Local News



စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်း လုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်

စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်း လုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် စတင်လျှောက်ထားနိုင်မည် google

မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှာ ဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်း လုပ်ငန်းများ

(Business Visa Extension) ကို ဖေဖော်ဝါရီလမှစကာ Online Application form အသုံးပြုပြီး စတင်လျှောက်ထားနိုင်မှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စား ကုန်သွယ်မှုလုပ်ငန်းနှင့်ဆက်စပ်သည့် မြန်မာ၊ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များမှ ပညာရှင်များ၊ အကြံပေးများနဲ့ အဆင့်မြင့်နိုင်ငံခြားသား ဝန်ထမ်းများ၏ စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

လျှောက်ထားရာတွင် ယခင်က စာရွက်စာတမ်း (၁၆) မျိုး တင်ပြစေခဲ့ရာမှ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန စတင်တာဝန်ယူချိန်မှစတင်၍ Online မှ Application form ရယူဖြည့်သွင်းပြီး အထောက်အထား (၄) မျိုးသာ တင်ပြစေခြင်းဖြင့် လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။

ယခုအခါ ခေတ်စနစ်နှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး လာရောက်လျှောက်ထားသူ မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များ ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံချက်ကို Online Application Form အသုံးပြုပြီး လျှောက်ထားသည့်စနစ်ကို ၂၀၂၀ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး လာမည့်ဖေဖော်ဝါရီလမှစတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Read More >>> ဂျပန်နိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်းလေးခုအတွက် မြန်မာနိုင်ငံအား ချေးငွေဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့

Business Visa Extension ထောက်ခံချက်ကို Online မှ လျှောက်ထားနိုင်တာကြောင့် ကုမ္ပဏီများအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူလျှင်မြန်ခြင်းနှင့် ကုန်ကျစရိတ်သက်သာစေမှာဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ထောက်ခံချက် ထုတ်ယူချိန် တစ်ကြိမ်သာ လာရောက်ရမှာဖြစ်ပါတယ်။

ယခုဖြေလျော့မှုမှာ မိမိတို့ဝန်ကြီးဌာန၏ ကုန်သွယ်မှုအခက်အခဲများ ဖြေရှင်းခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမှာဖြစ်ပြီး Ease of Doing Business အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း သိရပါတယ်။

Source: Myantrade

Myanmar Industry Directory

 

>>>Zawgyi<<<

 သက္တမ္းတုိးေထာက္ခံျခင္း လုပ္ငန္းမ်ားကို အြန္လိုင္းစနစ္ျဖင့္ စတင္ေလ်ွာက္ထားႏုိင္မည္

ျမန္မာအျပည္ျပည္ဆုိင္ရာကုန္သြယ္မႈဗဟိုဌာနမွာ ေဆာင္ရြက္လ်က္ရိွတဲ့ စီးပြားေရးဗီဇာ သက္တမ္းတိုးေထာက္ခံျခင္း လုပ္ငန္းမ်ား (Business Visa Extension) ကို ေဖေဖာ္ဝါရီလမွစကာ Online Application form အသံုးျပဳၿပီး စတင္ေလွ်ာက္ထားႏုိင္မွာျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈဗဟိုဌာနက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကိုယ္စား ကုန္သြယ္မႈလုပ္ငန္းႏွင့္ဆက္စပ္သည့္ ျမန္မာ၊ ႏိုင္ငံျခားသား ဖက္စပ္ကုမၸဏီမ်ား၊ ႏိုင္ငံျခားသားပိုင္ကုမၸဏီမ်ား၊ Branch Office မ်ားမွ ပညာရွင္မ်ား၊ အႀကံေပးမ်ားနဲ႔ အဆင့္ျမင့္ႏိုင္ငံျခားသား ဝန္ထမ္းမ်ား၏ စီးပြားေရးဗီဇာ သက္တမ္းတိုး ေထာက္ခံျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလွ်က္ရွိပါတယ္။

ေလွ်ာက္ထားရာတြင္ ယခင္က စာ႐ြက္စာတမ္း (၁၆) မ်ိဳး တင္ျပေစခဲ့ရာမွ ျမန္မာအျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈဗဟိုဌာန စတင္တာဝန္ယူခ်ိန္မွစတင္၍ Online မွ Application form ရယူျဖည့္သြင္းၿပီး အေထာက္အထား (၄) မ်ိဳးသာ တင္ျပေစျခင္းျဖင့္ ေလွ်ာ့ခ်ေဆာင္႐ြက္ေပးခဲ့ပါတယ္။

ယခုအခါ ေခတ္စနစ္ႏွင့္ ပိုမိုလိုက္ေလ်ာညီေထြျဖစ္ေစၿပီး လာေရာက္ေလွ်ာက္ထားသူ ျမန္မာႏုိင္ငံသားမ်ား၊ ႏိုင္ငံျခားသားဖက္စပ္ကုမၸဏီမ်ား၊ ႏိုင္ငံျခားသားပိုင္ကုမၸဏီမ်ား၊ Branch Office မ်ား ပိုမိုအဆင္ေျပ လြယ္ကူေစေရးအတြက္ စီးပြားေရးဗီဇာ သက္တမ္းတိုး ေထာက္ခံခ်က္ကို Online Application Form အသုံးျပဳၿပီး ေလွ်ာက္ထားသည့္စနစ္ကို ၂၀၂၀ ခုႏွစ္တြင္ စတင္အသုံးျပဳႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ခဲ့ၿပီး လာမည့္ေဖေဖာ္၀ါရီလမွစတင္ အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Business Visa Extension ေထာက္ခံခ်က္ကို Online မွ ေလွ်ာက္ထားႏိုင္တာေၾကာင့္ ကုမၸဏီမ်ားအေနျဖင့္ အခ်ိန္ကုန္သက္သာျခင္း၊ လြယ္ကူလွ်င္ျမန္ျခင္းႏွင့္ ကုန္က်စရိတ္သက္သာေစမွာျဖစ္ၿပီး ကုမၸဏီမ်ားအေနျဖင့္ ေထာက္ခံခ်က္ ထုတ္ယူခ်ိန္ တစ္ႀကိမ္သာ လာေရာက္ရမွာျဖစ္ပါတယ္။

ယခုေျဖေလ်ာ့မႈမွာ မိမိတို႔ဝန္ႀကီးဌာန၏ ကုန္သြယ္မႈအခက္အခဲမ်ား ေျဖရွင္းျခင္းႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးအတြက္ တစ္ဖက္တစ္လမ္းမွ အက်ိဳးျပဳေစမွာျဖစ္ၿပီး Ease of Doing Business အတြက္လည္း အေထာက္အကူျပဳေစမွာျဖစ္ေၾကာင္း သိရပါတယ္။

Source: Myantrade

Read times Last modified on Thursday, 23 January 2020 16:31
Rate this item
(0 votes)