Local News



ကုန်ထုတ်လုပ်မှုဆိုင်ရာ အော်ဒါသစ်တိုးရမှု နိုဝင်ဘာလတွင် ပိုအားကောင်းလာ

ကုန်ထုတ်လုပ်မှုဆိုင်ရာ အော်ဒါသစ်တိုးရမှု နိုဝင်ဘာလတွင် ပိုအားကောင်းလာ google

IHS Markit မှ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကကဏ္ဍ ကုန်ထုတ်လုပ်သူများဆိုင်ရာ လေ့လာမှု၏ နောက်ဆုံး PMI™ စစ်တမ်းဒေတာက နိုဝင်ဘာလတွင် လုပ်ငန်းလည်ပတ်မှု အခြေအနေများ အခိုင်အမာ ပိုကောင်းမွန်လာခဲ့ကြောင်း ထုတ်ဖေါ်ပြသလိုက်ပြီး အော်ဒါသစ်များ အခိုင်အမာမြင့်တက်လာခြင်းက အားဖြည့်ပေးသည်။

အဓိက တွေ့ရှိချက်များ 

*****************
- လုပ်ငန်းသစ်များ သိသာစွာ တိုးရလာခြင်းက ထုတ်လုပ်မှုကို အားပေးလိုက်ခြင်း 
- အလုပ်နေရာသစ်ဖန်တီးမှုနှုန်း နိမ့်နေခြင်းက အဓိကအကျဆုံး PMI အပေါ်မှာ ဖိစီးနေခြင်း
- သွင်းကုန်ဈေးနှုန်းများ မြင့်တက်မှုမှာ စစ်တမ်းသမိုင်းအတွင်း အနည်းဆုံး ဖြစ်ခဲ့ခြင်း

ထုတ်လုပ်မှုမှာ အားရဖွယ် အရှိန်ဖြင့် တိုးလာခဲ့ပြီး ထုတ်လုပ်ရေးဆိုင်ရာ မျှော်လင့်ချက်များမှာ ပိုကောင်းလာခဲ့သော်လည်း ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းထက် အားနည်းနေဆဲဖြစ်သည်။ ယင်းအတောအတွင်း ပျမ်းမျှဝယ်ဈေးများမှာ စစ်တမ်းကို စတင်ခဲ့သည့် လွန်ခဲ့သည့် လေးနှစ်ကတည်းက အနည်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့၍ ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများမှာ အားပျော့လာခဲ့သည်။ အဓိကအကျဆုံး IHS Markit Myanmar Manufacturing PMI မှာ ကုန်ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖေါ်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်ပါသည်။

အော်ဒါသစ်များ၊ ထုတ်လုပ်မှု၊ အလုပ်နေရာများ၊ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များနှင့် သိုလှောင်ထားသည့် ထည့်ကုန်များဆိုင်ရာ အညွှန်းများမှနေပြီး ၎င်းကို တွက်ယူပါသည်။ ၅၀.၀ ထက် ပိုကြီးသည့် မည်သည့် ဂဏန်းသည်မဆို ကဏ္ဍတစ်ခု၏ ယေဘုယျတိုးတက်မှု အခြေအနေကို ညွှန်ပြပါသည်။ PMI မှာ နိုဝင်ဘာလတွင် ၅၂.၇ ရှိနေခဲ့ရာ အပေါင်းလက္ခဏာ နယ်ပယ်ထဲမှာ ဆက်ရှိနေပြီး လုပ်ငန်းအခြေအနေများတစ်ရပ်လုံး အခိုင်အမာ တိုးတက်ကောင်းမွန်လာခဲ့ခြင်းကို အချက်ပြနေသည်။

ယင်းမှာ အောက်တိုဘာလ၏ ၅၃.၀ ထက် မသိမသာ နိမ့်နေသော်လည်း ရေရှည် ပျမ်းမျှဂဏန်းဖြစ်သည့် ၅၁.၁ နှင့်စာလျှင် အတော်ကလေး မြင့်မားနေပါသည်။ အဓိကအကျဆုံး PMI အညွှန်းထဲ ပါဝင်ကြသည့် အစိတ်အပိုင်း ငါးခုအနက် လေးခုတို့မှာ နိုဝင်ဘာလတွင် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ရှိခဲ့ပြီး (အညွှန်းထဲတွင် အနည်းဆုံး ၁၀% မျှသာ အရေးပါသည့်) သိုလှောင်ထားသည့် ဝယ်ယူကုန်များသည်သာ ခြွင်းချက်ဖြစ်ခဲ့ပါသည်။

