Local News
JFE Meranti Myanmar မှ သီလဝါအထူူူးစီးပွားရေးဇုန်တွင် သတ္တုအလွှာအုပ်စတီး ထုတ်လုပ်မှု စတင်မည်
JFE Meranti Myanmar မှ သီလဝါအထူူူးစီးပွားရေးဇုန်တွင် သတ္တုအလွှာအုပ်စတီး ထုတ်လုပ်မှု စတင်မည် google
၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ပိုင်းတွင် JFE Meranti Myanmar Co., Ltd (JMM) မှ သတ္တုအလွှာအုပ် စတီးထုတ်ကုန်ပစ္စည်းအား စတင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ JMM မှ သီလဝါအထူးစီးပွားရေးဇုန်တွင် ဆေးအလွှာအုပ် စတီးထုတ်ကုန်ပစ္စည်းအား ထုတ်လုပ်လျက်ရှိပြီး ဆက်လက်၍ သတ္တုအလွှာအုပ် စတီးထုတ်လုပ်မှုကို လုပ်ဆောင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။
JFE MERANTI Myanmar Co., Ltd. (JMM) သည် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ပြီး ကမ္ဘာတစ်ဝန်း ရုံးခွဲမြောက်များစွာရှိသည့် ကမ္ဘာ့ထိပ်တန်း ဘက်ပေါင်းစုံစတီးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သော ဂျပန်အခြေစိုက် JFE Steel မှ ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။
စတီး(လ်) ပစ္စည်းအမျိုးမျိုး
MM ၏ ပထမဦးဆုံး မြန်မာရုံးခွဲကို ဇန်နဝါရီလ ၂၀၁၈ ခုနှစ်တွင် 4th Floor, 8 Mile Business Center ၊ Near 8 Mile Junction ၊ 95-A Kyaik Wine Pagoda Road ၊ Mayangon Township, Yangon တွင်ဖွင့်လှစ်ခဲ့ပြီး သတ္တုလွှာအုပ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း စတီးလုပ်ငန်းများကိုတော့ သီလဝါအထူးစီးပွားရေးဇုန် (B) မှာ စက်ရုံတည်ဆောက်ကာ ထုတ်လုပ်နေတာဖြစ်ပါတယ်။
JFE Meranti Myanmar Co., Ltd ထုတ်ကုန်တစ်ခုဖြစ်သော အဲဇူး ALZU ဟု အမည်ပေးထားသော စတီးထုတ်ကုန်သည် စတီး (၅၅)% ၊ အလူမီနီယံ-ဇင့် သတ္တုစပ် ကုတ်တင်အုပ်ထားပြီး အပေါ်မှာ ဆေးအရောင်အုပ်ပေးထားသည့် သတ္တုအလွှာအုပ် စတီးထုတ်ကုန်ဖြစ်ပါတယ်။
အမိုးမိုးခြင်းနှင့် နံရံကာခြင်းတို့အတွက် သုံးစွဲရန် အထူးသင့်လျော်ပါတယ်။
Screenshot 20190926 224152 com.google.android.apps.pdfviewer
ALZU စတီးထုတ်ကုန်တွင် ALZU 7 ကို အရောင် (၇) မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ရာ၌ အရောင် (၆) ရောင်ဖြင့် စတင်မှာဖြစ်ပါတယ်။ ALZU 10 ကို အရောင် (၁၀) မျိုးဖြင့် ထုတ်လုပ်မှာဖြစ်ပြီး အရောင် (၆) ရောင်ဖြင့် စတင်မှာဖြစ်ပါတယ်။
သံချေးတက်ခြင်း ကာကွယ်ရေးနှင့် အမြင့်တင့်တယ်စေရန်တို့အတွက် အကောင်းဆုံးအခြေအနေ ရရှိစေရန် ယခုလို အလူမီနီယမ်နှင့် ဇင့်သတ္တုစပ် အလွာအုပ်စနစ်ကို သုံးစွဲထားခြင်းဖြစ်ပြီး အောက်ခံစတီးကို ဇင့်သည် ပထမအဆင့် အကာအကွယ်ပေးပြီး အလူမီနီယမ်က ဒုတိယအဆင့်အဖြစ် ကာကွယ်ပေးထားပါတယ်။ သုံးစွဲထားသည့် နည်းပညာမှာ ဥရောပနည်းပညာနှင့် ဂျပန်နည်းပညာတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပါတယ်။
“အများက သိထားကြတာ သံပြားဟာ သံပြားပဲ။ သွပ်ပြားဟာ သွပ်ပြားပဲ။ အတူတူပဲလို့ ထင်ကြတယ်။ တကယ်တော့ အရည်အသွေး မြင့်တာကို သုံးစွဲရင် သက်တမ်းက ပိုကြာကြာခံတယ်။ နှစ်နှစ် သုံးနှစ်မှာ အရောင်မည်းကုန်တာမျိုး မဖြစ်ဘူး” ဟု ကုမ္ပဏီမှ VP တစ်ဦး ဖြစ်သူ Alan Ong က ပြောပါတယ်။
“ပိုက်ဆံနည်းနည်း သက်သာတာကို ဝယ်သုံးပြီး လေးငါးနှစ်ထက် ပိုမခံတာကို သုံးမလား။ ပိုက်ဆံနည်းနည်းလေး ပိုသုံးပြီး (၇) နှစ် (၁၀) နှစ် ခံတာကို သုံးမလားဆိုတာ ရွေးချယ်ရမယ်” ဟု ၎င်းက ပြောကြားပါတယ်။
Screenshot 20190926 224144 com.google.android.apps.pdfviewer
Myanmar Industry Directory
>>>Zawgyi<<<
JFE Meranti Myanmar မှ သီလဝါအထူးစီးပွားရေးဇုန်တွင် သတ္တုအလွှာအုပ်စတီး ထုတ်လုပ်မှု စတင်မည်
Read times
Rate this item
(1 Vote)