Local News



ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ (၁၉၅) သန်း ထောက်ပံ့မည်

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ (၁၉၅) သန်း ထောက်ပံ့မည် google

ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးလုပ်ကိုင်ရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ကန်ဒေါ်လာ (၁၉၅) သန်း ထောက်ပံ့ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ကျေးရွာပေါင်း ၃ဝဝဝ ခန့်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရပ်ရွာလူထုဦးဆောင်သော ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထောက်ပံ့ခြင်းဖြစ်ပါတယ်။

စီမံကိန်းတွင် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးနှင့် ဆက်နွှယ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်းငယ်ပေါင်း ၁၅ဝဝဝ ခန့်ကို အကောင်အထည်ဖော် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ စီမံကိန်းတွင်ပါဝင်မည့် လုပ်ငန်းများကို သက်သာသောချေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၈၅) သန်းနှင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည်ရှိသော ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပေးအပ်သော ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၁၀) သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၉၅) သန်းဖြင့် လုပ်ငန်းများကို လုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

ဖော်ဆောင်မည့် စီမံကိန်းငယ်များတွင် ရာသီဥတုဒဏ် ခံနိုင်စွမ်းရှိသော အခြေအနေဖော်ဆောင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားထွက်ကုန်များ သင့်တော်သည့် တန်ဖိုးထက် တိုးမြင့်ရရှိအောင် ဆောင်ရွက်ခြင်း၊ ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းတို့ ပါဝင်မှာဖြစ်ကာ စီမံကိန်းတွင် လူဦးရေငါးသောင်း ပါဝင်မည့်အနက် (၃၀) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

Read More >>> ဂျပန်အစိုးရက ယန်းငွေ (၄၄၄) သန်းရှိ လယ်ယာသုံးစက်ပစ္စည်းများ ထောက်ပံ့မည်

စီမံကိန်းကို ၂၀၂၇ ခုနှစ်၊ ပထမနှစ်ဝက်တွင်ပြီးစီးရန် မျှော်မှန်းထားကာ သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်မှုကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမှာဖြစ်ပြီး စီမံကိန်းကာလတွင် သဘာဝဘေးဒဏ်ကို မြို့နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ခံစားရသည့် အခြေအနေမျိုး ပေါ်ပေါက်ခဲ့မည်ဆိုပါက ၎င်းအစီအစဉ်မှ ပျက်စီးသွားသော အခြေခံအဆောက်အအုံများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ပြုလုပ်ရန် ရန်ပုံငွေများ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။

ကျေးလက်ဒေသ အများစုမှာ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးကာ လူဦးရေ၏ (၁၆) ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိကြပြီး (၃၀) ရာခိုင်နှုန်းခန့်မှာ တစ်နှစ်တာပတ်လုံး သောက်သုံးရေမရရှိခြင်း၊ (၂၅) ရာခိုင်နှုန်းမှာ လမ်းပန်းအဆက်အသွယ် မရရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရပါတယ်။

Source: The Farmer Myanmar

 

>>>Zawgyi<<<

ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအတြက္ အာရွဖြံ႔ၿဖိဳးေရးဘဏ္က ကန္ေဒၚလာ (၁၉၅) သန္း ေထာက္ပံ့မည္

ေက်းလက္ေဒသမ်ား ဖြံ႕ၿဖိဳးေရးလုပ္ကိုင္ရန္ႏွင့္ သဘာဝေဘး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားအတြက္ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) က ကန္ေဒၚလာ (၁၉၅) သန္း ေထာက္ပံ့ေပးမွာျဖစ္ေၾကာင္း သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔ရွိ ေက်းရြာေပါင္း ၃ဝ၀ဝ ခန္႔တြင္ သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ရပ္ရြာလူထုဦးေဆာင္ေသာ ဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ ေထာက္ပံ့ျခင္းျဖစ္ပါတယ္။

