Local News



ရန်ကုန်သို့ ပေးပို့မည့် ရွှေရည်ထွန်း ဓာတ်ငွေ့သိုက် pre-FEED စတင်

တစ်နှစ်တာ ကြာမြင့်ပြီးချိန်မှာ သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာ ထင်ရှားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Woodside အနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် Block A-6 မှာ ပါဝင်တဲ့ ရွှေရည်ထွန်း ဓာတ်ငွေ့သိုက်မှာ တွင်းနှစ်တွင်း အောင်မြင်ခဲ့တာမှာ ရွှေရည်ထွန်း-၂ ဓာတ်ငွေ့တွင်းလည်း ပါဝင်ပါတယ်။

အခုလို အသစ်ရရှိလာတဲ့ ဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် တင်ပို့ရောင်းချမှာ ဖြစ်တဲ့အပြင် ပြည်တွင်းမှာ သုံးစွဲရန်အတွက်လည်း ရန်ကုန်မြို့သို့ ပိုက်လိုင်းမှတစ်ဆင့် ပေးပို့မှာ ဖြစ်ပါတယ်။

ဓာတ်ငွေ့သိုက်ကို တူးဖော်တဲ့ Woodside ဟာ သြစတေးလျနိုင်ငံမှ ဖြစ်ပြီး သြစတေးလျနိုင်ငံမှာ သဘာဝဓာတ်ငွေ့ရည် (LNG)အခန်းကဏ္ဍမှာ ရှေ့ဆောင်လုပ်ငန်း တစ်ခု ဖြစ်တဲ့အပြင် သြစတေးလျနိုင်ငံ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှုကဏ္ဍမှာ အကြီးမားဆုံး ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာသာမက ပင်လယ်ရပ်ခြားမှာလည်း ဓာတ်ငွေ့တူးဖော်ထုတ်လုပ်မှုများ လုပ်ကိုင်လျက်ရှိတာမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ Woodside ဟာ မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု ဧရိယာ အကြီးမားဆုံး ရယူထားတဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကမ်းလွန်ရေနံ လုပ်ကွက် ကိုးခုမှာ လုပ်ကိုင်နေပါတယ်။

ယခု အောင်မြင်ခဲ့တဲ့ ရွှေရည်ထွန်း-၂ ဓာတ်ငွေ့တွင်းဟာ ဓာတ်ငွေ့သိုက် ပမာဏ အရည်အသွေး ပြည့်မီပြီး ဓာတ်ငွေ့အရည်အသွေးလည်း ကောင်းမွန်တာမို့ ထုတ်လုပ်တင်ပို့ဖို့အတွက် စံမီတဲ့ ဓာတ်ငွေ့တွင်း ဖြစ်ပါတယ်။ 
Woodside အနေဖြင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်မှုအတွက် ဝေစု ၄၀ ရာခိုင်နှုန်း၊ Total မှ ဝေစု ၄၀ ရာခိုင်နှုန်းနဲ့ Myanmar Petroleum Resources မှ ဝေစု ၂၀ ရာခိုင်နှုန်း အသီးသီး ခွဲဝေရရှိကြမှာ ဖြစ်ပါတယ်။

ဖက်စပ်လုပ်ငန်းဟာ ဓာတ်ငွေ့သိုက်ကို ၂၀၁၅ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ထပ်မံ တွေ့ရှိခဲ့ပြန်ပါတယ်။ စုစုပေါင်း တွင်းသုံးတွင်း တူးထားပြီး ယင်းတို့ထံမှ ဓာတ်ငွေ့ ကုဗပေ ၂ မှ ၂ ထရီလီယံအထိ ထွက်ရှိမယ်လို့ တွက်ချက်အကဲဖြတ်ထားပါတယ်။

ရွှေရည်ထွန်း ဓာတ်ငွေ့သိုက်ဟာ ရေအောက်အနက် မီတာ ၂၃၀၀ ဝန်းကျင်မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ultra-deep-water resource လို့ ဆိုပါတယ်။ ပထမအဆင့်မှာ တွင်း ခြောက်တွင်း တူးပြီး ထုတ်လုပ်မယ်လို့ Woodside က ဆိုပါတယ်။

ယခုအခါ pre-FEED အဆင့်ကို စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ တွင်း ခြောက်တွင်းဖြင့် ထုတ်လုပ်ပြီးတဲ့အခါ ကီလိုမီတာ ၂၄၀ အလျားရှိတဲ့ ပိုက်လိုင်းဖြင့် riser platform ဆီကို ပေးပို့မှာ ဖြစ်ပြီး ယင်းမှတစ်ဆင့် ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံနဲ့ ရန်ကုန်မြို့သို့ ပေးပို့မှာ ဖြစ်ပါတယ်။ ယခုလို ပေးပို့မယ့် FEED entry ကို ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်မှာ စတင်ဖို့ ရည်မှန်းထားပါတယ်။

