Local News



ဂျပန်နိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်းလေးခုအတွက် မြန်မာနိုင်ငံအား ချေးငွေဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့

ဂျပန်နိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်းလေးခုအတွက် မြန်မာနိုင်ငံအား ချေးငွေဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ google

ဂျပန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းလေးခုအတွက် မြန်မာနိုင်ငံသို့ ချေးငွေစုစုပေါင်း ယန်း (၁၂၀.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ထောက်ပံ့ပေးမှာဖြစ်ကြောင်း ဂျပန်သံရုံးမှ သိရပါတယ်။

၎င်းချေးငွေထောက်ပံ့ခြင်းအတွက် ဂျပန်နိုင်ငံဆိုင်ရာသံအမတ်ကြီး Mr Maruyama Ichiro နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဇန်နဝါရီလ ၂၁ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါချေးငွေများကို ရန်ကုန်မြို့ရှိ ရေဆိုးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ရန်ကုန်မြို့ရှိ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် စီမံကိန်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် စွမ်းအင်ဖြန့်ဖြူးမှုတိုးတက်ရေးစီမံကိန်းနှင့် ချင်း၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်များနှင့် တနသာၤရီတိုင်းတို့တွင် ဒေသတွင်း အခြေခံအဆောက်အအုံတိုးတက်မှုစီမံကိန်းများသို့ ရန်ပုံငွေများ ထောက်ပံ့ခြင်းအတွက် အသုံးပြုမှာဖြစ်ပါတယ်။

ခန့်မှန်းခြေအားဖြင့် ယန်း (၄၅၉၀၀) သန်းခန့် ကုန်ကျမည့် ရန်ကုန်မြို့ရှိ မိလ္လာစနစ်ဖွံ့ဖြိုးမှုစီမံကိန်းတွင် စွန့်ပစ်ရေသန့်စင်စက်ရုံများ တိုးချဲ့ရန်၊ မိလ္လာပိုက်များ ဆောက်လုပ်ရန်နှင့် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် နေထိုင်သော ရန်ကုန်မြို့အလယ်ပိုင်းစီးပွားရေးခရိုင်ရှိ ဒေသခံများ၏ နေထိုင်မှုအခြေအနေတိုးတက်စေရန် ရန်ပုံငွေများကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒုတိယစီမံကိန်းဖြစ်တဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်နှင့် ရန်ကုန်ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုများကို ယန်း (၂၄၀၈၅) သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့ပြင် ၎င်းစီမံကိန်းက ရေနုတ်မြောင်းများ တိုးတက်ရန်၊ ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် လမ်းဖြတ်ကူးသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုကို တားဆီးရန်နှင့် ရန်ကုန်မြို့ပတ်ရထားလမ်းကို ပြုပြင်မွမ်းမံရန် ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။

Read More >>> မြန်မာပြည်၏အကြီးမားဆုံးသော ချေးငွေပမာဏဖြင့် ရန်ကုန်ဆိပ်ကမ်း operator ကို တရားစွဲဆိုလိုက်တဲ့ KBZ

တတိယမြောက်စီမံကိန်းဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် လျှပ်စစ်ဖြန့်ဖြူးရေးတိုးတက်မှုစီမံကိန်းအတွက် ယန်း (၁၂၂၈၈) သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၎င်းစီမံကိန်းက မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးတို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ယက်ကို ပြန်လည်ပြုပြင်ရန်နှင့် ချဲ့ထွင်ရန် ရန်ပုံငွေများကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

စတုတ္ထစီမံကိန်းမြောက်စီမံကိန်းဖြစ်သည့် ချင်း၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်များနှင့် တနသာၤရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံအဆောက်အအုံများ တိုးတက်ရေးစီမံကိန်းအတွက် ရန်ပုံငွေအားဖြင့် ယန်း (၃၈၆၄၂) သန်းရရှိမည်ဟု မျှော်လင့်ထားကြောင်း သိရပါတယ်။

Source: Global New Light Of Myanmar

Myanmar Industry Directory

 

>>>Zawgyi<<<

ဂ်ပန္ႏုိင္ငံက ဖြံ႔ၿဖိဳးေရးစီမံကိန္းေလးခုအတြက္ ျမန္မာႏုိင္ငံအား ေခ်းေငြေဒၚလာ တစ္ဘီလီယံ ေထာက္ပံ့

ဂ်ပန္ႏိုင္ငံအေနျဖင့္ ဖြံ႔ၿဖိဳးေရးစီမံကိန္းေလးခုအတြက္ ျမန္မာႏုိင္ငံသုိ႔ ေခ်းေငြစုစုေပါင္း ယန္း (၁၂၀.၉) ဘီလီယံ (အေမရိကန္ေဒၚလာ ၁.၁ ဘီလီယံ) ေထာက္ပံ့ေပးမွာျဖစ္ေၾကာင္း ဂ်ပန္သံ႐ံုးမွ သိရပါတယ္။

၎ေခ်းေငြေထာက္ပံ့ျခင္းအတြက္ ဂ်ပန္ႏိုင္ငံဆုိင္ရာသံအမတ္ႀကီး Mr Maruyama Ichiro ႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတုိ႔က ဇန္နဝါရီလ ၂၁ ရက္ေန႔က ေနျပည္ေတာ္မွာ လက္မွတ္ေရးထုိးခဲ့ေၾကာင္း သိရပါတယ္။

