Local News



PMI အညွှန်းကိန်းအရ မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာလတွင် ဆက်လက်အားကောင်းခဲ့

PMI အညွှန်းကိန်းအရ မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာလတွင် ဆက်လက်အားကောင်းခဲ့ google

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး သွင်းကုန်ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုနှုန်

လေးလဆက်တိုက် ကျဆင်းခဲ့ကာ ကုန်ကျစရိတ်မြင့်မားမှု ဖိအားများ လျော့နည်းလာကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာအတွက် ထုတ်ပြန်သော နစ်ကေး မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

စစ်တမ်းအရ နိုဝင်ဘာတွင် လုပ်ငန်းလည်ပတ်မှုအခြေအနေများ အခိုင်အမာပို ကောင်းမွန်လာခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး အော်ဒါသစ်များ အခိုင်အမာမြင့်တက်လာခြင်းက အားဖြည့်ပေးသည်။ ထုတ်လုပ်မှုမှ အားရဖွယ်အရှိန်ဖြင့် တိုးလာခဲ့ပြီး ထုတ်လုပ်ရေးဆိုင်ရာ မျှော်လင့်ချက်များမှာ ပိုကောင်းလာခဲ့သော်လည်း ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းထက် အားနည်းနေဆဲဖြစ်သည်။

ယင်းအတောအတွင်း ပျမ်းမျှဝယ်ဈေးများမှာ စစ်တမ်းကို စတင်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ကတည်းက အနည်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့၍ ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများ အားပျော့လာခဲ့သည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် နိုဝင်ဘာတွင် (၅၂ ဒသမ ၇) ရှိခဲ့ရာ အပေါင်းလက္ခဏာနယ်ပယ်ထဲတွင် ဆက်ရှိနေပြီး လုပ်ငန်းအခြေအနေတစ်ရပ်လုံး အခိုင်အမာတိုးတက်ကောင်းမွန်လာခဲ့ခြင်းကို အချက်ပြနေသည်။ ယင်းမှာ အောက်တိုဘာ၏ (၅၃) ထက် မသိမသာနိမ့်နေသော်လည်း ရေရှည်ပျမ်းမျှဂဏန်းဖြစ်သည့် (၅၁ ဒသမ ၁) နှင့်စာလျှင် အတော်ပင်မြင့်မားသော နှုန်းဖြစ်သည်။

ကဏ္ဍတစ်ခုလုံး တိုးတက်လာမှုကို မောင်းနှင်ပေးခဲ့သည်မှာ နိုဝင်ဘာတွင် လုပ်ငန်းသစ်များ သိသာစွာတိုးပြီး ရရှိလာခြင်းဖြစ်သည်။ အော်ဒါသစ်များမှာ စစ်တမ်းမှတ်တမ်းတစ်လျှောက် (၁၃) လဆက်တိုက် တိုးတက်ခဲ့သည့်အပြင် ဇွန်လမှစ၍ အမြင့်ဆုံးနှုန်းလည်း ဖြစ်ခဲ့သည်။

ထို့အတူ ထုတ်လုပ်မှုနှုန်းသည်လည်း နိုဝင်ဘာတွင် စစ်တမ်းတစ်လျှောက် (၁၃) လ ဆက်တိုက်တိုးလာခဲ့သည်။ ကုမ္ပဏီကြီးများက အော်ဒါသစ်များကို စီမံဆောင်ရွက်ကြရုံသာမက ၎င်းတို့၏ လက်ကျန်အလုပ်များကိုပါ ပြီးဆုံးအောင် အားထုတ်ခဲ့ကြ၍ တိုးတက်မှုနှုန်းမှာ အောက်တိုဘာ၏ အားကောင်းခဲ့သည့်နှုန်းနှင့်ယှဉ်လျှင် အနည်းငယ်မျှသာ ပြောင်းလဲခဲ့သည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း လက်ကျန်အလုပ်များ၏ ပမာဏသည် (၄၂) လဆက်တိုက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်မှစ၍ အမြန်ဆုံးနှုန်းလည်းဖြစ်ခဲ့သည်။

ကုန်ထုတ်လုပ်သူတို့သည် ၎င်းတို့၏ လုပ်သားအင်အားများကို နိုဝင်ဘာတွင် (၁၂) လဆက်တိုက် တိုးချဲ့ခန့်အပ်ခြင်းဖြင့် အလုပ်တာဝန်များကို ပံ့ပိုးပေးခဲ့ရာ စစ်တမ်းအတွက် စံချိန်တင် အစဉ်အလာတစ်ခုဖြစ်သော်လည်း အောက်တိုဘာကတည်းက အလုပ်ဖန်တီမှုနှုန်း အားပျော့လာသည်ကို တွေ့မြင်ရသည်။