စီမံကိန္းတြင္ သဘာဝေဘးဒဏ္ ၾကံ့ၾကံ့ခံႏိုင္စြမ္းရွိေစေရးႏွင့္ ဆက္ႏႊယ္သည့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ စီမံကိန္းငယ္ေပါင္း ၁၅ဝ၀ဝ ခန္႔ကို အေကာင္အထည္ေဖာ္ ေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း၊ စီမံကိန္းတြင္ပါဝင္မည့္ လုပ္ငန္းမ်ားကို သက္သာေသာေခ်းေငြအျဖစ္ အေမရိကန္ေဒၚလာ (၁၈၅) သန္းႏွင့္ သဘာဝေဘးဒဏ္ ၾကံ့ၾကံ့ခံႏိုင္ရည္ရွိေသာ ရပ္ရြာလူထုဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ အာရွဖြံ႕ၿဖိဳးေရး ရန္ပံုေငြမွ ေပးအပ္ေသာ ကူညီေထာက္ပံ့ေငြ အေမရိကန္ ေဒၚလာ (၁၀) သန္း စုစုေပါင္း အေမရိကန္ေဒၚလာ (၁၉၅) သန္းျဖင့္ လုပ္ငန္းမ်ားကို လုပ္ေဆာင္မွာျဖစ္ေၾကာင္း သိရပါတယ္။

ေဖာ္ေဆာင္မည့္ စီမံကိန္းငယ္မ်ားတြင္ ရာသီဥတုဒဏ္ ခံႏိုင္စြမ္းရွိေသာ အေျခအေနေဖာ္ေဆာင္ေရး၊ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားႏွင့္ အျခားထြက္ကုန္မ်ား သင့္ေတာ္သည့္ တန္ဖိုးထက္ တိုးျမင့္ရရွိေအာင္ ေဆာင္ရြက္ျခင္း၊ ငါးဖမ္းလုပ္ငန္းႏွင့္ ေမြးျမဴေရး လုပ္ငန္းတို႔ ပါဝင္မွာျဖစ္ကာ စီမံကိန္းတြင္ လူဦးေရငါးေသာင္း ပါဝင္မည့္အနက္ (၃၀) ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးမ်ား ပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။

Read More >>> ဂ်ပန္အစုိးရက ယန္းေငြ (၄၄၄) သန္းရွိ လယ္ယာသံုးစက္ပစၥည္းမ်ား ေထာက္ပံ့မည္

စီမံကိန္းကို ၂၀၂၇ ခုႏွစ္၊ ပထမႏွစ္ဝက္တြင္ၿပီးစီးရန္ ေမွ်ာ္မွန္းထားကာ သဘာဝေဘးအႏၱရာယ္မ်ားအတြက္ အေရးေပၚတံု႔ျပန္မႈကိုလည္း ထည့္သြင္းလုပ္ေဆာင္သြားမွာျဖစ္ၿပီး စီမံကိန္းကာလတြင္ သဘာဝေဘးဒဏ္ကို ၿမိဳ႕နယ္တစ္ခုလံုး အတိုင္းအတာျဖင့္ ခံစားရသည့္ အေျခအေနမ်ိဳး ေပၚေပါက္ခဲ့မည္ဆိုပါက ၄င္းအစီအစဥ္မွ ပ်က္စီးသြားေသာ အေျခခံအေဆာက္အအံုမ်ားႏွင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ျပန္လည္ျပဳလုပ္ရန္ ရန္ပံုေငြမ်ား ထုတ္ယူႏိုင္ေၾကာင္း သိရပါတယ္။

ေက်းလက္ေဒသ အမ်ားစုမွာ ဖြံ႕ၿဖိဳးမႈနိမ့္က်ေနေသးကာ လူဦးေရ၏ (၁၆) ရာခိုင္ႏႈန္းသာ လွ်ပ္စစ္မီးရရွိၾကၿပီး (၃၀) ရာခိုင္ႏႈန္းခန္႔မွာ တစ္ႏွစ္တာပတ္လံုး ေသာက္သံုးေရမရရွိျခင္း၊ (၂၅) ရာခိုင္ႏႈန္းမွာ လမ္းပန္းအဆက္အသြယ္ မရရွိျခင္းတို႔ကို ၾကံဳေတြ႕ေနရေၾကာင္း သိရပါတယ္။

Source: The Farmer Myanmar

Read times Last modified on Friday, 31 January 2020 16:42
Rate this item
(0 votes)