Local News



ကမ်းလွန်သဘာဝဓာတ်ငွေစီမံကိန်းနှစ်ခု၏ ထုတ်လုပ်မှုနှုန်းများ အကျဘက်သို့ဦးတည်နေပြီး စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိ

ကမ်းလွန်သဘာဝဓာတ်ငွေစီမံကိန်းနှစ်ခု၏ ထုတ်လုပ်မှုနှုန်းများ အကျဘက်သို့ဦးတည်နေပြီး စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိ google

မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုအနက် ၁၉၉၆ ခုနှစ်မှ ထုတ်လုပ်မှုစတင်ခဲ့သည့်

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ၁၉၉၀ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းမှာ အကျဘက်သို့ ဦးတည်နေပြီး နောင်လာမယ့်နှစ်များမှာ စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိတော့မှာဖြစ်ကြောင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေစာရင်းအရ သိရပါတယ်။

လောင်စာဆီနှင့် သတ္တုတွင်းကုမ္ပဏီများ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ မူလခန့်မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း (၂၅၀၀၀) ကျော် လျော့နည်းနေကြောင်း သိရပါတယ်။ ထုတ်လုပ်မှုပမာဏလျော့နည်းရခြင်းမှာ ရဲတံခွန်စီမံကိန်းအနေဖြင့် Post Plateau Period သို့ ရောက်ရှိချိန်ဖြစ်တာကြောင့် အဆင့်ဆင့်ထုတ်လုပ်မှုကျဆင်းခြင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းရခြင်းမှာ သဘာဝဓာတ်ငွေ့သုံးစွဲမှုသက်တမ်း ကြာမြင့်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများမှာ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့တွင် 1MMBTU လျှင် ဒေါ်လာ (၈ ဒသမ ၈၈၁၄) နှုန်း၊ ရွှေစီမံကိန်းတွင် 1MMBTU လျှင် ဒေါ်လာ (၇ ဒသမ ၃၉၄၉) နှုန်း၊ ရဲတံခွန်၏ ရေနံစိမ်းနှင့် လေဆီဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ (၆၅) နှုန်းတို့ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းချက်တွင် ဖော်ပြထားပါတယ်။

Read More >>> အီတလီကုမ္ပဏီတစ်ခုက မန္တလေးတိုင်းတွင် ရေနံစမ်းသပ်ရှာဖွေမည်

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွင် တူးဖော်၊ ရှာဖွေဆဲ စီမံကိန်းသစ်များမှ စီးပွာဖြစ် ထုတ်လုပ်နိုင်မှုအချိန် နောက်ကျနေပါက လာမည့်နှစ်များမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ဝင်ငွေတဖြည်းဖြည်း လျော့နည်းလာမှာဖြစ်ကြောင်း၊ နောင်လာမယ့် ၂၀၂၃ ခုနှစ်မှာ ရတနာစီမံကိန်းနှင့် ရဲတံခွန်စီမံကိန်းတို့၏ စီမံကိန်းကာလပြီးဆုံးမည့် အခြေအနေသို့ ရောက်ရှိတော့မှာဖြစ်တာကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကမ်းလွန်စီမံကိန်းသစ်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် တွန်းအားပေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းနေသည့် စီမံကိန်းများအတွက် ကျားကန်ပေးခြင်းဖြင့် ဝင်ငွေများ လျော့နည်းမှုသက်သာစေရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

Source: Eleven

 

>>>Zawgyi<<<

ကမ္းလြန္သဘာဝဓာတ္ေငြစီမံကိန္းႏွစ္ခု၏ ထုတ္လုပ္မႈႏႈန္းမ်ား အက်ဘက္သုိ႔ဦးတည္ေနၿပီး စီမံကိန္းကာလ ၿပီးဆံုးမည့္အေျခအေနသုိ႔ ေရာက္ရွိ

ျမန္မာ့ကမ္းလြန္ရွိ ကမ္းလြန္သဘာဝဓာတ္ေငြ႔စီမံကိန္း (၄) ခုအနက္ ၁၉၉၆ ခုႏွစ္မွ ထုတ္လုပ္မႈစတင္ခဲ့သည့္ ရတနာသဘာဝဓာတ္ေငြ႔စီမံကိန္းႏွင့္ ၁၉၉၀ ခုႏွစ္တြင္ ထုတ္လုပ္မႈစတင္ခဲ့သည့္ ရဲတံခြန္သဘာဝဓာတ္ေငြ႔စီမံကိန္းတို႔၏ ထုတ္လုပ္မႈႏႈန္းမွာ အက်ဘက္သုိ႔ ဦးတည္ေနၿပီး ေနာင္လာမယ့္ႏွစ္မ်ားမွာ စီမံကိန္းကာလ ၿပီးဆံုးမည့္အေျခအေနသုိ႔ ေရာက္ရွိေတာ့မွာျဖစ္ေၾကာင္း ျပည္ေထာင္စု၏ ဘ႑ာေငြအရအသံုးခန္႔မွန္းေျခစာရင္းအရ သိရပါတယ္။