PMI အောက်ဘက်သို့ နိမ့်ကျသွားမှုက အလုပ်နေရာသစ်များ တိုးလာသည့်နှုန်း လျော့နည်းလာခြင်းကို အဓိက ထင်ဟပ်စေပြီး ၎င်းနှင့်အတူ ထုတ်လုပ်မှုပိုင်း၌ တိုးတက်မှု အားပျော့လာသည်။ ကဏ္ဍတစ်ခုလုံး တိုးတက်လာမှုကို မောင်းနှင်ပေးခဲ့သည်မှာ နိုဝင်ဘာလတွင် လုပ်ငန်းသစ်များ သိသာစွာ တိုးပြီးရရှိလာခြင်း ဖြစ်ပါသည်။ အော်ဒါသစ်များမှာ စစ်တမ်းမှတ်တမ်းတလျောက် ဆယ့်သုံးလ ဆက်တိုက် တိုးရလာခဲ့သည့်အပြင် ဇွန်လမှစပြီး အမြင့်ဆုံးနှုန်းလည်း ဖြစ်ခဲ့ပါသည်။

အော်ဒါသစ်များနှင့် တပြေးညီစွာ ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် စစ်တမ်းမှတ်တမ်းတစ်လျောက် ဆယ့်သုံးလ ဆက်တိုက် တိုးလာခဲ့ပါသည်။ ကုမ္ပဏီကြီးများက အော်ဒါသစ်များကို စီမံဆောင်ရွက်ခဲ့ကြရုံသာမက ၎င်းတို့၏ လက်ကျန်အလုပ်များကိုပါ ပြီးဆုံးအောင် အားထုတ်ခဲ့ကြ၍ တိုးတက်မှုနှုန်းမှာ အောက်တိုဘာလ၏ အားကောင်းခဲ့သည့် နှုန်းနှင့်စာလျှင် အနည်းငယ်မျှသာ ပြောင်းလဲခဲ့ပါသည်။

ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်းမှာ လက်ကျန် အလုပ်များ၏ ပမာဏသည် လေးဆယ့်နှစ်လ ဆက်တိုက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်မှစပြီး အမြန်ဆုံး နှုန်းလည်း ဖြစ်ခဲ့ပါသည်။ ကုန်ထုတ်လုပ်သူတို့သည် ၎င်းတို့၏ လုပ်သားအင်အားများကို နိုဝင်ဘာလတွင် ဆယ့်နှစ်လ ဆက်တိုက် တိုးချဲ့ခန့်အပ်ခြင်းဖြင့် အလုပ်တာဝန်များကို ပံ့ပိုးပေးခဲ့ရာ စစ်တမ်းအတွက် စံချိန်တင် အစဉ်အလာတစ်ခုဖြစ်သည်။

သို့သော်လည်း အောက်တိုဘာလကတည်းက အလုပ်ဖန်တီးမှုနှုန်း အားပျော့လာခဲ့သည်။ သွင်းကုန်များ ဝယ်ယူရေး လုပ်ငန်းများလည်း နိုဝင်ဘာလတွင် ဆက်လက်ကျယ်ပြန့်လာခဲ့ပြီး သုံးလအတွင်းမှာ အမြန်ဆုံးနှုန်း ဖြစ်လာသည်။ သို့တိုင်အောင် သွင်းကုန် သိုလှောင်ထားမှုများမှာ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး လက်ရှိ ထုတ်လုပ်မှုအားကောင်းလာမှုကို ရောင်ပြန်ဟပ်စေသည်။ ပစ္စည်းပေးသွင်းကြသူတို့သည် ဝယ်လိုအားကို ကျယ်ပြန့်စွာ ဖြည့်တင်းပေးနိုင်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလမှစပြီး ဒသမဂဏန်းမျှ ပိုကြာရှည်လာခဲ့သည်။

