Local News



စွန့်ပစ်အမှိုက်မှတဆင့် CNG ထုတ်လုပ်မည့် စက်ရုံကို ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်မည်

စွန့်ပစ်အမှိုက်မှတဆင့် CNG ထုတ်လုပ်မည့် စက်ရုံကို ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်မည် google

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှတဆင့် သဘာဝဓာတ်ငွေ့ CNG ထုတ်လုပ်မည့်

စက်ရုံကို ဇူလိုင်လတွင် စတင်တည်ဆောက်မှာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါစီမံကိန်းမှ CNG အပါအဝင် စွမ်းအားပြည့်လောင်စာ၊ Liquid Co2၊ ဓာတ်မြေသြဇာ စသည်တို့ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ချေးငွေရရှိရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆွေးနွေးရာ အများစုက ထောက်ခံသဖြင့် ဇန်နဝါရီလ ၃၁ ရက်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ၎င်းအတွက် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်မှာဖြစ်ပြီး စက်ရုံကို ပိုလန်နည်းပညာ အသုံးပြုကာတည်ဆောက်မှာဖြစ်ပါတယ်။

ကေဘယ်လ်နှင့် ဝါယာကြိုးများကိုဝယ်ယူနိုင်သည့် လုပ်ငန်း (၁၅၉) ခုကို ရှာရန်နှိပ်ပါ

အဆိုပါစက်ရုံ တည်ဆောက်ပြီးပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အသုံးပြုပြေးဆွဲနေသောယာဉ်များအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကာ တစ်ရက်လျှင် ဓာတ်ငွေ့တန်ချိန် ၃၀ ကို Dispenser Unit ဖြင့် အသုံးပြုယာဉ်အားလုံးသို့ တိုက်ရိုက်ရောင်းချခြင်းအပြင် အုတ်စက်ရုံ၊ အစားအသောက်ထုတ်လုပ်သည့် စက်ရုံများသို့လည်း တိုက်ရိုက်ရောင်းချရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း သိရပါတယ်။

"စီမံကိန်းကို ပိုလန်နိုင်ငံရဲ့ ချေးငွေ ယူရိုသန်း ၅၀ နဲ့ဆောင်ရွက်မှာပါ။ ဒီငွေကို ပြန်ဆပ်ရမယ့်ကာလက ဆိုင်းငံ့ကာလငါးနှစ်၊ ချေးငွေဆပ်ရမယ့်ကာလ ၆၂ နှစ် စုစုပေါင်း ၆၇ နှစ်ပါ။ အတိုးနှုန်းက (သုည ဒသမ ၁) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ CNG အသုံးပြုသွားလာနေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အတွက် ဒီစက်ရုံကနေ ထုတ်လုပ်ရောင်းချပေးမှာပါ။ စီမံကိန်းကနေ ရရှိလာမယ့်ဝင်ငွေက တစ်နှစ်ကို စုစုပေါင်း ယူရိုကိုးသိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်" လို့ ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့်ထွက်ရှိနေသည့်အနက် အမှိုက်တန်ချိန် ၁၀၀၀ မှ CNG စတင်ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

Read More >>> Wärtsilä ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုအတွက် ပစ္စည်းကိရိယာများ ပို့ဆောင်ပေးမည်

Source: Myawady

 

>>>Zawgyi<<<

စြန္႔ပစ္အမႈိက္မွတဆင့္ CNG ထုတ္လုပ္မည့္ စက္႐ံုကို ဇူလုိင္လတြင္ စတင္အေကာင္အထည္ေဖာ္မည္

ရန္ကုန္တုိင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ ထိန္ပင္အမိႈက္ပံုရွိ စြန္႔ပစ္အမႈိက္မ်ားမွတဆင့္ သဘာဝဓာတ္ေငြ႔ CNG ထုတ္လုပ္မည့္စက္႐ံုကို ဇူလုိင္လတြင္ စတင္တည္ေဆာက္မွာျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန ဒုတိယဌာနမွဴး ေဒါက္တာေအာင္ျမင့္ေမာ္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

