Local News



နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြခဲ့သော ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်

နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြခဲ့သော ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည် google

MyCO တွင် ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ၆ လအတွင်း နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြခဲ့သော

ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) ပြုလုပ်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် (၁.၈.၂၀၁၈) မှ (၁၅.၁.၂၀၂၀) ရက်နေ့ထိ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ စုစုပေါင်း (၆၇,၃၆၇) တွင် ကုမ္ပဏီ (၇,၆၃၇) သည် ဆိုင်းငံ့ (Suspended) အခြေအနေတွင် ရောက်ရှိနေကြောင်း သိရပါတယ်။

သို့ဖြစ်ပါ၍ မိမိကုမ္ပဏီ၏ Company Status တွင် Suspended ဖြစ်/မဖြစ်ကို အမြန်ဆုံး စစ်ဆေးပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန် အသိပေးထားပါတယ်။

အဆိုပါဆိုင်းငံ့ ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ MyCO တွင် ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့် နေ့မှ ၆ လအတွင်း နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲဖော်ပြသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာထားပါတယ်။

83246745_1290311491161193_5799821045066104832_n.jpg

 

Source: DICA

Myanmar Industry Directory

 

>>>Zawgyi<<<

ႏွစ္စဥ္အစီရင္ခံစာ (Annual Return) မတင္ျပခဲ့ေသာ ကုမၸဏီမ်ားအား မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္မည္

MyCO တြင္ ဆိုင္းငံ့စာရင္း (Suspended) စတင္ေဖာ္ျပခံရသည့္ေန႔မွ ၆ လအတြင္း ႏွစ္စဥ္အစီရင္ခံစာ (Annual Return) မတင္ျပခဲ့ေသာ ကုမၸဏီမ်ားအား မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ျခင္း (Struck Off) ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ အသိေပးေၾကညာထားပါတယ္။

၂၀၁၇ ခုႏွစ္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အီလက္ထေရာနစ္ မွတ္ပုံတင္စနစ္ MyCO တြင္ (၁.၈.၂၀၁၈) မွ (၁၅.၁.၂၀၂၀) ရက္ေန႔ထိ မွတ္ပုံတင္ခဲ့သည့္ ကုမၸဏီ စုစုေပါင္း (၆၇,၃၆၇) တြင္ ကုမၸဏီ (၇,၆၃၇) သည္ ဆိုင္းငံ့ (Suspended) အေျခအေနတြင္ ေရာက္ရွိေနေၾကာင္း သိရပါတယ္။

သို႔ျဖစ္ပါ၍ မိမိကုမၸဏီ၏ Company Status တြင္ Suspended ျဖစ္/မျဖစ္ကို အျမန္ဆုံး စစ္ေဆးၿပီး ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ႏိုင္ပါရန္ အသိေပးထားပါတယ္။

အဆိုပါဆိုင္းငံ့ ကုမၸဏီမ်ားအား ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒပုဒ္မ ၄၃၀ (စ) အရ MyCO တြင္ ဆိုင္းငံ့စာရင္း (Suspended) စတင္ေဖာ္ျပခံရသည့္ ေန႔မွ ၆ လအတြင္း ႏွစ္စဥ္အစီရင္ခံစာ (Annual Return) မတင္ျပပါက System မွ Company Status တြင္ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ျခင္း (Struck Off) အျဖစ္ ေျပာင္းလဲေဖာ္ျပသြားမည္ ျဖစ္ပါေၾကာင္း အသိေပးေၾကညာထားပါတယ္။

Source: DICA

Read times Last modified on Wednesday, 29 January 2020 16:00
Rate this item
(0 votes)

Related items