Local News



ဂျပန် Nissin Electrics က မြန်မာနိုင်ငံတွင် စက်ရုံသစ်တည်ဆောက် ထုတ်လုပ်မည်

ဂျပန် Nissin Electrics က မြန်မာနိုင်ငံတွင် စက်ရုံသစ်တည်ဆောက် ထုတ်လုပ်မည် google

ဂျပန်နိုင်ငံမှ Nissin Electrics က မြန်မာနိုင်ငံတွင် စက်ရုံသစ်တစ်ခုတည်ဆောက်နေပြီး အလုပ်သမားကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံရှိ စက်ရုံများမှ ၎င်းတို့၏ ထုတ်လုပ်မှုအချို့ကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။

Nissin Electrics မှ ၎င်းစက်ရုံအသစ်ကနေ gas insulated switchgears, capacitors, transformers, instrument transformers and medium-low voltage metal enclosed equipment များကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ဘန်ကောက်ပို့စ်မှ သတင်းထုတ်ပြန်ချက်အရ ကုမ္ပဏီအနေဖြင့် ဇွန်လတွင် Nissin ၏ မြန်မာဈေးကွက်အတွက် ဆောင်ရွက်နေတဲ့ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Hosoda Holdings နဲ့ အကျိုးတူပူးပေါင်းပြီး သီလဝါတွင် စက်ရုံတည်ဆောက်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လမှာ လုပ်ငန်းများ စတင်လည်ပတ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီအနေနဲ့ လျှပ်စစ်ပစ္စည်းကိရိယာများ ထုတ်လုပ်ရန်နှင့် စက်များနှင့် အစိတ်အပိုင်းများကိုလည်း ကန်ထရိုက်ထုတ်လုပ်ရန် စီစဉ်နေကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Read More >>> မြန်မာနိုင်ငံတွင် လူသိနည်းနေသေးသည့် Insustry 4.0

ကျိုတိုအခြေစိုက်ကုမ္ပဏီက ဘန်ကောက်နဲ့ ဟနွိုင်းမြို့အနီးရှိ စက်ရုံများမှာ စက်ပစ္စည်းအမျိုးမျိုးနှင့် အစိတ်အပိုင်းများအတွက် သတ္တုဖြင့် သံဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်းနှင့် မျက်နှာပြင်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါတယ်။

ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရှိ စက်ရုံသစ်သို့ သတ္တုအစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အချို့ ပြောင်းရွှေ့ရန် ရည်ရွယ်နေကြောင်း သိရပါတယ်။ Nissin အနေနဲ့ ၎င်းရဲ့ ထုတ်ကုန်အားလုံးကို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများမှာ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှ ထုတ်လုပ်တဲ့ ထုတ်ကုန်များမှာ ကုမ္ပဏီအမြတ်ရဲ့ (၆၀) ရာခိုင်နှုန်းရှိပါတယ်။

Ref: https://www.bangkokpost.com

Myanmar Industry Directory

 

>>>Zawgyi<<<

ဂ်ပန္ Nissin Electrics က ျမန္မာႏုိင္ငံတြင္ စက္႐ံုသစ္တည္ေဆာက္ ထုတ္လုပ္မည္

ဂ်ပန္ႏိုင္ငံမွ Nissin Electrics က ျမန္မာႏုိင္ငံတြင္ စက္႐ံုသစ္တစ္ခုတည္ေဆာက္ေနၿပီး အလုပ္သမားကုန္က်စရိတ္ကို ေလွ်ာ့ခ်ရန္အတြက္ ဗီယက္နမ္နဲ႔ ထိုင္းႏုိင္ငံရွိ စက္႐ံုမ်ားမွ ၎တို႔၏ ထုတ္လုပ္မႈအခ်ိဳ႕ကို ေျပာင္းေရႊ႕လာတာျဖစ္ပါတယ္။

Nissin Electrics မွ ၎စက္႐ံုအသစ္ကေန gas insulated switchgears, capacitors, transformers, instrument transformers and medium-low voltage metal enclosed equipment မ်ားကို ထုတ္လုပ္သြားမွာျဖစ္ပါတယ္။

ဘန္ေကာက္ပို႔စ္မွ သတင္းထုတ္ျပန္ခ်က္အရ ကုမၸဏီအေနျဖင့္ ဇြန္လတြင္ Nissin ၏ ျမန္မာေစ်းကြက္အတြက္ ေဆာင္ရြက္ေနတဲ့ ဂ်ပန္ကုန္သြယ္ေရးကုမၸဏီျဖစ္တဲ့ Hosoda Holdings နဲ႔ အက်ိဳးတူပူးေပါင္းၿပီး သီလဝါတြင္ စက္႐ံုတည္ေဆာက္မွာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ မတ္လမွာ လုပ္ငန္းမ်ား စတင္လည္ပတ္မွာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံအေျခစိုက္ ကုမၸဏီအေနနဲ႔ လွ်ပ္စစ္ပစၥည္းကိရိယာမ်ား ထုတ္လုပ္ရန္ႏွင့္ စက္မ်ားႏွင့္ အစိတ္အပိုင္းမ်ားကိုလည္း ကန္ထ႐ိုက္ထုတ္လုပ္ရန္ စီစဥ္ေနေၾကာင္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

က်ိဳတိုအေျခစုိက္ကုမၸဏီက ဘန္ေကာက္နဲ႔ ဟႏိြဳင္းၿမိဳ႕အနီးရွိ စက္႐ံုမ်ားမွာ စက္ပစၥည္းအမ်ိဳးမ်ိဳးႏွင့္ အစိတ္အပိုင္းမ်ားအတြက္ သတၱဳျဖင့့္ သံဂေဟေဆာ္ျခင္း၊ ျဖတ္ေတာက္ျခင္းႏွင့္ မ်က္ႏွာျပင္သန္႔စင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ပါတယ္။

ကုမၸဏီအေနနဲ႔ ျမန္မာႏုိင္ငံရွိ စက္႐ံုသစ္သုိ႔ သတၱဳအစိတ္အပိုင္းမ်ား ထုတ္လုပ္သည့္ လုပ္ငန္းစဥ္အခ်ိဳ႕ ေျပာင္းေရႊ႕ရန္ ရည္ရြယ္ေနေၾကာင္း သိရပါတယ္။ Nissin အေနနဲ႔ ၎ရဲ႕ ထုတ္ကုန္အားလံုးကို ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံမ်ားမွာ ထုတ္လုပ္ၿပီး ထိုင္းႏုိင္ငံမွ ထုတ္လုပ္တဲ့ ထုတ္ကုန္မ်ားမွာ ကုမၸဏီအျမတ္ရဲ႕ (၆၀) ရာခိုင္ႏႈန္းရွိပါတယ္။

Ref: https://www.bangkokpost.com

Read times
Rate this item
(0 votes)