သွင်းကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ ဇူလိုင်လ၏ မှတ်သားစရာနှုန်းမှနေပြီး နိုဝင်ဘာလတွင် လေးလ ဆက်တိုက် ကျဆင်းလာခဲ့ပါသည်။ ထို့အပြင် နောက်ဆုံးကာလတွင် မှတ်တမ်းတင်ထားခဲ့သည့် မြင့်တက်မှုမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး အနည်းဆုံး ဖြစ်ပါသည်။ ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများ အားနည်းလာခဲ့သည့်အလျောက် ထုတ်ကုန် ရောင်းဈေးများသည်ပါ ဧပြီလမှစပြီး အနည်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ကြသည်။

သို့သော်လည်း စစ်တမ်းသမိုင်းထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရောင်းဈေးများမှာ သွင်းကုန်ဈေးနှုန်းများထက် ပိုပြီးသိသာစွာ မြင့်တက်လာခဲ့ရာ ကုန်ထုတ်လုပ်ရေးကဏ္ဍထဲတွင် အမြတ်အစွန်းရနိုင်သည့် အခြေအနေများ ကောင်းမွန်လာပုံ ရပါသည်။ မြန်မာနိုင်ငံတွင်း လာမည့် ၁၂-လအတွင်း ကုန်ထုတ်လုပ်မှု အလားအလာဆိုင်ရာ အမြင်များမှာ နိုဝင်ဘာလတွင် အပေါင်းလက္ခဏာ နယ်ပယ်ထဲ ရှိနေဆဲဖြစ်သည်။ အပြုသဘော မြင်မှုမှာ သုံးလအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့သော်လည်း စစ်တမ်း၏ ရေရှည် ပျမ်းမျှနှင့်စာလျှင် အားနည်းနေဆဲဖြစ်သည်။

သုံးသပ်ချက် 
*********
IHS Markit မှ စီးပွားရေးဒါရိုက်တာ Trevor Balchin က နောက်ဆုံးစစ်တမ်းရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် ပြောကြားခဲ့သည်မှာ - မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်မှုကို ကြည့်ရသည်မှာ နှစ်ကုန်ပိုင်းတွင် သိသာခိုင်မာသည့် တိုးတက်မှုဖြင့် အဆုံးသတ်နိုင်ပြီး နိုဝင်ဘာလ၏ ယေဘုယျတိုးတက်မှု နှုန်းထားမှာ ၂၀၁၉ ခုနှစ်၏ အားကောင်းသည့် အစဉ်အလာကို ထိန်းသိမ်းနိုင်ပါသည်။ PMI မှာ နောက်ဆုံးကာလတွင် ၅၂.၇ တွင် ရှိနေပြီး ၂၀၁၉ ခုနှစ်၏ ပျမ်းမျှမှာ ၅၂.၈ ဖြစ်သောကြောင့် စစ်တမ်း၏ လေးနှစ်တာကာလအတွင်း အမြင့်ဆုံးရလဒ်ကို လွယ်ကူစွာ ရယူနိုင်ခဲ့ပါသည်။

"အော်ဒါသစ်များဆိုင်ရာ ဒေတာမှ ဝယ်လိုအား ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာသည့် အခြေခံအုတ်မြစ်ကို ထောက်ပြနေပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်နေသည့်အလုပ်ကို ပြည်တွင်းအော်ဒါများ၏ အဓိကရင်းမြစ်တစ်ခုအဖြစ် မှတ်သားထားသည်။ "ကုမ္ပဏီကြီးများသည် ဝယ်ယူရေး ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများ သက်သာလာခြင်းကြောင့် အကျိုးဖြစ်ထွန်းခဲ့ကြပြီး သွင်းကုန် ဈေးနှုန်းများ၏ ဖောင်းကြွမှုနှုန်းမှာ နိုဝင်ဘာလတွင် စစ်တမ်းတွင်း စံချိန်တင် ကျဆင်းလာခဲ့သည်။ ထို့အပြင် စက်ရုံတံခါးဝရောင်းဈေးများမှာ ပထမအကြိမ်အဖြစ် သွင်းကုန်ဝယ်ယူရသည့်ဈေးများထက် သိသိသာသာမြင့်တက်လာခဲ့ပြီး အမြတ်အစွန်းများကို တိုးရစေနိုင်ခဲ့ပါသည်။"

