Local News



တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက် တည်ဆောက်မည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက် တည်ဆောက်မည် google

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့များကို တစ်နိုင်ငံလုံးဖြန့်ဖြူးပေးနိုင်ရန်အတွက် ပိုက်လိုင်းကွန်ရက်ကို

ဖြန့်ကြက်တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

၎င်းပိုက်လိုင်းများက သဘာဝဓာတ်ငွေ့သာမက LNG (သဘာဝဓာတ်ငွေ့ရည်) များ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် တည်ဆောက်ရေးပင်မစီမံကိန်း (Master plan) ရေးဆွဲရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းသည့် ဒေသများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက် A-6 က ရေနက်ပိုင်းမှ သဘာဝဓာတ်ငွေ့ကို စတင်ထုတ်လုပ်မှာဖြစ်ပြီး ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်များကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကုန်းတွင်းလုပ်ကွက်များတွင် အထွက်နှုန်းကျဆင်းနေခြင်းသဖြင့် ခေတ်မှီနည်းပညာများကို အသုံးချကာ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

Read More >>> ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက သန်လျင်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

Myanmar Industry Directory

 

>>>Zawgyi<<<

တစ္နိုင္ငံလံုးအတိုင္းအတာျဖင့္ ျဖန္႔ျဖဴးေပးႏိုင္မည့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းကြန္ရက္ တည္ေဆာက္မည္

ျမန္မာႏိုင္ငံအတြင္း ထုတ္လုပ္ေနသည့္ သဘာဝဓာတ္ေငြ႔မ်ားကို တစ္ႏိုင္ငံလံုးျဖန္႔ျဖဴးေပးႏိုင္ရန္အတြက္ ပိုက္လိုင္းကြန္ရက္ကို ျဖန္႔ၾကက္တည္ေဆာက္ႏိုင္ရန္ လိုအပ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခုိင္က လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ စြမ္းအင္က႑ႏွင့္ပတ္သက္ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမသံုးလပတ္လုပ္ငန္းညွိႏႈိင္းအစည္းအေဝးမွာ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

၎ပိုက္လိုင္းမ်ားက သဘာဝဓာတ္ေငြ႔သာမက LNG (သဘာဝဓာတ္ေငြ႔ရည္) မ်ား ျဖန္႔ျဖဴးေပးႏိုင္ရန္ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ တစ္ႏိုင္ငံလံုးသို႔ ျဖန္႔ျဖဴးေပးႏုိင္မည့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကြန္ရက္ တည္ေဆာက္ေရးပင္မစီမံကိန္း (Master plan) ေရးဆြဲရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ရန္ အေျခအေနေကာင္းသည့္ ေဒသမ်ားကို ဦးစားေပးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္။

လာမည့္ ၂၀၂၃ ခုႏွစ္တြင္ ကမ္းလြန္လုပ္ကြက္ A-6 က ေရနက္ပို္င္းမွ သဘာဝဓာတ္ေငြ႔ကို စတင္ထုတ္လုပ္မွာျဖစ္ၿပီး ျပည္တြင္းသဘာဝဓာတ္ေငြ႕ လိုအပ္ခ်က္မ်ားကို တစ္စိတ္တစ္ပိုင္း ျဖည့္တင္းေပးႏိုင္မွာ ျဖစ္ပါတယ္။

ကုန္းတြင္းလုပ္ကြက္မ်ားတြင္ အထြက္ႏႈန္းက်ဆင္းေနျခင္းသျဖင့္ ေခတ္မွီနည္းပညာမ်ားကို အသံုးခ်ကာ အထြက္ႏႈန္းတိုးတက္ေအာင္ ေဆာင္ရြက္မွာျဖစ္ေၾကာင္း သိရပါတယ္။

Read times
Rate this item
(1 Vote)