Local News



SME လုပ်ငန်းရှင်များအတွက် SME ချေးငွေရရှိရန် သတင်းကောင်း

SME လုပ်ငန်းရှင်များအတွက် SME ချေးငွေရရှိရန် သတင်းကောင်း google

MSME Development Department (MOPFI) နှင့် Mother Finance Co.Ltd တို့ပူးပေါင်း၍ အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းရှင်များအတွက် SME ချေးငွေအကြောင်းကို ရှင်းလင်းတင်ပြမှာဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ ရှင်းလင်းတင်ပြခြင်းကို ဇန်နဝါရီလ (၂ ) ရက်နေ့ နေ့လည် (၁:၀၀) နာရီ မှ (၃:၀၀) နာရီအထိ SME Development Department Center ၊ အမှတ် ၃၅ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

SME လုပ်ငန်းရှင်များအနေဖြင့် မိမိသိလိုသမျှ မေးမြန်းဆွေးနွေးနိုင်ပြီး ချေးငွေလျှောက်ထားလိုပါကလည်း ထိုနေ့မှာ တစ်ခါတည်းလျှောက်ထားနိုင်ကြောင်း သိရပါတယ်။

တက်ရောက်လိုသူများအနေဖြင့် (၂၇.၁၂.၂၀၁၉) နေ့နောက်ဆုံးထားပြီး အောက်ဖော်ပြပါဖုန်းများသို့ စာရင်းပေးသွင်းနိုင်ပါတယ်။

*ဆက်သွယ်ရန်ဖုန်း*

ဒေါ်သန်းသန်းလှ (အရှေ့ပိုင်းခရိုင်)
၀၉၇၉၈၄၇၃၄၇၂

ဒေါ်အေးစုစုအောင်(အနောက်ပိုင်း)
၀၉၂၅၄၃၄၈၁၄၉

ဒေါ်အေးအေးယု(တောင်ပိုင်းခရိုင်)
၀၉၄၂၀၁၄၃၀၇၂

ဒေါ်စန်းစန်းအေး(မြောက်ပိုင်း)
၀၉၄၂၀၁၁၉၇၆၆

Source: SME Development Department

 

>>>Zawgyi<<<






*ဆက်သွယ်ရန်ဖုန်း*

၀၉၇၉၈၄၇၃၄၇၂

၀၉၂၅၄၃၄၈၁၄၉

၀၉၄၂၀၁၄၃၀၇၂

၀၉၄၂၀၁၁၉၇၆၆


Read times
Rate this item
(0 votes)