Local News



ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ myanmaralinn

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက်က ကျောက်တန်းမြို့နယ် ကမာကလုတ်ကျေးရွာနဲ့ ကရင်ချောင် ရွာအနီး ဖွင့်လှစ်တဲ့ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်မှုဇုန် ၂၉ ခုရှိနေပြီး သီလဝါအထူးစီးပွားရေးဇုန်ကိုလည်း ဆောင်ရွက်လျက်ရှိကာ ယခုထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ကြိုးစားနေကြောင်း သိရပါတယ်။

လက်ရှိ ဖော်ဆောင်ရန် ကြိုးစားနေတဲ့ အထူးစီးပွားရေးဇုန်သစ်နေရာမှာ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ထိစပ်လျက်ရှိသည့် ဧရိယာဖြစ်ကြောင်း၊ အဆိုပါနေရာတွင် မြေဧကသောင်းချီရှိနေပြီး အထူးစီးပွားရေးဇုန်အပြင် ရေနက်ဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရန် အလားအလာကို လေ့လာလျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်က မြေပြင်လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ထဲက ဆိပ်ကမ်းတွေ ပင်လယ်ဝရွှေ့ဖို့အတွက် ကော့မှူးမြို့နယ်အပိုင် သရက်တောရွာဘက်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်ဖို့လည်း ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့ပြင် ရန်ကုန်မြို ၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်တဲ့ ထန်းတပင်၊ လှည်းကူးမြို့နယ်တွေမှာ စက်မှုဇုန် ၁၁ ခုခန့် ဖော်ဆောင်မှာဖြစ်ပြီး သန်လျင်နဲ့ ကျောက်တန်းမြို့နယ်တွေမှာတော့ စက်မှုဇုန်တွေ ထပ်မံဖော်ဆောင်ဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့ကို အပေါ်စီးက ကြည့်တဲ့အခါ ရန်ကုန်မြစ်၏ အနောက်ဘက်ခြမ်းတွင် လယ်ကွင်းများ အများအပြားရှိနကြောင်း၊ ၎င်းလယ်ကွင်းများမှာ ဆားငန်ရေဝင်ရောက်သည့် ဧရိယာများသည့်အတွက် စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းစွာ မလုပ်နိုင်သော အနေအထားဖြစ်ကြောင်း၊

ဒါ့ကြောင့် ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ထိစပ်နေသည့် မြေဧရိယာပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Source: Myanmar Alinn Daily

Myanmar Industry Directory

 

>>>Zawgyi<<<

ရန္ကုန္တိုင္းေဒသႀကီးတြင္ အထူးစီးပြားေရးဇုန္တစ္ခု ထပ္မံေဖာ္ထုတ္ရန္ ေဆာင္႐ြက္လ်က္ရွိ

ရန္ကုန္တိုင္းေဒသႀကီးတြင္ အထူးစီးပြားေရးဇုန္တစ္ခု ထပ္မံေဖာ္ထုတ္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဇန္နဝါရီ ၆ ရက္က ေက်ာက္တန္းၿမိဳ႕နယ္ ကမာကလုတ္ေက်း႐ြာနဲ႔ ကရင္ေခ်ာင္ ႐ြာအနီး ဖြင့္လွစ္တဲ့ ဓာတ္အားခြဲ႐ုံသစ္ဖြင့္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္ စက္မႈဇုန္ ၂၉ ခုရွိေနၿပီး သီလဝါအထူးစီးပြားေရးဇုန္ကိုလည္း ေဆာင္႐ြက္လ်က္ရွိကာ ယခုထပ္မံ၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အထူးစီးပြားေရးဇုန္တစ္ခု အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားေနေၾကာင္း သိရပါတယ္။

လက္ရွိ ေဖာ္ေဆာင္ရန္ ႀကိဳးစားေနတဲ့ အထူးစီးပြားေရးဇုန္သစ္ေနရာမွာ ဒလ၊ ေကာ့မွဴး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားႏွင့္ ထိစပ္လ်က္ရွိသည့္ ဧရိယာျဖစ္ေၾကာင္း၊ အဆိုပါေနရာတြင္ ေျမဧကေသာင္းခ်ီရွိေနၿပီး အထူးစီးပြားေရးဇုန္အျပင္ ေရနက္ဆိပ္ကမ္းတစ္ခု ေဖာ္ေဆာင္ႏိုင္ရန္ အလားအလာကို ေလ့လာလ်က္ရွိေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ရက္က ေျမျပင္ေလ့လာဆန္းစစ္မႈေတြ ေဆာင္ရြက္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ထဲက ဆိပ္ကမ္းေတြ ပင္လယ္ဝေရႊ႕ဖို႔အတြက္ ေကာ့မွဴးၿမိဳ႕နယ္အပိုင္ သရက္ေတာရြာဘက္ကုိ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ဆိပ္ကမ္းသစ္တစ္ခုတည္ေဆာက္ဖုိ႔လည္း ေဆာင္ရြက္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ဒါ့ျပင္ ရန္ကုန္ၿမိဳ ၏ ဆင္ေျခဖုံးၿမိဳ႕နယ္မ်ားျဖစ္တဲ့ ထန္းတပင္၊ လွည္းကူးၿမိဳ႕နယ္ေတြမွာ စက္မႈဇုန္ ၁၁ ခုခန႔္ ေဖာ္ေဆာင္မွာျဖစ္ၿပီး သန္လ်င္နဲ႔ ေက်ာက္တန္းၿမိဳ႕နယ္ေတြမွာေတာ့ စက္မႈဇုန္ေတြ ထပ္မံေဖာ္ေဆာင္ဖုိ႔ ညွိႏႈိင္းေနေၾကာင္း သိရပါတယ္။

တိုင္းေဒသႀကီးအစိုးရအေနန႔ဲ ရန္ကုန္ၿမိဳ႕ကို အေပၚစီးက ၾကည့္တဲ့အခါ ရန္ကုန္ျမစ္၏ အေနာက္ဘက္ျခမ္းတြင္ လယ္ကြင္းမ်ား အမ်ားအျပားရွိနေၾကာင္း၊ ၎လယ္ကြင္းမ်ားမွာ ဆားငန္ေရဝင္ေရာက္သည့္ ဧရိယာမ်ားသည့္အတြက္ စိုက္ပ်ိဳးေရးေအာင္ျမင္ျဖစ္ထြန္းစြာ မလုပ္ႏိုင္ေသာ အေနအထားျဖစ္ေၾကာင္း၊

ဒါ႔ေၾကာင့္ ဒလ၊ ေကာ့မွဴး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားႏွင့္ ထိစပ္ေနသည့္ ေျမဧရိယာေပၚတြင္ အထူးစီးပြားေရးဇုန္တစ္ခု ထပ္မံေဖာ္ထုတ္ႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။


Source: Myanmar Alinn Daily

Read times
Rate this item
(0 votes)