ဒုတိယအဆင့်မှာတော့ နောက်ထပ် တွင်းလေးတွင်း ထပ်မံတူးဖော်သွားမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် အောင်မြင်ပြီးမြောက်တဲ့အခါ တွင်း ၁၀ တွင်းဖြင့် ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန်အတွက် Woodside က MPRL E&P နဲ့ Total တို့နဲ့အတူ ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေပြီး MOGE နဲ့ သဘောတူစာချုပ် နှစ်ရပ် ချုပ်ဆိုထားပါတယ်။ ထုတ်လုပ်မှု ခွဲဝေခြင်း၊ စီမံကိန်းကို pre-FEED အဆင့် ဆက်လက်လုပ်ဆောင်ခြင်းတို့အတွက် ခွင့်ပြုချက် ရရှိလိုက်တာ ဖြစ်ပါတယ်။


ဆက်စပ်ဖတ်ရှုရန် >>> မြန်မာ့ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်

Myanmar Industry Directory

 

>>>Zawgyi<<<

ရန္ကုန္သို႔ ေပးပို႔မည့္ ေရႊရည္ထြန္း ဓာတ္ေငြ႕သိုက္ pre-FEED စတင္

တစ္ႏွစ္တာ ၾကာျမင့္ၿပီးခ်ိန္မွာ သဘာ၀ဓာတ္ေငြ႕လုပ္ငန္းက႑မွာ ထင္ရွားတဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Woodside အေနျဖင့္ ကမ္းလြန္သဘာ၀ဓာတ္ေငြ႕ တူးေဖာ္ေရး လုပ္ကြက္ Block A-6 မွာ ပါ၀င္တဲ့ ေရႊရည္ထြန္း ဓာတ္ေငြ႕သိုက္မွာ တြင္းႏွစ္တြင္း ေအာင္ျမင္ခဲ့တာမွာ ေရႊရည္ထြန္း-၂ ဓာတ္ေငြ႕တြင္းလည္း ပါ၀င္ပါတယ္။

အခုလို အသစ္ရရွိလာတဲ့ ဓာတ္ေငြ႕ေတြကို ထိုင္းႏိုင္ငံသို႔ ပိုက္လိုင္းမွတစ္ဆင့္ တင္ပို႔ေရာင္းခ်မွာ ျဖစ္တဲ့အျပင္ ျပည္တြင္းမွာ သုံးစြဲရန္အတြက္လည္း ရန္ကုန္ၿမိဳ႕သို႔ ပိုက္လိုင္းမွတစ္ဆင့္ ေပးပို႔မွာ ျဖစ္ပါတယ္။

ဓာတ္ေငြ႕သိုက္ကို တူးေဖာ္တဲ့ Woodside ဟာ ၾသစေတးလ်ႏိုင္ငံမွ ျဖစ္ၿပီး ၾသစေတးလ်ႏိုင္ငံမွာ သဘာ၀ဓာတ္ေငြ႕ရည္ (LNG)အခန္းက႑မွာ ေရွ႕ေဆာင္လုပ္ငန္း တစ္ခု ျဖစ္တဲ့အျပင္ ၾသစေတးလ်ႏိုင္ငံ သဘာ၀ဓာတ္ေငြ႕ တူးေဖာ္ထုတ္လုပ္မႈက႑မွာ အႀကီးမားဆုံး ထုတ္လုပ္သူလည္း ျဖစ္ပါတယ္။

ျပည္တြင္းမွာသာမက ပင္လယ္ရပ္ျခားမွာလည္း ဓာတ္ေငြ႕တူးေဖာ္ထုတ္လုပ္မႈမ်ား လုပ္ကိုင္လ်က္ရွိတာမွာ ျမန္မာႏိုင္ငံလည္း အပါအ၀င္ ျဖစ္ပါတယ္။ Woodside ဟာ ျမန္မာႏိုင္ငံမွာ ေရနံႏွင့္ သဘာ၀ဓာတ္ေငြ႕ တူးေဖာ္မႈ ဧရိယာ အႀကီးမားဆုံး ရယူထားတဲ့ ကုမၸဏီေတြထဲမွာ တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။ ကမ္းလြန္ေရနံ လုပ္ကြက္ ကိုးခုမွာ လုပ္ကိုင္ေနပါတယ္။