သွင်းကုန်များဝယ်ယူရေးလုပ်ငန်းများလည်း နိုဝင်ဘာတွင် ဆက်လက်ကျယ်ပြန့်လာခဲ့ပြီး သုံးလအတွင်းတွင် အမြန်ဆုံးနှုန်းဖြစ်ခဲ့သည်။ သို့တိုင်အောင် သွင်းကုန်သိုလှောင်ထားမှုများမှာ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး လက်ရှိ ထုတ်လုပ်မှုအားကောင်းလာမှုကို ရောင်ပြန်ဟပ်စေခဲ့သည်။ ပစ္စည်းပေးသွင်းကြသူတို့သည် ဝယ်လိုအားကို ကျယ်ပြန့်စွာ ဖြည့်တင်းပေးနိုင်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလမှစပြီး ဒသမဂဏန်းမျှ ပိုမိုကြာရှည်လာခဲ့သည်။

သွင်းကုန်ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ ဇူလိုင်လ၏ မှတ်သားဖွယ်ရာ နှုန်း၏ နောက်ပိုင်း နိုဝင်ဘာတွင် လေးလဆက်တိုက် ကျဆင်းလာခဲ့သည်။ ထို့ပြင် နောက်ဆုံးကာလတွင် မှတ်တမ်းတင်ထားခဲ့သည့် မြင့်တက်မှုမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး အနည်းဆုံးဖြစ်သည်။

ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများ အားနည်းလာခဲ့သည့်အလျောက် ထုတ်ကုန်ရောင်းဈေးများသည် ဧပြီမှစပြီး အနည်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့သည်။ သို့သော်လည်း စစ်တမ်းသမိုင်းထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရောင်းဈေးများမှာ သွင်းကုန်ဈေးနှုန်းများထက် ပိုပြီးသိသာစွာမြင့်တက်လာခဲ့ရာ ကုန်ထုတ်လုပ်ရေးကဏ္ဍထဲတွင် အမြတ်အစွန်းရနိုင်သည့် အခြေအနေများ ကောင်းမွန်လာပုံရကြောင်း သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် လာမည့် (၁၂) လအတွင်း ကုန်ထုတ်လုပ်မှုအလားအလာဆိုင်ရာ အမြင်များမှာ နိုဝင်ဘာတွင် အပေါင်းလက္ခဏာနယ်ပယ်ထဲ ရှိနေဆဲဖြစ်သည်။ အပြုသဘောမြင်မှုမှာ သုံးလအတွင်း အမြင့်ဆုံးသို့ အားကောင်းလာသော်လည်း စစ်တမ်း၏ ရေရှည်ပျမ်းမျှနှင့်စာလျှင် အားနည်းနေဆဲဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

Source: Eleven Media

 

>>>Zawgyi<<<

PMI အညႊန္းကိန္းအရ ျမန္မာ့စက္မႈကုန္ထုတ္လုပ္ငန္းမ်ား၏ တိုးတက္မႈႏႈန္း ႏုိဝင္ဘာလတြင္ ဆက္လက္အားေကာင္းခဲ့

ျမန္မာ့စက္မႈကုန္ထုတ္လုပ္ငန္းမ်ား၏ တိုးတက္မႈႏႈန္း ႏိုဝင္ဘာတြင္ ဆက္လက္အားေကာင္းခဲ့ၿပီး သြင္းကုန္ေစ်းႏႈန္းမ်ား၏ ေငြေၾကးေဖာင္းပြမႈႏႈန္း

ေလးလဆက္တိုက္ က်ဆင္းခဲ့ကာ ကုန္က်စရိတ္ျမင့္မားမႈ ဖိအားမ်ား ေလ်ာ့နည္းလာေၾကာင္း ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာအတြက္ ထုတ္ျပန္ေသာ နစ္ေကး ျမန္မာ့စက္မႈကုန္ထုတ္လုပ္ငန္း PMI အၫႊန္းကိန္း (Manufacturing Purchasing Manager’s Index ဝယ္ယူေရးမန္ေနဂ်ာမ်ား၏ အၫႊန္းကိန္း) အရ သိရသည္။

စစ္တမ္းအရ ႏိုဝင္ဘာတြင္ လုပ္ငန္းလည္ပတ္မႈအေျခအေနမ်ား အခိုင္အမာပို ေကာင္းမြန္လာခဲ့ေၾကာင္း ထုတ္ေဖာ္ျပသခဲ့ၿပီး ေအာ္ဒါသစ္မ်ား အခိုင္အမာျမင့္တက္လာျခင္းက အားျဖည့္ေပးသည္။ ထုတ္လုပ္မႈမွ အားရဖြယ္အရွိန္ျဖင့္ တိုးလာခဲ့ၿပီး ထုတ္လုပ္ေရးဆိုင္ရာ ေမွ်ာ္လင့္ခ်က္မ်ားမွာ ပိုေကာင္းလာခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ ႏွစ္လယ္ပိုင္းထက္ အားနည္းေနဆဲျဖစ္သည္။

