Local News



ယခုနှစ်တွင် PTTEP က မြန်မာနှင့် မလေးရှားတွင် သဘာဝဓာတ်ငွေ့တူးဖော်ရန် ဒေါ်လာသန်း ၃၀၀ သုံးစွဲထား

PTT Exploration and Production Plc (PTTEP) က မလေးရှားနှင့် မြန်မာနိုင်ငံရှိ ရေနံတွင်းများကို ထိန်းသိမ်းပြီး ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် (၁၈) ခုကို တူးဖော်ရန် ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာသန်း (၃၀၀) သုံးစွဲခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် PTTEP ၏ ရေနံတူးဖော်ရေးလုပ်ငန်းစဉ်များမှာ ပြီးခဲ့သည့်နှစ်က ဓာတ်ငွေ့လုပ်ကွက် (၆) ခုထက် သုံးဆမြင့်တက်ခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ Chanamas Sasnanand က မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ သဘာဝဓာတ်ငွေ့လိုအပ်မှုဟာ လျင်မြန်စွာတိုးတက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လောင်စာဆီနှင့် သတ္တုတွင်းကုမ္ပဏီ (၂၂) ခုကို ရှာရန်နှိပ်ပါ

PTTEP က မလေးရှားတွင် တတိယအကြီးဆုံးရေနံတူးဖော်ရေးနှင့် ထုတ်လုပ်ရေးအော်ပရေတာဖြစ်လာပြီး ယခုနှစ်မှာတော့ ကုမ္ပဏီက မလေးရှားတွင် ဓာတ်ငွေ့လုပ်ကွက်များ ထပ်မံတူးဖော်ရန် ပြင်ဆင်နေတာဖြစ်ပါတယ်။

PTTEP အနေနဲ့ မြန်မာနိုင်ငံတွင် MOGE 3 (ကုန်းတွင်း)၊ M11 နှင့် MD-7 (ကမ်းလွန်) စတဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် (၃) ခုရှိပြီး ၎င်းလုပ်ကွက်သုံးခုကို ဇောတိက၊ ရတနာနှင့် ရဲတံခွန်တို့မှာ တူးဖော်နေတာဖြစ်ပါတယ်။ M3 စီမံကိန်းကိုတော့ အနာဂတ်ထုတ်လုပ်မှုအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ကုမ္ပဏီအနေဖြင့် စီစဉ်ထားသော စီမံကိန်းအားလုံးမှ တစ်နှစ်လျှင် ရောင်းအား (၆) ရာခိုင်နှုန်း တိုးစေရန်မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် (၄၅၀၀၀၀) စည်နှင့် ၂၀၂၄ ခုနှစ်တွင် (၄၆၇၀၀၀) စည်တူးဖော်ရန် မျှော်မှန်းထားကြောင်း Mr Chanamas က ပြောကြားခဲ့ပါတယ်။

Ref: Bangkokpost

Myanmar Industry Directory

 

<<<Zawgyi>>>

ယခုႏွစ္တြင္ PTTEP က ျမန္မာႏွင့္ မေလးရွားတြင္ သဘာဝဓာတ္ေငြ႔ တူးေဖာ္ရန္ ေဒၚလာသန္း ၃၀၀ သံုးစြဲထား

PTT Exploration and Production Plc (PTTEP) က မေလးရွားႏွင့္ ျမန္မာႏုိင္ငံရွိ ေရနံတြင္းမ်ားကို ထိန္းသိမ္းၿပီး ကမ္းလြန္သဘာဝဓာတ္ေငြ႔လုပ္ကြက္ (၁၈) ခုကို တူးေဖာ္္ရန္ ၂၀၂၀ ျပည့္ႏွစ္မွာ အေမရိကန္ေဒၚလာသန္း (၃၀၀) သံုးစြဲခဲ့ေၾကာင္း သိရပါတယ္။

ယခုႏွစ္ PTTEP ၏ ေရနံတူးေဖာ္ေရးလုပ္ငန္းစဥ္မ်ားမွာ ၿပီးခဲ့သည့္ႏွစ္က ဓာတ္ေငြ႔လုပ္ကြက္ (၆) ခုထက္ သံုးဆျမင့္တက္ခဲ့ပါတယ္။ ဘ႑ာေရးဆုိင္ရာ အႀကီးတန္းဒုတိယဥကၠ႒ Chanamas Sasnanand က မေလးရွားနဲ႔ ျမန္မာႏုိင္ငံတုိ႔မွာ သဘာဝဓာတ္ေငြ႔လုိအပ္မႈဟာ လ်င္ျမန္စြာတုိးတက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေလာင္စာဆီႏွင့္ သတၱဳတြင္းကုမၸဏီ (၂၂) ခုကို ရွာရန္ႏွိပ္ပါ

PTTEP က မေလးရွားတြင္ တတိယအႀကီးဆံုးေရနံတူးေဖာ္ေရးႏွင့္ ထုတ္လုပ္ေရးေအာ္ပေရတာျဖစ္လာၿပီး ယခုႏွစ္မွာေတာ့ ကုမၸဏီက မေလးရွားတြင္ ဓာတ္ေငြ႔လုပ္ကြက္မ်ား ထပ္မံတူးေဖာ္ရန္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

PTTEP အေနနဲ႔ ျမန္မာႏုိင္ငံတြင္ MOGE 3 (ကုန္းတြင္း)၊ M11 ႏွင့္ MD-7 (ကမ္းလြန္) စတဲ့သဘာဝဓာတ္ေငြ႔လုပ္ကြက္ (၃) ခုရွိၿပီး ၎လုပ္ကြက္သံုးခုကို ေဇာတိက၊ ရတနာႏွင့္ ရဲတံခြန္တို႔မွာ တူးေဖာ္ေနတာျဖစ္ပါတယ္။ M3 စီမံကိန္းကိုေတာ့ အနာဂတ္ထုတ္လုပ္မႈအတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ကုမၸဏီအေနျဖင့္ စီစဥ္ထားေသာ စီမံကိန္းအားလံုးမွ တစ္ႏွစ္လွ်င္ ေရာင္းအား (၆) ရာခိုင္နႈန္း တုိးေစရန္ေမွ်ာ္မွန္းထားၿပီး ၂၀၂၂ ခုႏွစ္တြင္ (၄၅၀၀၀၀) စည္ႏွင့္ ၂၀၂၄ ခုႏွစ္တြင္ (၄၆၇၀၀၀) စည္တူးေဖာ္ရန္ ေမွ်ာ္မွန္းထားေၾကာင္း Mr Chanamas က ေျပာၾကားခဲ့ပါတယ္။

Ref: Bangkokpost

Read times Last modified on Friday, 14 February 2020 17:49
Rate this item
(1 Vote)