Local News



SME လုပ်ငန်းရှင်များအတွက် နည်းပညာ (၈) မျိုး ဖြန့်ဖြူးခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်း ဆွေးနွေးပွဲ ကျင်းပမည်

SME လုပ်ငန်းရှင်များအတွက် နည်းပညာ (၈) မျိုး ဖြန့်ဖြူးခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်း ဆွေးနွေးပွဲ ကျင်းပမည် google

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာ (၈) မျိုး ဖြန့်ဖြူးခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်း ဆွေးနွေးပွဲ (Technology Transfer Seminar) အခမ်းအနားကို ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆွေးနွေးရှင်းပြမည့်နည်းပညာများမှာ

- သီဟိုဠ်သရက်သီး Jam, Candy & Juice ၊ သီဟိုဠ်သရက်သီးခြောက်နှင့် သီဟိုဠ်စေ့တော်ဖီပြုလုပ်သည့် နည်းပညာ
- သီဟိုဠ်သရက်စေ့အခွံမှ ဇီဝလောင်စာထုတ်လုပ်ခြင်းနှင့် လောင်စာတောင့်ထုတ်လုပ်သည့် နည်းပညာ
- သနပ်ခါးနာနိုအီမားရှင်း အလှကုန်သုံးပစ္စည်း ထုတ်လုပ်သည့် နည်းပညာ
- Digital Tools အသုံးပြု၍ စီးပွားရေးတိုးမြှင့်ဆောင်ရွက်ခြင်း
- ဆပ်ပြာအမျိုးမျိုးထုတ်လုပ်သည့် နည်းပညာ
- အပင်၊ အရွက်၊ အသီးနှင့် အစေ့တို့မှ ရနံ့ဆီမွှေး ထုတ်ယူသည့် နည်းပညာ
- ဓနိရိုးတံ၏ အကျိုးအာနိသင်များ စမ်းသပ်ထုတ်ဖော်ခြင်း နည်းပညာ
- စွန့်ပစ်ပလတ်စတစ်မှ ကွန်ပို့စစ်ပြားများ ထုတ်လုပ်သည့် နည်းပညာ တို့ဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲကို စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရုံးခွဲများတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

ကျင်းပမည့်နေရာ - သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့
ကျင်းပမည့်အချိန် - နံနက် (၀၈:၀၀) နာရီမှ ညနေ (၁၆:၃၀) နာရီထိ
စာရွက်စာတမ်းကြေး +နေ့လည်စာ + ကော်ဖီ - (၆၀၀၀) ကျပ်

Myanmar Industry Directory

 

>>>Zawgyi<<<








Read times Last modified on Thursday, 30 January 2020 17:07
Rate this item
(1 Vote)