ယင္းအေတာအတြင္း ပ်မ္းမွ်ဝယ္ေစ်းမ်ားမွာ စစ္တမ္းကို စတင္ခဲ့သည့္ လြန္ခဲ့ေသာ ေလးႏွစ္ကတည္းက အနည္းဆုံးႏႈန္းျဖင့္ ျမင့္တက္လာခဲ့၍ ကုန္က်စရိတ္မ်ား၏ ဖိအားေပးမႈမ်ား အားေပ်ာ့လာခဲ့သည္။

ျမန္မာ့စက္မႈကုန္ထုတ္လုပ္ငန္း PMI အၫႊန္းကိန္းသည္ ႏိုဝင္ဘာတြင္ (၅၂ ဒသမ ၇) ရွိခဲ့ရာ အေပါင္းလကၡဏာနယ္ပယ္ထဲတြင္ ဆက္ရွိေနၿပီး လုပ္ငန္းအေျခအေနတစ္ရပ္လုံး အခိုင္အမာတိုးတက္ေကာင္းမြန္လာခဲ့ျခင္းကို အခ်က္ျပေနသည္။ ယင္းမွာ ေအာက္တိုဘာ၏ (၅၃) ထက္ မသိမသာနိမ့္ေနေသာ္လည္း ေရရွည္ပ်မ္းမွ်ဂဏန္းျဖစ္သည့္ (၅၁ ဒသမ ၁) ႏွင့္စာလွ်င္ အေတာ္ပင္ျမင့္မားေသာ ႏႈန္းျဖစ္သည္။

က႑တစ္ခုလုံး တိုးတက္လာမႈကို ေမာင္းႏွင္ေပးခဲ့သည္မွာ ႏိုဝင္ဘာတြင္ လုပ္ငန္းသစ္မ်ား သိသာစြာတိုးၿပီး ရရွိလာျခင္းျဖစ္သည္။ ေအာ္ဒါသစ္မ်ားမွာ စစ္တမ္းမွတ္တမ္းတစ္ေလွ်ာက္ (၁၃) လဆက္တိုက္ တိုးတက္ခဲ့သည့္အျပင္ ဇြန္လမွစ၍ အျမင့္ဆုံးႏႈန္းလည္း ျဖစ္ခဲ့သည္။

ထို႔အတူ ထုတ္လုပ္မႈႏႈန္းသည္လည္း ႏိုဝင္ဘာတြင္ စစ္တမ္းတစ္ေလွ်ာက္ (၁၃) လ ဆက္တိုက္တိုးလာခဲ့သည္။ ကုမၸဏီႀကီးမ်ားက ေအာ္ဒါသစ္မ်ားကို စီမံေဆာင္႐ြက္ၾက႐ုံသာမက ၎တို႔၏ လက္က်န္အလုပ္မ်ားကိုပါ ၿပီးဆုံးေအာင္ အားထုတ္ခဲ့ၾက၍ တိုးတက္မႈႏႈန္းမွာ ေအာက္တိုဘာ၏ အားေကာင္းခဲ့သည့္ႏႈန္းႏွင့္ယွဥ္လွ်င္ အနည္းငယ္မွ်သာ ေျပာင္းလဲခဲ့သည္။ ကုန္ထုတ္လုပ္ေရးက႑အတြင္း လက္က်န္အလုပ္မ်ား၏ ပမာဏသည္ (၄၂) လဆက္တိုက္ က်ဆင္းလာခဲ့ျခင္း ျဖစ္သည့္အျပင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္မွစ၍ အျမန္ဆုံးႏႈန္းလည္းျဖစ္ခဲ့သည္။

ကုန္ထုတ္လုပ္သူတို႔သည္ ၎တို႔၏ လုပ္သားအင္အားမ်ားကို ႏိုဝင္ဘာတြင္ (၁၂) လဆက္တိုက္ တိုးခ်ဲ႕ခန႔္အပ္ျခင္းျဖင့္ အလုပ္တာဝန္မ်ားကို ပံ့ပိုးေပးခဲ့ရာ စစ္တမ္းအတြက္ စံခ်ိန္တင္ အစဥ္အလာတစ္ခုျဖစ္ေသာ္လည္း ေအာက္တိုဘာကတည္းက အလုပ္ဖန္တီမႈႏႈန္း အားေပ်ာ့လာသည္ကို ေတြ႕ျမင္ရသည္။