 

123456.jpg

 

 

>>>Zawgyi<<<

ကုန္ထုတ္လုပ္မႈဆိုင္ရာ ေအာ္ဒါသစ္တုိးရမႈ ႏုိဝင္ဘာလတြင္ ပုိအားေကာင္းလာ

IHS Markit မွ ျပဳလုပ္ခဲ့သည့္ ျမန္မာႏုိင္ငံတြင္း ပုဂၢလိကက႑ ကုန္ထုတ္လုပ္သူမ်ားဆိုင္ရာ ေလ့လာမႈ၏ ေနာက္ဆံုး PMI™ စစ္တမ္းေဒတာက ႏုိဝင္ဘာလတြင္ လုပ္ငန္းလည္ပတ္မႈ အေျခအေနမ်ား အခုိင္အမာ ပုိေကာင္းမြန္လာခဲ့ေၾကာင္း ထုတ္ေဖၚျပသလုိက္ၿပီး ေအာ္ဒါသစ္မ်ား အခိုင္အမာျမင့္တက္လာျခင္းက အားျဖည့္ေပးသည္။

အဓိက ေတြ႕ရွိခ်က္မ်ား 

*****************
- လုပ္ငန္းသစ္မ်ား သိသာစြာ တုိးရလာျခင္းက ထုတ္လုပ္မႈကုိ အားေပးလုိက္ျခင္း 
- အလုပ္ေနရာသစ္ဖန္တီးမႈႏႈန္း နိမ့္ေနျခင္းက အဓိကအက်ဆံုး PMI အေပၚမွာ ဖိစီးေနျခင္း
- သြင္းကုန္ေစ်းႏႈန္းမ်ား ျမင့္တက္မႈမွာ စစ္တမ္းသမုိင္းအတြင္း အနည္းဆံုး ျဖစ္ခဲ့ျခင္း

ထုတ္လုပ္မႈမွာ အားရဖြယ္ အရွိန္ျဖင့္ တုိးလာခဲ့ၿပီး ထုတ္လုပ္ေရးဆုိင္ရာ ေမွ်ာ္လင့္ခ်က္မ်ားမွာ ပုိေကာင္းလာခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ ႏွစ္လယ္ပုိင္းထက္ အားနည္းေနဆဲျဖစ္သည္။ ယင္းအေတာအတြင္း ပ်မ္းမွ်ဝယ္ေစ်းမ်ားမွာ စစ္တမ္းကုိ စတင္ခဲ့သည့္ လြန္ခဲ့သည့္ ေလးႏွစ္ကတည္းက အနည္းဆံုးႏႈန္းျဖင့္ ျမင့္တက္လာခဲ့၍ ကုန္က်စရိတ္မ်ား၏ ဖိအားေပးမႈမ်ားမွာ အားေပ်ာ့လာခဲ့သည္။ အဓိကအက်ဆံုး IHS Markit Myanmar Manufacturing PMI မွာ ကုန္ထုတ္လုပ္မႈ လုပ္ကုိင္ႏုိင္စြမ္းကုိ ေဖၚျပေပးသည့္ ေပါင္းစပ္ထားသည့္ တစ္ခုတည္းေသာ ကိန္းဂဏန္း ျဖစ္ပါသည္။

ေအာ္ဒါသစ္မ်ား၊ ထုတ္လုပ္မႈ၊ အလုပ္ေနရာမ်ား၊ ပစၥည္းေပးသြင္းမႈ ၾကာျမင့္ခ်ိန္မ်ားႏွင့္ သုိေလွာင္ထားသည့္ ထည့္ကုန္မ်ားဆုိင္ရာ အၫႊန္းမ်ားမွေနၿပီး ၎ကုိ တြက္ယူပါသည္။ ၅၀.၀ ထက္ ပုိႀကီးသည့္ မည္သည့္ ဂဏန္းသည္မဆုိ က႑တစ္ခု၏ ေယဘုယ်တိုးတက္မႈ အေျခအေနကုိ ၫႊန္ျပပါသည္။ PMI မွာ ႏုိဝင္ဘာလတြင္ ၅၂.၇ ရွိေနခဲ့ရာ အေပါင္းလကၡဏာ နယ္ပယ္ထဲမွာ ဆက္ရွိေနၿပီး လုပ္ငန္းအေျခအေနမ်ားတစ္ရပ္လံုး အခုိင္အမာ တုိးတက္ေကာင္းမြန္လာခဲ့ျခင္းကုိ အခ်က္ျပေနသည္။

