Local News



စက်မှုဇုန်ကြီးကြပ်မှုကော်မတီများဖွဲ့စည်းကာ စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

စက်မှုဇုန်ကြီးကြပ်မှုကော်မတီများဖွဲ့စည်းကာ စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ google

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်မှုဇုန်ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းကာ စက်မှုဇုန် ၂၉ ခုကို ဇုန်အလိုက် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်နိုင်ဖို့ မြို့နယ်အဆင့် ဌာနဆိုင်ရာခြောက်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့နဲ့ စက်မှုဇုန်က တာဝန်ရှိသူငါးဦးတွေ့ဆုံပြီး စက်မှုဇုန်အလိုက်ကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းပေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဘိလပ်မြေစက်ရုံ (၅၆၄)  ခုကို ရှာရန်နှိပ်ပါ

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နာယကအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ်ပါဝင်ကာ အဖွဲ့ဝင် (၁၂) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့နောက် စက်မှုဇုန်အလိုက် ကြီးကြပ်မှုကော်မတီများဖွဲ့စည်းကာ ယနေ့အထိ စက်မှုဇုန် ၁၄ ခုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး စက်မှုဇုန်ကြီးကြပ်မှုကော်မတီအဆင့်တွင် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် ဆက်လက်တင်ပြကာ နည်းပညာပိုင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် လူမှုရေးပိုင်းတို့ဖြင့် စဉ်ဆက်မပြတ်တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက သန်လျင်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

Source: Myawady

Myanmar Industry Directory

 

>>>Zawgyi<<<






Source: Myawady

Read times
Rate this item
(0 votes)