သြင္းကုန္မ်ားဝယ္ယူေရးလုပ္ငန္းမ်ားလည္း ႏိုဝင္ဘာတြင္ ဆက္လက္က်ယ္ျပန႔္လာခဲ့ၿပီး သုံးလအတြင္းတြင္ အျမန္ဆုံးႏႈန္းျဖစ္ခဲ့သည္။ သို႔တိုင္ေအာင္ သြင္းကုန္သိုေလွာင္ထားမႈမ်ားမွာ ေရွ႕ဆက္က်ဆင္းလာခဲ့ၿပီး လက္ရွိ ထုတ္လုပ္မႈအားေကာင္းလာမႈကို ေရာင္ျပန္ဟပ္ေစခဲ့သည္။ ပစၥည္းေပးသြင္းၾကသူတို႔သည္ ဝယ္လိုအားကို က်ယ္ျပန႔္စြာ ျဖည့္တင္းေပးႏိုင္ခဲ့ၾကၿပီး ပစၥည္းေပးသြင္းမႈ ၾကာျမင့္ခ်ိန္မ်ားမွာ ေအာက္တိုဘာလမွစၿပီး ဒသမဂဏန္းမွ် ပိုမိုၾကာရွည္လာခဲ့သည္။

သြင္းကုန္ေစ်းႏႈန္းမ်ား၏ ေငြေၾကးေဖာင္းပြမႈမွာ ဇူလိုင္လ၏ မွတ္သားဖြယ္ရာ ႏႈန္း၏ ေနာက္ပိုင္း ႏိုဝင္ဘာတြင္ ေလးလဆက္တိုက္ က်ဆင္းလာခဲ့သည္။ ထို႔ျပင္ ေနာက္ဆုံးကာလတြင္ မွတ္တမ္းတင္ထားခဲ့သည့္ ျမင့္တက္မႈမွာ စစ္တမ္းကို စတင္ခဲ့သည့္ ၂၀၁၅ ခုႏွစ္မွစၿပီး အနည္းဆုံးျဖစ္သည္။

ကုန္က်စရိတ္မ်ား၏ ဖိအားေပးမႈမ်ား အားနည္းလာခဲ့သည့္အေလ်ာက္ ထုတ္ကုန္ေရာင္းေစ်းမ်ားသည္ ဧၿပီမွစၿပီး အနည္းဆုံးႏႈန္းျဖင့္ ျမင့္တက္လာခဲ့သည္။ သို႔ေသာ္လည္း စစ္တမ္းသမိုင္းထဲတြင္ ပထမဦးဆုံးအႀကိမ္အျဖစ္ ေရာင္းေစ်းမ်ားမွာ သြင္းကုန္ေစ်းႏႈန္းမ်ားထက္ ပိုၿပီးသိသာစြာျမင့္တက္လာခဲ့ရာ ကုန္ထုတ္လုပ္ေရးက႑ထဲတြင္ အျမတ္အစြန္းရႏိုင္သည့္ အေျခအေနမ်ား ေကာင္းမြန္လာပုံရေၾကာင္း သုံးသပ္ထားသည္။

ျမန္မာႏိုင္ငံတြင္ လာမည့္ (၁၂) လအတြင္း ကုန္ထုတ္လုပ္မႈအလားအလာဆိုင္ရာ အျမင္မ်ားမွာ ႏိုဝင္ဘာတြင္ အေပါင္းလကၡဏာနယ္ပယ္ထဲ ရွိေနဆဲျဖစ္သည္။ အျပဳသေဘာျမင္မႈမွာ သုံးလအတြင္း အျမင့္ဆုံးသို႔ အားေကာင္းလာေသာ္လည္း စစ္တမ္း၏ ေရရွည္ပ်မ္းမွ်ႏွင့္စာလွ်င္ အားနည္းေနဆဲျဖစ္သည္။

ယခုထုတ္ျပန္ထားေသာ စစ္တမ္းကို IHS Markit က စက္မႈကုန္ထုတ္လုပ္ငန္းမ်ားထံမွ ေကာက္ယူစုစည္းရရွိသည့္ စစ္တမ္းမူလကိန္းဂဏန္းမ်ားကို အေျခခံျပဳစုထားျခင္းျဖစ္ၿပီး ဂ်ပန္အေျခစိုက္ Nikkei မီဒီယာအုပ္စုက ပံ့ပိုးထားျခင္းျဖစ္သည္။

Source: Eleven Media

Read times Last modified on Monday, 03 February 2020 16:58
Rate this item
(1 Vote)