အဆုိပါေခ်းေငြမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ေရဆုိးစနစ္ဖြံ႔ၿဖိဳးေရးစီမံကိန္း၊ ယာဥ္ေၾကာပိတ္ဆုိ႔မႈကို ေလွ်ာ့ခ်ရန္ ၿမိဳ႕ျပဖြံ႔ၿဖိဳးတိုးတက္မႈႏွင့္ ရန္ကုန္ၿမိဳ႕ရွိ ေရႀကီးမႈေၾကာင့္ ပ်က္စီးဆံုး႐ံႈးမႈမ်ားအတြက္ စီမံကိန္း၊ ရန္ကုန္ႏွင့္ မႏၱေလးတုိ႔တြင္ စြမ္းအင္ျဖန္႔ျဖဴးမႈတုိးတက္ေရးစီမံကိန္းနွင့္ ခ်င္း၊ ရခုိင္၊ မြန္၊ ကရင္ျပည္နယ္မ်ားႏွင့္ တနသာၤရီတုိင္းတို႔တြင္ ေဒသတြင္း အေျခခံအေဆာက္အအံုတိုးတက္မႈစီမံကိန္းမ်ားသို႔ ရန္ပံုေငြမ်ား ေထာက္ပံ့ျခင္းအတြက္ အသံုးျပဳမွာျဖစ္ပါတယ္။

ခန္႔မွန္းေျခအားျဖင့္ ယန္း (၄၅၉၀၀) သန္းခန္႔ ကုန္က်မည့္ ရန္ကုန္ၿမိဳ႕ရွိ မိလႅာစနစ္ဖြံ႔ၿဖိဳးမႈစီမံကိန္းတြင္ စြန္႔ပစ္ေရသန္႔စင္စက္႐ံုမ်ား တုိးခ်ဲ႕ရန္၊ မိလႅာပိုက္မ်ား ေဆာက္လုပ္ရန္ႏွင့္ ျမန္မာႏုိင္ငံရွိ လူဦးေရ၏ ၁၀ ရာခုိင္ႏႈန္းခန္႔ ေနထုိင္ေသာ ရန္ကုန္ၿမိဳ႕အလယ္ပိုင္းစီးပြားေရးခ႐ိုင္ရွိ ေဒသခံမ်ား၏ ေနထုိင္မႈအေျခအေနတုိးတက္ေစရန္ ရန္ပံုေငြမ်ားကို ေထာက္ပ့ံေပးသြားမွာျဖစ္ပါတယ္။

ဒုတိယစီမံကိန္းျဖစ္တဲ့ ၿမိဳ႕ျပဖြံ႔ၿဖိဳးတုိးတက္မႈစီမံကိန္းတြင္ ယာဥ္ေၾကာပိတ္ဆုိ႔မႈကို ေလ်ွာ့ခ်ရန္ႏွင့္ ရန္ကုန္ေရႀကီးမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားကို ယန္း (၂၄၀၈၅) သန္းခန္႔ ကုန္က်မယ္လုိ႔ ခန္႔မွန္းထားပါတယ္။ ဒါ့ျပင္ ၎စီမံကိန္းက ေရႏုတ္ေျမာင္းမ်ား တုိးတက္ရန္၊ ရန္ကုန္ၿမိဳ႕ရွိ အဓိကလမ္းမႀကီးမ်ားေပၚတြင္ လမ္းျဖတ္ကူးသည့္အခါ ယာဥ္ေၾကာပိတ္ဆုိ႔မႈကို တားဆီးရန္ႏွင့္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းကို ျပဳျပင္မြမ္းမံရန္ ေဆာင္ရြက္ျခင္းတုိ႔ ပါဝင္ပါတယ္။

တတိယေျမာက္စီမံကိန္းျဖစ္သည့္ ရန္ကုန္ႏွင့္ မႏၱေလးတုိ႔တြင္ လ်ွပ္စစ္ျဖန္႔ျဖဴးေရးတုိးတက္မႈစီမံကိန္းအတြက္ ယန္း (၁၂၂၈၈) သန္း ကုန္က်မည္ဟု ခန္႔မွန္းထားၿပီး ၎စီမံကိန္းက ျမန္မာႏုိင္ငံ၏ အဓိကစီးပြားေရးၿမိဳ႕ႀကီးမ်ားျဖစ္ေသာ ရန္ကုန္ႏွင့္ မႏၱေလးတုိ႔တြင္ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးကြန္ယက္ကုိ ျပန္လည္ျပဳျပင္ရန္ႏွင့္ ခ်ဲ႕ထြင္ရန္ ရန္ပံုေငြမ်ားကို ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

စတုတၳစီမံကိန္းေျမာက္စီမံကိန္းျဖစ္သည့္ ခ်င္း၊ ရခုိင္၊ မြန္၊ ကရင္ျပည္နယ္မ်ားႏွင့္ တနသာၤရီတိုင္းေဒသႀကီးအတြင္းရွိ အေျခခံအေဆာက္အအံုမ်ား တုိးတက္ေရးစီမံကိန္းအတြက္ ရန္ပံုေငြအားျဖင့္ ယန္း (၃၈၆၄၂) သန္းရရွိမည္ဟု ေမ်ွာ္လင့္ထားေၾကာင္း သိရပါတယ္။

Source: Global New Light Of Myanmar

Read times Last modified on Wednesday, 22 January 2020 16:51
Rate this item
(1 Vote)