Local News



SME Member Card များ လျှောက်ထားခြင်းအတွက် MPU ကတ်ဖြင့် ငွေပေးသွင်းရာတွင် သိရှိရန်

SME Member Card များ လျှောက်ထားခြင်းအတွက်  MPU ကတ်ဖြင့် ငွေပေးသွင်းရာတွင် သိရှိရန် google

SME Member Card များ လျှောက်ထားခြင်းအတွက် MPU ကတ်ဖြင့် ငွေပေးသွင်းရာတွင် သိရှိနိုင်မည့် အချက်အလက်များအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် SME Member Card များကို Online မှ လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ပြီး ကတ်ထုတ်ယူခြင်းအတွက် ဆောင်ရွက်မှုအခကြေးငွေကိုပါ e-payment စနစ်ဖြင့် ငွေပေးသွင်းနိုင်သည့် Webportal (www.msmewebportal.gov.mm) အား ရေးသားဆောင်ရွက်ပြီးဖြစ်ပါတယ်။

Synthetic Leather လုပ်ငန်းများကို ရှာရန်နှိပ်ပါ

ဒါ့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ကတ်များလျှောက်ထားနိုင်ပြီး e-commerce “ON” ထားသည့် MPU ကတ်များအပြင် Visa Master Card များဖြင့်ပါ ငွေပေးသွင်းနိုင်မှာဖြစ်ပါတယ်။

MPU ကတ်များကို အာရှစိမ်းလန်းစိုပြေရေးဘဏ် (AGD)၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် e-commerce ON ၍ SME Member Card များ လျှောက်ထားခြင်းအတွက် ငွေပေးသွင်းနိုင်ပါကြောင်း လုပ်ငန်းရှင်များ သိရှိနိုင် ပါရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သတင်းအချက်အလက် ဖြန့်ဝေထားပါတယ်။

Read More >>> စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စင်ကာပူကုမ္ပဏီတစ်ခုက နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပို့ချပေးမည်

Myanmar Industry Directory

 

<<<Zawgyi>>>







Read times
Rate this item
(0 votes)