ေလာင္စာဆီႏွင့္ သတၱဳတြင္းကုမၸဏီမ်ား

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္၏ မူလခန္႔မွန္းေျခစာရင္းႏွင့္ ႏႈိုင္းယွဥ္ပါက ထုတ္လုပ္မႈပမာဏ ကုဗေပသန္းေပါင္း (၂၅၀၀၀) ေက်ာ္ ေလ်ာ့နည္းေနေၾကာင္း သိရပါတယ္။ ထုတ္လုပ္မႈပမာဏေလ်ာ့နည္းရျခင္းမွာ ရဲတံခြန္စီမံကိန္းအေနျဖင့္ Post Plateau Period သို႔ ေရာက္ရိွခ်ိန္ျဖစ္တာေၾကာင့္ အဆင့္ဆင့္ထုတ္လုပ္မႈက်ဆင္းျခင္း၊ ကုန္းတြင္းသဘာဝဓာတ္ေငြ႔ထုတ္လုပ္မႈ က်ဆင္းရျခင္းမွာ သဘာဝဓာတ္ေငြ႔သံုးစြဲမႈသက္တမ္း ၾကာျမင့္လာျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ကမ္းလြန္သဘာဝဓာတ္ေငြ႔ ေစ်းႏႈန္းမ်ားမွာ ရတနာ၊ ရဲတံခြန္ႏွင့္ ေဇာတိကစီမံကိန္းတို႔တြင္ 1MMBTU လွ်င္ ေဒၚလာ (၈ ဒသမ ၈၈၁၄) ႏႈန္း၊ ေ႐ႊစီမံကိန္းတြင္ 1MMBTU လွ်င္ ေဒၚလာ (၇ ဒသမ ၃၉၄၉) ႏႈန္း၊ ရဲတံခြန္၏ ေရနံစိမ္းႏွင့္ ေလဆီေစ်းႏႈန္းမွာ တစ္စည္လွ်င္ ေဒၚလာ (၆၅) ႏႈန္းတို႔ျဖစ္ေၾကာင္း ျပည္ေထာင္စုအစုိးရအဖြဲ႔ကိုယ္စား စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း၏ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ရွင္းလင္းခ်က္တြင္ ေဖာ္ျပထားပါတယ္။

Read More >>> အီတလီကုမၸဏီတစ္ခုက မႏၱေလးတုိင္းတြင္ ေရနံစမ္းသပ္ရွာေဖြမည္

ေရနံႏွင့္ သဘာဝဓာတ္ေငြ႔ထုတ္လုပ္မႈတြင္ တူးေဖာ္၊ ရွာေဖြဆဲ စီမံကိန္းသစ္မ်ားမွ စီးပြာျဖစ္ ထုတ္လုပ္ႏုိင္မႈအခ်ိန္ ေနာက္က်ေနပါက လာမည့္ႏွစ္မ်ားမွာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔၏ ဝင္ေငြတျဖည္းျဖည္း ေလ်ာ့နည္းလာမွာျဖစ္ေၾကာင္း၊ ေနာင္လာမယ့္ ၂၀၂၃ ခုႏွစ္မွာ ရတနာစီမံကိန္းႏွင့္ ရဲတံခြန္စီမံကိန္းတို႔၏ စီမံကိန္းကာလၿပီးဆံုးမည့္ အေျခအေနသို႔ ေရာက္ရွိေတာ့မွာျဖစ္တာေၾကာင့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔က႑၏ ကမ္းလြန္စီမံကိန္းသစ္မ်ားကို စီးပြားျဖစ္ထုတ္လုပ္ႏုိင္ရန္ တြန္းအားေပးျခင္းႏွင့္ ထုတ္လုပ္မႈက်ဆင္းေနသည့္ စီမံကိန္းမ်ားအတြက္ က်ားကန္ေပးျခင္းျဖင့္ ဝင္ေငြမ်ား ေလ်ာ့နည္းမႈသက္သာေစရန္ ေဆာင္ရြက္ရမွာျဖစ္ေၾကာင္း ဦးေမာင္ေမာင္ဝင္းက ဆုိပါတယ္။

Source: Eleven

Read times Last modified on Wednesday, 05 February 2020 16:55
Rate this item
(0 votes)