ယင္းမွာ ေအာက္တုိဘာလ၏ ၅၃.၀ ထက္ မသိမသာ နိမ့္ေနေသာ္လည္း ေရရွည္ ပ်မ္းမွ်ဂဏန္းျဖစ္သည့္ ၅၁.၁ ႏွင့္စာလွ်င္ အေတာ္ကေလး ျမင့္မားေနပါသည္။ အဓိကအက်ဆံုး PMI အၫႊန္းထဲ ပါဝင္ၾကသည့္ အစိတ္အပုိင္း ငါးခုအနက္ ေလးခုတုိ႔မွာ ႏိုဝင္ဘာလတြင္ အျပဳသေဘာေဆာင္သည့္ ေဆာင္ရြက္မႈမ်ား ရွိခဲ့ၿပီး (အၫႊန္းထဲတြင္ အနည္းဆံုး ၁၀% မွ်သာ အေရးပါသည့္) သုိေလွာင္ထားသည့္ ဝယ္ယူကုန္မ်ားသည္သာ ႁခြင္းခ်က္ျဖစ္ခဲ့ပါသည္။

PMI ေအာက္ဘက္သုိ႔ နိမ့္က်သြားမႈက အလုပ္ေနရာသစ္မ်ား တုိးလာသည့္ႏႈန္း ေလ်ာ့နည္းလာျခင္းကို အဓိက ထင္ဟပ္ေစၿပီး ၎ႏွင့္အတူ ထုတ္လုပ္မႈပိုင္း၌ တုိးတက္မႈ အားေပ်ာ့လာသည္။ က႑တစ္ခုလံုး တုိးတက္လာမႈကုိ ေမာင္းႏွင္ေပးခဲ့သည္မွာ ႏုိဝင္ဘာလတြင္ လုပ္ငန္းသစ္မ်ား သိသာစြာ တုိးၿပီးရရွိလာျခင္း ျဖစ္ပါသည္။ ေအာ္ဒါသစ္မ်ားမွာ စစ္တမ္းမွတ္တမ္းတေလ်ာက္ ဆယ့္သံုးလ ဆက္တုိက္ တုိးရလာခဲ့သည့္အျပင္ ဇြန္လမွစၿပီး အျမင့္ဆံုးႏႈန္းလည္း ျဖစ္ခဲ့ပါသည္။

ေအာ္ဒါသစ္မ်ားႏွင့္ တေျပးညီစြာ ထုတ္လုပ္မႈသည္ ႏုိဝင္ဘာလတြင္ စစ္တမ္းမွတ္တမ္းတစ္ေလ်ာက္ ဆယ့္သံုးလ ဆက္တုိက္ တုိးလာခဲ့ပါသည္။ ကုမၸဏီႀကီးမ်ားက ေအာ္ဒါသစ္မ်ားကုိ စီမံေဆာင္ရြက္ခဲ့ၾကရံုသာမက ၎တုိ႔၏ လက္က်န္အလုပ္မ်ားကုိပါ ၿပီးဆံုးေအာင္ အားထုတ္ခဲ့ၾက၍ တုိးတက္မႈႏႈန္းမွာ ေအာက္တုိဘာလ၏ အားေကာင္းခဲ့သည့္ ႏႈန္းႏွင့္စာလွ်င္ အနည္းငယ္မွ်သာ ေျပာင္းလဲခဲ့ပါသည္။

