Local News



ကိုရီးယားကုမ္ပဏီနှင့် ပူးပေါင်း၍ မွန်ပြည်နယ် သိမ်ဇရပ်တွင် စက်မှုဥယျာဉ် ထူထောင်ရန် ဆွေးနွေး

ကိုရီးယားကုမ္ပဏီနှင့် ပူးပေါင်း၍ မွန်ပြည်နယ် သိမ်ဇရပ်တွင် စက်မှုဥယျာဉ် ထူထောင်ရန် ဆွေးနွေး Google

မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံ မြေဧက ၉၀၀ ကျော်တွင် Industrial Complex (စက်မှုဥယျာဉ်) ထူထောင်ရန်

ကိုရီးယားနိုင်ငံမှ Ko-rea Industrial Complex Co., Ltd နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းနေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့မှာ ပြောကြားခဲ့ပါတယ်။

Synthetic Leather လုပ်ငန်း (၅) ခုကို ရှာရန်နှိပ်ပါ

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နယ်ရှိ စစ်တောင်းစက္ကူစက်ဟောင်း မြေနေရာနှင့် အဆောက်အဦများကို Industrial Complex အဖြစ် သို့မဟုတ် စက်မှုလုပ်ငန်းတစ်ခုခုအတွက် ပြန်လည်အသုံးချရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဟောင်း မြေနေရာကို Industrial Complex ထူထောင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောကြားခဲ့ပါတယ်။

Read More >>> သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံမှ ချေးငွေရယူရေး လွှတ်တော်အတည်ပြု

Source: MOI
Myanmar Industry Directory

 

<<<Zawgyi>>>

ကုိရီးယားကုမၸဏီႏွင့္ ပူးေပါင္း၍ မြန္ျပည္နယ္ သိမ္ဇရပ္တြင္ စက္မႈဥယ်ာဥ္ ထူေထာင္ရန္ ေဆြးေႏြး

မြန္ျပည္နယ္ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ံု ေျမဧက ၉၀၀ ေက်ာ္တြင္ Industrial Complex (စက္မႈဥယ်ာဥ္) ထူေထာင္ရန္ ကိုရီးယားႏုိင္ငံမွ Ko-rea Industrial Complex Co., Ltd ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးညွိႏႈိုင္းေနေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာမင္းရဲပိုင္ဟိန္းက ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး နဝမေန႔မွာ ေျပာၾကားခဲ့ပါတယ္။

Synthetic Leather လုပ္ငန္း (၅) ခုကို ရွာရန္ႏွိပ္ပါ

မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) မွ ဦးလွျမင့္ (ခ) ဦးလွျမင့္သန္း၏ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕နယ္ရွိ စစ္ေတာင္းစကၠဴစက္ေဟာင္း ေျမေနရာႏွင့္ အေဆာက္အဦမ်ားကုိ Industrial Complex အျဖစ္ သုိ႔မဟုတ္ စက္မႈလုပ္ငန္းတစ္ခုခုအတြက္ ျပန္လည္အသံုးခ်ရန္ အစီအစဥ္ ရွိ/မရွိႏွင့္ စပ္လ်ဥ္းၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာမင္းရဲပိုင္ဟိန္းက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

မြန္ျပည္နယ္ အစိုးရအဖြဲ႕အေနျဖင့္ ၎တို႔၏ စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ုံေဟာင္း ေျမေနရာကို Industrial Complex ထူေထာင္ႏိုင္ေရးအတြက္ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအေနျဖင့္လည္း စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မူဝါဒ၊ လုပ္ထုံးလုပ္ နည္းမ်ားႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ေဒါက္တာမင္းရဲပိုင္ဟိန္းက ေျပာၾကားခဲ့ပါတယ္။

Source: MOI
Myanmar Industry Directory

Read times
Rate this item
(1 Vote)