Local News



Toyota က မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ကာ ပစ်ကပ်ထရပ်ကားများ စတင်ထုတ်လုပ်မည်

Toyota က မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ကာ ပစ်ကပ်ထရပ်ကားများ စတင်ထုတ်လုပ်မည် google

တိုယိုတာမော်တာကော်ပိုရေးရှင်းက မြန်မာနိုင်ငံမှာ ပထမဆုံးမော်တော်ယာဉ်တပ်ဆင်သည့် စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစကာ Hilux ပစ်ကပ်ကုန်တင်ယာဉ်များ ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်မှာ ဒေါ်လာ (၅၂.၆) သန်း (ယန်း ၅.၇ ဘီလီယံ) တန်ဖိုးရှိ စက်ရုံအသစ်တစ်ရုံတည်ဆောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ၏ လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်မှာ မော်တော်ယာဉ်အသစ်များ ဝယ်လိုအားမြင့်မားစွာရှိတာကြောင့် တိုယိုတာက နှစ်စဉ် ကုန်တင်ယာဉ် (၂၅၀၀) ခန့် ထုတ်လုပ်ရန် ဝန်ထမ်း (၁၃၀) ခန့်ကို ခန့်အပ်သွားမှာဖြစ်ပါတယ်။

ယာဉ်အပိုအစိတ်အပိုင်းများ

တိုယိုတာက မြန်မာနိုင်ငံရှိ ဖောက်သည်များ၏ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းရန် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း မော်တော်ကားထုတ်လုပ်သူက ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံမော်တော်ယာဉ်များအသင်း၏ အဆိုအရ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ်များ၏ ရောင်းအားမှာ ယခင်နှစ်ကထက် ၂၀၁၈ ခုနှစ်တွင် ၁၇၅၀၀ စီးရေသို့ နှစ်ဆမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသို့ ကားများတင်ပို့ရောင်းချနေတဲ့ တိုယိုတာက နိုင်ငံရဲ့ ကားဈေးကွက်ကို ထပ်မံတိုးချဲ့ရန် မျှော်လင့်ချက်များအရ ပြည်တွင်းထုတ်လုပ်မှုကို စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် တစ်ပတ်ရစ်ကားများတင်သွင်းမှုကို တင်းကျပ်စွာတားမြစ်ထားခြင်းကြောင့်လည်း နိုင်ငံအတွင်းရှိ မော်တော်ယာဉ်အသစ်များ ဝယ်လိုအားကို မြင့်တက်လာစေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသို့ တင်သွင်းတဲ့ ကားများအပေါ် အခွန်အခများကောက်ခံခြင်းနဲ့ ကန့်သတ်ချက်များကြောင်း တိုယိုတာက ၎င်းရဲ့ကားများကို ပြည်တွင်းမှာသာ ထုတ်လုပ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

Ref: https://www.japantimes.co.jp

Myanmar Industry Directory

 

>>>Zawgyi<<<

Toyota က ျမန္မာႏိုင္ငံတြင္ စက္႐ံုတည္ေဆာက္ကာ ပစ္ကပ္ထရပ္ကားမ်ား စတင္ထုတ္လုပ္မည္

တိုယိုတာေမာ္တာေကာ္ပိုေရးရွင္းက ျမန္မာႏိုင္ငံမွာ ပထမဆံုးေမာ္ေတာ္ယာဥ္တပ္ဆင္သည့္ စက္႐ံုတည္ေဆာက္ၿပီး ၂၀၂၁ ခုနွစ္ ေဖေဖာ္ဝါရီလမွစကာ Hilux ပစ္ကပ္ကုန္တင္ယာဥ္မ်ား ထုတ္လုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။

ကုမၸဏီက သီလဝါအထူးစီးပြားေရးဇုန္မွာ ေဒၚလာ (၅၂.၆) သန္း (ယန္း ၅.၇ ဘီလီယံ) တန္ဖိုးရွိ စက္႐ံုအသစ္တစ္႐ံုတည္ေဆာက္ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ ျမန္မာနိုင္ငံ၏ လ်င္ျမန္ေသာ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈေနာက္ကြယ္မွာ ေမာ္ေတာ္ယာဥ္အသစ္မ်ား ဝယ္လုိအားျမင့္မားစြာရွိတာေၾကာင့္ တိုယိုတာက ႏွစ္စဥ္ ကုန္တင္ယာဥ္ (၂၅၀၀) ခန္႔ ထုတ္လုပ္ရန္ ဝန္ထမ္း (၁၃၀) ခန္႔ကို ခန္႔အပ္သြားမွာျဖစ္ပါတယ္။

တိုယိုတာက ျမန္မာႏုိင္ငံရွိ ေဖာက္သည္မ်ား၏ လုိအပ္ခ်က္မ်ားကို ဆက္လက္ျဖည့္ဆည္းရန္ ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈမ်ားကို ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ေမာ္ေတာ္ကားထုတ္လုပ္သူက ေၾကျငာခဲ့ပါတယ္။

ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္မ်ားအသင္း၏ အဆိုအရ ျမန္မာႏုိင္ငံတြင္ ေမာ္ေတာ္ယာဥ္အသစ္မ်ား၏ ေရာင္းအားမွာ ယခင္ႏွစ္ကထက္ ၂၀၁၈ ခုႏွစ္တြင္ ၁၇၅၀၀ စီးေရသုိ႔ ႏွစ္ဆျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏုိင္ငံသို႔ ကားမ်ားတင္ပို႔ေရာင္းခ်ေနတဲ့ တိုယိုတာက ႏိုင္ငံရဲ႕ ကားေစ်းကြက္ကို ထပ္မံတုိးခ်ဲ႕ရန္ ေမွ်ာ္လင့္ခ်က္မ်ားအရ ျပည္တြင္းထုတ္လုပ္မႈကို စတင္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏုိင္ငံတြင္ တစ္ပတ္ရစ္ကားမ်ားတင္သြင္းမႈကို တင္းက်ပ္စြာတားျမစ္ထားျခင္းေၾကာင့္လည္း ႏုိင္ငံအတြင္းရွိ ေမာ္ေတာ္ယာဥ္အသစ္မ်ား ဝယ္လုိအားကို ျမင့္တက္လာေစေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံသို႔ တင္သြင္းတဲ့ ကားမ်ားအေပၚ အခြန္အခမ်ားေကာက္ခံျခင္းနဲ႔ ကန္႔သတ္ခ်က္မ်ားေၾကာင္း တိုယိုတာက ၎ရဲ႕ကားမ်ားကို ျပည္တြင္းမွာသာ ထုတ္လုပ္ဖုိ႔ တြန္းအားျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

Ref: https://www.japantimes.co.jp

Read times
Rate this item
(0 votes)