အဆုိပါစီမံကိန္းမွ CNG အပါအဝင္ စြမ္းအားျပည့္ေလာင္စာ၊ Liquid Co2၊ ဓာတ္ေျမၾသဇာ စသည္တို႔ကို ထုတ္လုပ္ေပးႏုိင္မွာျဖစ္ၿပီး ေခ်းေငြရရွိရန္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပေဆြးေႏြးရာ အမ်ားစုက ေထာက္ခံသျဖင့္ ဇန္နဝါရီလ ၃၁ ရက္က အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ၎အတြက္ စက္႐ံုတည္ေဆာက္ေရးလုပ္ငန္းမ်ား အျမန္ဆံုးေဆာင္ရြက္မွာျဖစ္ၿပီး စက္႐ံုကို ပိုလန္နည္းပညာ အသံုးျပဳကာတည္ေဆာက္မွာျဖစ္ပါတယ္။

ေကဘယ္လ္ႏွင့္ ဝါယာႀကိဳးမ်ားကိုဝယ္ယူႏုိင္သည့္ လုပ္ငန္း (၁၅၉) ခုကို ရွာရန္ႏွိပ္ပါ

အဆုိပါစက္႐ံု တည္ေဆာက္ၿပီးပါက ရန္ကုန္တိုင္းေဒသႀကီးအတြင္း CNG အသံုးျပဳေျပးဆြဲေနေသာယာဥ္မ်ားအတြက္ အေထာက္အကူျပဳႏုိင္မွာျဖစ္ကာ တစ္ရက္လွ်င္ ဓာတ္ေငြ႔တန္ခ်ိန္ ၃၀ ကုိ Dispenser Unit ျဖင့္ အသံုးျပဳယာဥ္အားလံုးသို႔ တိုက္႐ိုက္ေရာင္းခ်ျခင္းအျပင္ အုတ္စက္႐ံု၊ အစားအေသာက္ထုတ္လုပ္သည့္ စက္႐ံုမ်ားသို႔လည္း တုိက္႐ိုက္ေရာင္းခ်ရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနႏွင့္ ညွိႏႈိင္းထားေၾကာင္း သိရပါတယ္။

"စီမံကိန္းကုိ ပုိလန္ႏုိင္ငံရဲ႕ ေခ်းေငြ ယူ႐ိုသန္း ၅၀ နဲ႔ေဆာင္ရြက္မွာပါ။ ဒီေငြကို ျပန္ဆပ္ရမယ့္ကာလက ဆုိင္းငံ့ကာလငါးႏွစ္၊ ေခ်းေငြဆပ္ရမယ့္ကာလ ၆၂ ႏွစ္ စုစုေပါင္း ၆၇ ႏွစ္ပါ။ အတုိးႏႈန္းက (သုည ဒသမ ၁) ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ CNG အသံုးျပဳသြားလာေနတဲ့ သယ္ယူပို႔ေဆာင္ေရးယာဥ္အတြက္ ဒီစက္႐ံုကေန ထုတ္လုပ္ေရာင္းခ်ေပးမွာပါ။ စီမံကိန္းကေန ရရွိလာမယ့္ဝင္ေငြက တစ္ႏွစ္ကို စုစုေပါင္း ယူ႐ိုကိုးသိန္းေက်ာ္ရွိမယ္လုိ႔ ခန္႔မွန္းထားပါတယ္" လို႔ ေဒါက္တာေအာင္ျမင့္ေမာ္က ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တစ္ရက္လွ်င္ အမႈိက္တန္ခ်ိန္ ၂၅၀၀ ခန္႔ထြက္ရွိေနသည့္အနက္ အမႈိက္တန္ခ်ိန္ ၁၀၀၀ မွ CNG စတင္ထုတ္လုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။

Source: Myawady

Read times Last modified on Tuesday, 11 February 2020 10:54
Rate this item
(1 Vote)