Local News



ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် ကုမ္ပဏီ (၅) ခုနှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး

ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် ကုမ္ပဏီ (၅) ခုနှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး Google

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းရှိ ကုမ္ပဏီ (၅) ခုတို့ကြား ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က ဆွေးနွေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ဆွေးနွေးခဲ့သည့် ကုမ္ပဏီများမှာ Asia Might Co., Ltd.၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd.၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd တို့ဖြစ်ပြီး ၎င်းကုမ္ပဏီများမှာ ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လက်အောက်ခံကုမ္ပဏီများဖြစ်ပြီး ဝန်ကြီးဌာနကိုယ်စား မြို့နယ်အလိုက် ဝန်ဆောင်မှုပေးနေခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်နေတာဖြစ်ပါတယ်။

လေအေးပေးစက်များကိုဝယ်ယူနိုင်သည့်လုပ်ငန်း (၈၄၇) ခုကို ရှာရန်နှိပ်ပါ

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံခဲ့မှု အခြေအနေများ၊ သင့်လျော်သော ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ Yangon Franchise Company များဖြစ်ကြတဲ့ ကုမ္ပဏီ (၅) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

Myanmar Industry Directory

 

<<<Zawgyi>>>








Read times Last modified on Wednesday, 26 February 2020 17:00
Rate this item
(1 Vote)