာက္ပံ့ေပးမႈအေျခအေနကို ျဖည့္ဆည္းေပးျခင္းျဖင့္ စြမ္းေဆာင္ရည္ပိုမိုေကာင္းမြန္ေစမွာျဖစ္ေၾကာင္း ေျပာၾကားခ့ဲပါတယ္။

လွ်ပ္စစ္ပစၥည္းမ်ားကိုဝယ္ယူႏုိင္သည့္လုပ္ငန္း (၂၆၄၂) ခုကို ရွာရန္ႏွိပ္ပါ

ထုိ႔ျပင္ လွ်ပ္စစ္ဓာတ္အားေစ်းႏႈန္းမ်ား က်ဆင္းသြားျခင္းနွင့္ ဓာတ္အားမျပတ္ေတာက္ျခင္းတို႔ေၾကာင့္ သံုးစြဲသူမ်ားအေနျဖင့္လည္း အက်ိဳးေက်းဇူးမ်ား ရရွိလာမွာျဖစ္ေၾကာင္း Dr. Elahi က ဆုိပါတယ္။

အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ႏွင့္ အာရွအေျခခံအေဆက္အအံုရင္းႏီွးျမွဳပ္ႏွံမႈဘဏ္ (AIIB) တုိ႔က အဆုိပါ BIMSTEC ၏ ေဒသတြင္းလ်ွပ္စစ္ဓာတ္အားလုိင္းမွာ ရင္းႏွီးျမွဳပ္ႏွံရန္ စိတ္ဝင္စားေၾကာင္း သိရပါတယ္။

BIMSTEC အဖြဲ႔ဝင္ႏုိင္ငံမ်ားက ၂၀၁၈ ခုႏွစ္မွာ ေဒသဆုိင္ရာ လွ်ပ္စစ္ဓာတ္အားလုိင္းတည္ေဆာက္ရန္ နားလည္မႈစာခြ်န္လႊာလက္မွတ္ ေရးထုိးခဲ့ပါတယ္။

BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဆုိသည္မွာ ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားမွ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏိၵယ၊ ျမန္မာ၊ နီေပါ၊ ဆရီလန္းကားႏွင့္ ထုိင္း စသည့္ ႏုိင္ငံ (၇) ႏုိင္ငံျဖင့္ ဖြဲ႔စည္းထားေသာ ႏုိင္ငံတကာအဖြဲ႔အစည္းျဖစ္ၿပီး စီးပြားေရးလ်င္ျမန္စြာ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ ေဒသတြင္းပူးေပါင္းေဆာင္ရြက္မႈကို ျမွင့္တင္ရန္ ရည္ရြယ္ပါတယ္။

Ref: DD News
Myanmar Industry Directory

Read times
Rate this item
(0 votes)