Local News



ပဲခူးတိုင်းတွင် ဟန်ဂေရီနိုင်ငံနှင့် ပူးပေါင်း၍ လျှပ်စစ်မော်တော်ကားထုတ်လုပ်ဖြန့်ဖြူးမည်

ပဲခူးတိုင်းတွင် ဟန်ဂေရီနိုင်ငံနှင့် ပူးပေါင်း၍ လျှပ်စစ်မော်တော်ကားထုတ်လုပ်ဖြန့်ဖြူးမည် google

ပြည်တွင်းရှိ Phyo Kyaw Co., Ltd နှင့် ဟန်ဂေရီနိုင်ငံမှ နည်းပညာရှင်များနှင့် ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးတွင် EV Bus Car (လျှပ်စစ်မော်တော်ကား)

ထုတ်လုပ်ဖြန့်ဖြူးပြေးဆွဲခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဇန်နဝါရီလ ၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုဖောက်ပြန်၍ ရေဘေး၊ မီးဘေး၊ ငလျင်ဒဏ် စသည့် သဘာဝဘေးဒုက္ခများ ခံစားနေကြရကြောင်း၊ ယခုအခါ သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပြတ် ပြန်လည်ဖွံ့ဖြိုးရှင်သန်နိုင်စေရန်အတွက် ဂေဟစနစ်များကို စနစ်တကျ ထိန်းသိမ်းလာနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒ့ါပြင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပြေးဆွဲခြင်းများသည် သဘာဝဂေဟစနစ် ပျက်စီးမှုကို လျော့ကျစေပြီး သယ်ယူပို့ဆောင်ရေးအတွက် အလွန်အသုံးဝင်မည်ဖြစ်ကြောင်း၊ တောင်သူအကျိုးပြု ဓာတုကင်းလွတ် သီးနှံစိုက်ခင်းများ ဖော်ဆောင်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖော်ဆောင်ရန် ရည်ရွယ်ချက်သည်လည်း ဒေသခံပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိနိုင်ပြီး စားသုံးသူများကိုလည်း ကျန်းမာရေး အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ယခုလာရောက်တင်ပြသည့် လုပ်ငန်းစဉ် (၂) ကို ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းစဉ်အသေးစိတ်အား ထပ်မံလာရောက်တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

Read More >>> Toyota က မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ကာ ပစ်ကပ်ထရပ်ကားများ စတင်ထုတ်လုပ်မည်

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ဦးလှမင်းထွဋ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန် ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Source: Bago Region Government Office

 

>>>Zawgyi<<<

ပဲခူးတိုင္းတြင္ ဟန္ေဂရီႏုိင္ငံႏွင့္ ပူးေပါင္း၍ လွ်ပ္စစ္ေမာ္ေတာ္ကားထုတ္လုပ္ျဖန္႔ျဖဴးမည္

ျပည္တြင္းရွိ Phyo Kyaw Co., Ltd ႏွင့္ ဟန္ေဂရီႏုိင္ငံမွ နည္းပညာရွင္မ်ားႏွင့္ ပူးေပါင္း၍ ပဲခူးတုိင္းေဒသႀကီးတြင္ EV Bus Car (လွ်ပ္စစ္ေမာ္ေတာ္ကား) ထုတ္လုပ္ျဖန႔္ျဖဴးေျပးဆြဲျခင္းႏွင့္ ေတာင္သူအက်ိဳးျပဳ ဓာတုကင္းလြတ္ စိုက္ခင္းမ်ား စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး ဇန္နဝါရီလ ၇ ရက္ေန႔က ပဲခူးတုိင္းေဒသႀကီးအစိုးရအဖြဲ႔႐ံုးသို႔ လာေရာက္ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါေဆြးေႏြးပြဲတြင္ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ယေန႔ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ရာသီဥတုေဖာက္ျပန္၍ ေရေဘး၊ မီးေဘး၊ ငလ်င္ဒဏ္ စသည့္ သဘာဝေဘးဒုကၡမ်ား ခံစားေနၾကရေၾကာင္း၊ ယခုအခါ သဘာဝပတ္ဝန္းက်င္ စဥ္ဆက္မျပတ္ ျပန္လည္ဖြံ႕ၿဖိဳးရွင္သန္ႏိုင္ေစရန္အတြက္ ေဂဟစနစ္မ်ားကို စနစ္တက် ထိန္းသိမ္းလာေနၾကၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒ့ါျပင္ လွ်ပ္စစ္ေမာ္ေတာ္ကား ထုတ္လုပ္ျခင္း၊ ျဖန႔္ျဖဴးျခင္းႏွင့္ ေျပးဆြဲျခင္းမ်ားသည္ သဘာဝေဂဟစနစ္ ပ်က္စီးမႈကို ေလ်ာ့က်ေစၿပီး သယ္ယူပို႔ေဆာင္ေရးအတြက္ အလြန္အသုံးဝင္မည္ျဖစ္ေၾကာင္း၊ ေတာင္သူအက်ိဳးျပဳ ဓာတုကင္းလြတ္ သီးႏွံစိုက္ခင္းမ်ား ေဖာ္ေဆာင္၍ တန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ေဖာ္ေဆာင္ရန္ ရည္႐ြယ္ခ်က္သည္လည္း ေဒသခံျပည္သူမ်ားအတြက္ တိုက္႐ိုက္အက်ိဳးရွိႏိုင္ၿပီး စားသုံးသူမ်ားကိုလည္း က်န္းမာေရး အေထာက္အကူျဖစ္ေစႏိုင္ေၾကာင္း၊ ယခုလာေရာက္တင္ျပသည့္ လုပ္ငန္းစဥ္ (၂) ကို ႀကိဳဆိုပါေၾကာင္းႏွင့္ လုပ္ငန္းစဥ္အေသးစိတ္အား ထပ္မံလာေရာက္တင္ျပေပးေစလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အခမ္းအနားသို႔ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း၊ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမွဴး၊ ဦးလွမင္းထြဋ္၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးအဆင့္ ဌာနဆိုင္ရာမ်ား၊ Phyo Kyaw Co., Ltd မွ Corporate Executive Manager ဦးမင္းရွိန္ ဦးေဆာင္ေသာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

Source: Bago Region Government Office

Read times
Rate this item
(1 Vote)