ကုန္ထုတ္လုပ္ေရးက႑အတြင္းမွာ လက္က်န္ အလုပ္မ်ား၏ ပမာဏသည္ ေလးဆယ့္ႏွစ္လ ဆက္တုိက္ က်ဆင္းလာခဲ့ျခင္း ျဖစ္သည့္အျပင္ ၂၀၁၈ ခုႏွစ္ ဇူလုိင္မွစၿပီး အျမန္ဆံုး ႏႈန္းလည္း ျဖစ္ခဲ့ပါသည္။ ကုန္ထုတ္လုပ္သူတုိ႔သည္ ၎တို႔၏ လုပ္သားအင္အားမ်ားကုိ ႏိုဝင္ဘာလတြင္ ဆယ့္ႏွစ္လ ဆက္တုိက္ တုိးခ်ဲ႕ခန႔္အပ္ျခင္းျဖင့္ အလုပ္တာဝန္မ်ားကို ပံ့ပိုးေပးခဲ့ရာ စစ္တမ္းအတြက္ စံခ်ိန္တင္ အစဥ္အလာတစ္ခုျဖစ္သည္။

သုိ႔ေသာ္လည္း ေအာက္တုိဘာလကတည္းက အလုပ္ဖန္တီးမႈႏႈန္း အားေပ်ာ့လာခဲ့သည္။ သြင္းကုန္မ်ား ဝယ္ယူေရး လုပ္ငန္းမ်ားလည္း ႏုိဝင္ဘာလတြင္ ဆက္လက္က်ယ္ျပန႔္လာခဲ့ၿပီး သံုးလအတြင္းမွာ အျမန္ဆံုးႏႈန္း ျဖစ္လာသည္။ သုိ႔တုိင္ေအာင္ သြင္းကုန္ သုိေလွာင္ထားမႈမ်ားမွာ ေရွ႕ဆက္က်ဆင္းလာခဲ့ၿပီး လက္ရွိ ထုတ္လုပ္မႈအားေကာင္းလာမႈကို ေရာင္ျပန္ဟပ္ေစသည္။ ပစၥည္းေပးသြင္းၾကသူတုိ႔သည္ ဝယ္လုိအားကုိ က်ယ္ျပန႔္စြာ ျဖည့္တင္းေပးႏုိင္ခဲ့ၾကၿပီး ပစၥည္းေပးသြင္းမႈ ၾကာျမင့္ခ်ိန္မ်ားမွာ ေအာက္တုိဘာလမွစၿပီး ဒသမဂဏန္းမွ် ပုိၾကာရွည္လာခဲ့သည္။

သြင္းကုန္ ေစ်းႏႈန္းမ်ား၏ ေငြေၾကးေဖာင္းပြမႈမွာ ဇူလုိင္လ၏ မွတ္သားစရာႏႈန္းမွေနၿပီး ႏုိဝင္ဘာလတြင္ ေလးလ ဆက္တုိက္ က်ဆင္းလာခဲ့ပါသည္။ ထုိ႔အျပင္ ေနာက္ဆံုးကာလတြင္ မွတ္တမ္းတင္ထားခဲ့သည့္ ျမင့္တက္မႈမွာ စစ္တမ္းကုိ စတင္ခဲ့သည့္ ၂၀၁၅ ခုႏွစ္မွစၿပီး အနည္းဆံုး ျဖစ္ပါသည္။ ကုန္က်စရိတ္မ်ား၏ ဖိအားေပးမႈမ်ား အားနည္းလာခဲ့သည့္အေလ်ာက္ ထုတ္ကုန္ ေရာင္းေစ်းမ်ားသည္ပါ ဧၿပီလမွစၿပီး အနည္းဆံုးႏႈန္းျဖင့္ ျမင့္တက္လာခဲ့ၾကသည္။

