Local News



သီလဝါတြင္ ဂ်ပန္ TOYOINK ကုမၸဏီက ေဒၚလာ (၈) မီလီယံတန္ဖုိးရွိ စက္႐ံုဖြင့္လွစ္

ဂ်ပန္ႏုိင္ငံက ၁၀၀ ရာခိုင္ႏႈန္း ပါဝင္ရင္းႏီွးျမွဳပ္ႏွံထားၿပီး စုစုေပါင္း ရင္းနွီးျမွဳပ္ႏွံမႈတန္ဖိုး ေဒၚလာ (၈ ဒသမ ၄) မီလီယံရွိသည့္ ဂ်ပန္ကုမၸဏီ TOYOINK က ၎တုိ႔၏ စက္႐ံုဖြင့္ပြဲကို သီလဝါအထူးစီးပြားေရးဇုန္တြင္ ႏိုဝင္ဘာ (၃၀) ရက္က ျပဳလုပ္ခဲ့ၿပီး ဒီဇင္ဘာ (၁) ရက္မွစတင္ကာ ျမန္မာႏုိ္င္ငံအတြင္း လုပ္ငန္းစတင္လည္ပတ္မွာျဖစ္ေၾကာင္း သိရပါတယ္။

TOYOINK ကုမၸဏီက ျမန္မာႏိုင္ငံတြင္ ဂ်ပန္ႏိုင္ငံ၏ ရာႏႈန္းျပည့္ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ လာေရာက္လုပ္ကိုင္ရျခင္းမွာ ဂ်ပန္ႏွင့္ ျမန္မာႏွစ္ႏိုင္ငံအၾကားတြင္ ေကာင္းမြန္သည့္ ဆက္ဆံေရးရွိသည့္အျပင္ အာရွႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံက စီးပြားေရးအခြင့္အလမ္း တိုးတက္မႈမ်ားစြားရွိသည့္အတြက္ ယင္းကဲ့သို႔ ေဒၚလာ (၈) မီလီယံေက်ာ္ျဖင့္ ရာႏႈန္းျပည့္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ပုံႏွိပ္လုပ္ငန္းမ်ား

TOYOINK ကုမၸဏီက ပုံႏွိပ္လုပ္ငန္မ်ားမွာ လိုအပ္တဲ့ မွင္ႏွင့္ စားေသာက္ကုန္ ထုတ္ပိုးမႈထုတ္ကုန္မ်ားကို ထုတ္လုပ္မွာျဖစ္ၿပီး အိမ္နီခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ ထိုင္းႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံတို႔အပါအဝင္ ႏုိင္ငံေပါင္း (၂၃) ႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာရွိတဲ့ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံမွာလည္း လုပ္ငန္းတိုးခ်ဲ႕မႈမ်ားစြာ ျပဳလုပ္ရန္ ရည္႐ြယ္ထားတဲ့ ကုမၸဏီတစ္ခုလည္းျဖစ္ပါတယ္။

Read More >>> ျမန္မာႏုိင္ငံတြင္ ႏုိင္ငံေပါင္း (၅၀) မွ ေဒၚလာ (၈၁) ဘီလ်ံေက်ာ္ ရင္းႏွီးျမွဳပ္နွံထား


အဆိုပါကုမၸဏီကို သီလဝါစက္မႈဇုန္အတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းေၾကာင့္ အစိုးရ၏ ငါးႏွစ္အခြန္ကင္းလြတ္ခြင့္ကို ရရွိထားေၾကာင္း သိရပါတယ္။ လက္ရွိ ျမန္မာႏုိင္ငံမွာ ဝန္ထမ္းအင္အား (၂၀) နဲ႔ စတင္လုပ္ကိုင္မွာျဖစ္ၿပီး လုပ္ငန္းစတင္လည္ပတ္ႏုိင္ရန္အတြက္ တစ္ႏွစ္ေက်ာ္ခန္႔ အခ်ိန္ယူခဲ့ရကာ ေနာက္ပိုင္းမွာ ျမန္မာႏုိင္ငံသားဝန္ထမ္းမ်ား လုပ္ငန္းအဓိကလုပ္ကိုင္ေစမယ့္ Local System ျဖင့္ ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

သီလဝါအထူးစီးပြားေရးဇုန္ A အျဖစ္ အေကာင္အထည္ေဖာ္ေနသည့္ ေျမ (၄၀၅) ဟက္တာအနက္ (၉၉) ရာခိုင္ႏႈန္းကို ေရာင္းခ်ၿပီးျဖစ္ကာ ဇုန္ B တြင္ ရာခိုင္ႏႈန္း (၅၀) ခန႔္ ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

Source: Eleven

Unicode

ဂျပန်နိုင်ငံက ၁၀၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ (၈ ဒသမ ၄) မီလီယံရှိသည့် ဂျပန်ကုမ္ပဏီ TOYOINK က ၎င်းတို့၏ စက်ရုံဖွင့်ပွဲကို သီလဝါအထူးစီးပွားရေးဇုန်တွင် နိုဝင်ဘာ (၃၀) ရက်က ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ (၁) ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစတင်လည်ပတ်မှာဖြစ်ကြောင်း သိရပါတယ်။

TOYOINK ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်ရခြင်းမှာ ဂျပန်နှင့် မြန်မာနှစ်နိုင်ငံအကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စီးပွားရေးအခွင့်အလမ်း တိုးတက်မှုများစွားရှိသည့်အတွက် ယင်းကဲ့သို့ ဒေါ်လာ (၈) မီလီယံကျော်ဖြင့် ရာနှုန်းပြည့် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပုံနှိပ်လုပ်ငန်းများ

TOYOINK ကုမ္ပဏီက ပုံနှိပ်လုပ်ငန်များမှာ လိုအပ်တဲ့ မှင်နှင့် စားသောက်ကုန် ထုတ်ပိုးမှုထုတ်ကုန်များကို ထုတ်လုပ်မှာဖြစ်ပြီး အိမ်နီချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်ငန်းတိုးချဲ့မှုများစွာ ပြုလုပ်ရန် ရည်ရွယ်ထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

Read More >>> မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း (၅၀) မှ ဒေါ်လာ (၈၁) ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား


အဆိုပါကုမ္ပဏီကို သီလဝါစက်မှုဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အစိုးရ၏ ငါးနှစ်အခွန်ကင်းလွတ်ခွင့်ကို ရရှိထားကြောင်း သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အား (၂၀) နဲ့ စတင်လုပ်ကိုင်မှာဖြစ်ပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ရန်အတွက် တစ်နှစ်ကျော်ခန့် အချိန်ယူခဲ့ရကာ နောက်ပိုင်းမှာ မြန်မာနိုင်ငံသားဝန်ထမ်းများ လုပ်ငန်းအဓိကလုပ်ကိုင်စေမယ့် Local System ဖြင့် ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် A အဖြစ် အကောင်အထည်ဖော်နေသည့် မြေ (၄၀၅) ဟက်တာအနက် (၉၉) ရာခိုင်နှုန်းကို ရောင်းချပြီးဖြစ်ကာ ဇုန် B တွင် ရာခိုင်နှုန်း (၅၀) ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရပါတယ်။

Source: Eleven

Read times Last modified on Monday, 02 December 2019 11:20
Rate this item
(0 votes)