Local News



ယခုနှစ်အတွင်း အာဆီယံနိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာသည့် မြန်မာ

ယခုနှစ်အတွင်း အာဆီယံနိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာသည့် မြန်မာ google

၂၀၁၉ တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာပြီး ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံအမြောက်အမြားသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားပါတယ်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိထိရောက်စေရေး စကားဝိုင်းဆွေးနွေးပွဲ (2nd Myanmar Development Effectiveness Roundtable) ဒုတိယနေ့ အခမ်းအနားမှာ ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ADB၊ Embassy of Italy၊ EU၊ Italian Agency for Development Cooperation၊ JICA ၊ USAID နှင့် World Bank Group တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။

ဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ကာ စီးပွားရေး၊ လူမှုရေး ထူးထူးခြားခြား ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့ရမှာဖြစ်ပြီး ၂၀၂၀ မှာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း (GDP) ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာမယ်လို့ ဆိုပါတယ်။

၂၀၂၀ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်လွယ်ကူမှု ညွှန်းကိန်း နှစ်အနည်းငယ်အတွင်း အဆင့် (၁၇) ထက်မနည်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အတွက် မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုရှိနေသည်မှာ သံသယဖြစ်စရာ မဟုတ်ကြောင်း ဝန်ကြီးက ဆိုပါတယ်။

ဒါ့ပြင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပထမအဆင့်သည် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အားပေးသည့် ဝန်းကျင်ကောင်းတစ်ရပ်အတွက် ပြုပြင်ပြောင်းလဲမှု ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

Read More >>> PMI အညွှန်းကိန်းအရ မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာလတွင် ဆက်လက်အားကောင်းခဲ့

ဒါ့ကြောင့် ငွေချေးလုပ်ငန်းများ၏ အတိုးနှုန်းဖြေလျှော့ခြင်း၊ အွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) စတင်အသုံးပြုခြင်း၊ ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် နိုင်ငံခြားဘဏ်များကို တံခါးဖွင့်ကြိုဆိုခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးက ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှု ဒုတိယပိုင်းတွင် စီမံကိန်းဘဏ်နှင့် PPP စင်တာ တည်ထောင်ခြင်းတို့ ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစင်တာ-PPP သည် စီမံကိန်းဘဏ်တည်ထောင်ပြီး နိုင်ငံတော်က ဦးစားပေးစီမံကိန်းများ ရွေးချယ်ကာ ပုဂ္ဂလိကကဏ္ဍကို ရင်းနှီးမြှုပ်နှံစေရန် ဖြစ်တယ်လို့ ဆိုပါတယ်။

Source: 7Day Daily

 

>>>Zawgyi<<<

ယခုႏွစ္အတြင္း အာဆီယံႏုိင္ငံမ်ားထက္ ကုန္ထုတ္လုပ္မႈ တုိးတက္လာသည့္ ျမန္မာ

၂၀၁၉ တြင္ ျမန္မာႏိုင္ငံသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားထက္ ကုန္ထုတ္လုပ္မႈ တိုးတက္လာၿပီး ကုန္ပစၥည္းမ်ိဳးစုံကို ႏိုင္ငံအေျမာက္အျမားသို႔ တင္ပို႔ႏိုင္ၿပီျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာၾကားပါတယ္။

ဒုတိယအႀကိမ္ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈအကူအညီမ်ား အက်ိဳးရွိထိေရာက္ေစေရး စကားဝိုင္းေဆြးေႏြးပြဲ (2nd Myanmar Development Effectiveness Roundtable) ဒုတိယေန႔ အခမ္းအနားမွာ ဝန္ႀကီးက ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါပြဲကို ရင္းႏွီးျမႇဳပ္ႏွံမႈနွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ ADB၊ Embassy of Italy၊ EU၊ Italian Agency for Development Cooperation၊ JICA ၊ USAID ႏွင့္ World Bank Group တို႔ ပူးေပါင္းစီစဥ္က်င္းပျခင္းျဖစ္ပါတယ္။

ဝန္ႀကီးက ေျပာၾကားရာတြင္ ျမန္မာႏိုင္ငံအေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က စတင္ကာ စီးပြားေရး၊ လူမႈေရး ထူးထူးျခားျခား ဖြံ႕ၿဖိဳးတိုးတက္လာတာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ၂၀၂၀ မွာ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္ႏႈန္း (GDP) ၆ ဒသမ ၈ ရာခိုင္ႏႈန္း ရွိလာမယ္လို႔ ဆိုပါတယ္။

၂၀၂၀ တြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ကိုင္လြယ္ကူမႈ ညႊန္းကိန္း ႏွစ္အနည္းငယ္အတြင္း အဆင့္ (၁၇) ထက္မနည္း တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ဒါ႔အတြက္ ျမန္မာႏိုင္ငံအေနနဲ႔ တိုးတက္မႈရွိေနသည္မွာ သံသယျဖစ္စရာ မဟုတ္ေၾကာင္း ဝန္ႀကီးက ဆိုပါတယ္။

Read More >>> PMI အညႊန္းကိန္းအရ ျမန္မာ့စက္မႈကုန္ထုတ္လုပ္ငန္းမ်ား၏ တိုးတက္မႈႏႈန္း ႏုိဝင္ဘာလတြင္ ဆက္လက္အားေကာင္းခဲ့

ဒါ့ျပင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ရာတြင္ ပထမအဆင့္သည္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္လာရန္ အားေပးသည့္ ဝန္းက်င္ေကာင္းတစ္ရပ္အတြက္ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္တယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။

ဒါ့ေၾကာင့္ ေငြေခ်းလုပ္ငန္းမ်ား၏ အတိုးႏႈန္းေျဖေလွ်ာ့ျခင္း၊ အြန္လိုင္းမွတ္ပုံတင္စနစ္ (MyCO) စတင္အသုံးျပဳျခင္း၊ ရာႏႈန္းျပည့္ ႏိုင္ငံျခားသားပိုင္ အသက္အာမခံကုမၸဏီမ်ားကို လုပ္ငန္းလုပ္ကိုင္ခြင့္ျပဳျခင္းႏွင့္ ႏိုင္ငံျခားဘဏ္မ်ားကို တံခါးဖြင့္ႀကိဳဆိုျခင္းတို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ဝန္ႀကီးက ဆိုပါတယ္။

ျပဳျပင္ေျပာင္းလဲမႈ ဒုတိယပိုင္းတြင္ စီမံကိန္းဘဏ္ႏွင့္ PPP စင္တာ တည္ေထာင္ျခင္းတို႔ ျဖစ္ေၾကာင္း ဝန္ႀကီးကေျပာသည္။ ႏုိင္ငံေတာ္ႏွင့္ ပုဂၢလိကက႑ ပူးေပါင္းေဆာင္႐ြက္မႈစင္တာ-PPP သည္ စီမံကိန္းဘဏ္တည္ေထာင္ၿပီး ႏိုင္ငံေတာ္က ဦးစားေပးစီမံကိန္းမ်ား ေ႐ြးခ်ယ္ကာ ပုဂၢလိကက႑ကို ရင္းႏွီးျမႇဳပ္ႏွံေစရန္ ျဖစ္တယ္လို႔ ဆိုပါတယ္။

Source: 7Day Daily

Read times Last modified on Friday, 31 January 2020 16:46
Rate this item
(1 Vote)