ယခု ေအာင္ျမင္ခဲ့တဲ့ ေရႊရည္ထြန္း-၂ ဓာတ္ေငြ႕တြင္းဟာ ဓာတ္ေငြ႕သိုက္ ပမာဏ အရည္အေသြး ျပည့္မီၿပီး ဓာတ္ေငြ႕အရည္အေသြးလည္း ေကာင္းမြန္တာမို႔ ထုတ္လုပ္တင္ပို႔ဖို႔အတြက္ စံမီတဲ့ ဓာတ္ေငြ႕တြင္း ျဖစ္ပါတယ္။


Woodside အေနျဖင့္ လုပ္ငန္းလည္ပတ္ လုပ္ကိုင္မႈအတြက္ ေ၀စု ၄၀ ရာခိုင္ႏႈန္း၊ Total မွ ေ၀စု ၄၀ ရာခိုင္ႏႈန္းနဲ႔ Myanmar Petroleum Resources မွ ေ၀စု ၂၀ ရာခိုင္ႏႈန္း အသီးသီး ခြဲေ၀ရရွိၾကမွာ ျဖစ္ပါတယ္။

ဖက္စပ္လုပ္ငန္းဟာ ဓာတ္ေငြ႕သိုက္ကို ၂၀၁၅ ခုႏွစ္မွာ ေတြ႕ရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ ထပ္မံ ေတြ႕ရွိခဲ့ျပန္ပါတယ္။ စုစုေပါင္း တြင္းသုံးတြင္း တူးထားၿပီး ယင္းတို႔ထံမွ ဓာတ္ေငြ႕ ကုဗေပ ၂ မွ ၂ ထရီလီယံအထိ ထြက္ရွိမယ္လို႔ တြက္ခ်က္အကဲျဖတ္ထားပါတယ္။

ေရႊရည္ထြန္း ဓာတ္ေငြ႕သိုက္ဟာ ေရေအာက္အနက္ မီတာ ၂၃၀၀ ၀န္းက်င္မွာ တည္ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ ultra-deep-water resource လို႔ ဆိုပါတယ္။ ပထမအဆင့္မွာ တြင္း ေျခာက္တြင္း တူးၿပီး ထုတ္လုပ္မယ္လို႔ Woodside က ဆိုပါတယ္။

ယခုအခါ pre-FEED အဆင့္ကို စတင္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။ တြင္း ေျခာက္တြင္းျဖင့္ ထုတ္လုပ္ၿပီးတဲ့အခါ ကီလိုမီတာ ၂၄၀ အလ်ားရွိတဲ့ ပိုက္လိုင္းျဖင့္ riser platform ဆီကို ေပးပို႔မွာ ျဖစ္ၿပီး ယင္းမွတစ္ဆင့္ ပိုက္လိုင္းျဖင့္ ထိုင္းႏိုင္ငံနဲ႔ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔မွာ ျဖစ္ပါတယ္။ ယခုလို ေပးပို႔မယ့္ FEED entry ကို ၂၀၂၀ ခုႏွစ္ ဒုတိယႏွစ္၀က္မွာ စတင္ဖို႔ ရည္မွန္းထားပါတယ္။

ဒုတိယအဆင့္မွာေတာ့ ေနာက္ထပ္ တြင္းေလးတြင္း ထပ္မံတူးေဖာ္သြားမွာ ျဖစ္ပါတယ္။ ဒုတိယအဆင့္ ေအာင္ျမင္ၿပီးေျမာက္တဲ့အခါ တြင္း ၁၀ တြင္းျဖင့္ ဆက္လက္ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ရန္အတြက္ Woodside က MPRL E&P နဲ႔ Total တို႔နဲ႔အတူ ဖက္စပ္လုပ္ငန္း လုပ္ကိုင္ေနၿပီး MOGE နဲ႔ သေဘာတူစာခ်ဳပ္ ႏွစ္ရပ္ ခ်ဳပ္ဆိုထားပါတယ္။ ထုတ္လုပ္မႈ ခြဲေဝျခင္း၊ စီမံကိန္းကို pre-FEED အဆင့္ ဆက္လက္လုပ္ေဆာင္ျခင္းတို႔အတြက္ ခြင့္ျပဳခ်က္ ရရွိလိုက္တာ ျဖစ္ပါတယ္။

ဆက္စပ္ဖတ္ရႈရန္ >>> ျမန္မာ့ကမ္းလြန္ A-6 လုပ္ကြက္မွ ထြက္ရွိမယ့္ သဘာ၀ဓာတ္ေငြ႕မ်ားကို ထိုင္းႏိုင္ငံသို႔ တင္ပို႔သြားမည္

Read times Last modified on Wednesday, 29 January 2020 17:39
Rate this item
(1 Vote)