သုိ႔ေသာ္လည္း စစ္တမ္းသမုိင္းထဲတြင္ ပထမဦးဆံုးအႀကိမ္အျဖစ္ ေရာင္းေစ်းမ်ားမွာ သြင္းကုန္ေစ်းႏႈန္းမ်ားထက္ ပုိၿပီးသိသာစြာ ျမင့္တက္လာခဲ့ရာ ကုန္ထုတ္လုပ္ေရးက႑ထဲတြင္ အျမတ္အစြန္းရႏုိင္သည့္ အေျခအေနမ်ား ေကာင္းမြန္လာပံု ရပါသည္။ ျမန္မာႏုိင္ငံတြင္း လာမည့္ ၁၂-လအတြင္း ကုန္ထုတ္လုပ္မႈ အလားအလာဆုိင္ရာ အျမင္မ်ားမွာ ႏုိဝင္ဘာလတြင္ အေပါင္းလကၡဏာ နယ္ပယ္ထဲ ရွိေနဆဲျဖစ္သည္။ အျပဳသေဘာ ျမင္မႈမွာ သံုးလအတြင္း အျမင့္ဆံုးသုိ႔ အားေကာင္းလာခဲ့ေသာ္လည္း စစ္တမ္း၏ ေရရွည္ ပ်မ္းမွ်ႏွင့္စာလွ်င္ အားနည္းေနဆဲျဖစ္သည္။

သံုးသပ္ခ်က္
*********
IHS Markit မွ စီးပြားေရးဒါရိုက္တာ Trevor Balchin က ေနာက္ဆံုးစစ္တမ္းရလဒ္မ်ားကုိ သံုးသပ္ေဖၚျပရာတြင္ ေျပာၾကားခဲ့သည္မွာ - ျမန္မာႏုိင္ငံတြင္း ကုန္ထုတ္လုပ္မႈကုိ ၾကည့္ရသည္မွာ ႏွစ္ကုန္ပုိင္းတြင္ သိသာခုိင္မာသည့္ တုိးတက္မႈျဖင့္ အဆံုးသတ္ႏုိင္ၿပီး ႏုိဝင္ဘာလ၏ ေယဘုယ်တုိးတက္မႈ ႏႈန္းထားမွာ ၂၀၁၉ ခုႏွစ္၏ အားေကာင္းသည့္ အစဥ္အလာကုိ ထိန္းသိမ္းႏုိင္ပါသည္။ PMI မွာ ေနာက္ဆံုးကာလတြင္ ၅၂.၇ တြင္ ရွိေနၿပီး ၂၀၁၉ ခုႏွစ္၏ ပ်မ္းမွ်မွာ ၅၂.၈ ျဖစ္ေသာေၾကာင့္ စစ္တမ္း၏ ေလးႏွစ္တာကာလအတြင္း အျမင့္ဆံုးရလဒ္ကုိ လြယ္ကူစြာ ရယူႏုိင္ခဲ့ပါသည္။

"ေအာ္ဒါသစ္မ်ားဆုိင္ရာ ေဒတာမွ ဝယ္လုိအား က်ယ္က်ယ္ျပန္႔ျပန႔္ တိုးတက္လာသည့္ အေျခခံအုတ္ျမစ္ကုိ ေထာက္ျပေနၿပီး ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ ဆက္စပ္ေနသည့္အလုပ္ကို ျပည္တြင္းေအာ္ဒါမ်ား၏ အဓိကရင္းျမစ္တစ္ခုအျဖစ္ မွတ္သားထားသည္။ "ကုမၸဏီႀကီးမ်ားသည္ ဝယ္ယူေရး ကုန္က်စရိတ္မ်ား၏ ဖိအားေပးမႈမ်ား သက္သာလာျခင္းေၾကာင့္ အက်ဳိးျဖစ္ထြန္းခဲ့ၾကၿပီး သြင္းကုန္ ေစ်းႏႈန္းမ်ား၏ ေဖာင္းႂကြမႈႏႈန္းမွာ ႏုိဝင္ဘာလတြင္ စစ္တမ္းတြင္း စံခ်ိန္တင္ က်ဆင္းလာခဲ့သည္။ ထုိ႔အျပင္ စက္ရံုတံခါးဝေရာင္းေစ်းမ်ားမွာ ပထမအႀကိမ္အျဖစ္ သြင္းကုန္ဝယ္ယူရသည့္ေစ်းမ်ားထက္ သိသိသာသာျမင့္တက္လာခဲ့ၿပီး အျမတ္အစြန္းမ်ားကုိ တုိးရေစႏုိင္ခဲ့ပါသည္။"

123456.jpg

 

 

 

 

Read times Last modified on Thursday, 30 January 2020 17:20
Rate this item
(1 Vote)