Local News



ျမန္မာ-တ႐ုတ္ သီးသန္႔စက္မႈဇုန္ထူေထာင္ရန္ တ႐ုတ္ကုမၸဏီအခ်ိဳ႕ ကမ္းလွမ္း

ျမန္မာ-တ႐ုတ္ သီးသန္႔စက္မႈဇုန္ထူေထာင္ရန္ တ႐ုတ္ကုမၸဏီအခ်ိဳ႕ ကမ္းလွမ္း google

တ႐ုတ္ကုမၸဏီအခ်ိဳ႕က ရန္ကုန္တိုင္းတြင္ စက္မႈဇုန္တစ္ခု ထူေထာင္ရင္းႏွီးျမႇဳပ္ႏွံရန္ တိုင္းအစိုးရထံ တင္ျပထားေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ Guangdong ျပည္နယ္ရွိ ကုမၸဏီမ်ားနဲ႔ ပူးေပါင္းၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္မႈဇုန္အေကာင္အထည္ေဖာ္ေဆာင္ရန္ တင္ျပျခင္း ျဖစ္ပါတယ္။

ဂ်ပန္၊ ကိုရီးယားႏိုင္ငံေတြလို တ႐ုတ္ႏိုင္ငံကလည္း ျမန္မာ-တ႐ုတ္ ပူးေပါင္းထားတဲ့ စက္မႈဇုန္တစ္ခု ထူေထာင္လိုတဲ့အတြက္ ကမ္းလွမ္းထားေၾကာင္း ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာပါတယ္။

ဒန္အုိးစက္မ်ားကို ရွာရန္ႏွိပ္ပါ

တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားအေနနဲ႔ ျမန္မာ့ထုတ္ကုန္လုပ္ငန္းက႑မွာ ထိုးေဖာက္ဝင္ေရာက္ေနခ်ိန္ သီးသန႔္စက္မႈဇုန္ ထူေထာင္ရန္ တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္မ်ားက စီစဥ္ျခင္း ျဖစ္ပါတယ္။

တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ စီးပြားေရးလုပ္ငန္းအျဖစ္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားက စက္မႈဇုန္လာေရာက္ထူေထာင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံပါက ဖိတ္ေခၚသင့္ေၾကာင္း ဦးေဇာ္မင္းဝင္းက ေျပာၾကားပါတယ္။

 

Read More >>> ဒဂုံဆိပ္ကမ္းႏွင့္ ဒဂုံအေရွ႕ဆက္စပ္နယ္ေျမရွိ ေျမဧကမ်ားတြင္ စက္မႈဇုန္မ်ား ေဖာ္ေဆာင္မည္

ျမန္မာႏိုင္ငံအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုသာ အဓိကလိုလားေနၿပီး တာဝန္ယူမႈရွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးတက္ေစေရး အေမရိကန္၊ ဂ်ပန္တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။

လက္ရွိမွာ ကိုရီးယားႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ားနဲ႔ ျမန္မာႏိုင္ငံတို႔ ပူးေပါင္းၿပီး ေညာင္ႏွစ္ပင္ေဒသရွိ ေျမဧက (၅၇၀) မွာ စက္မႈဇုန္ထူေထာင္ရန္ စီစဥ္ေနပါတယ္။

Source: 7Day Daily

 

Unicode ဖြင့်ဖတ်ရန်

တရုတ်ကုမ္ပဏီအချို့က ရန်ကုန်တိုင်းတွင် စက်မှုဇုန်တစ်ခု ထူထောင်ရင်းနှီးမြှုပ်နှံရန် တိုင်းအစိုးရထံ တင်ပြထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရန် တင်ပြခြင်း ဖြစ်ပါတယ်။

ဒန်အိုးစက်များကို ရှာရန်နှိပ်ပါ

ဂျပန်၊ ကိုရီးယားနိုင်ငံတွေလို တရုတ်နိုင်ငံကလည်း မြန်မာ-တရုတ် ပူးပေါင်းထားတဲ့ စက်မှုဇုန်တစ်ခု ထူထောင်လိုတဲ့အတွက် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာ့ထုတ်ကုန်လုပ်ငန်းကဏ္ဍမှာ ထိုးဖောက်ဝင်ရောက်နေချိန် သီးသန့်စက်မှုဇုန် ထူထောင်ရန် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက စီစဉ်ခြင်း ဖြစ်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စက်မှုဇုန်လာရောက်ထူထောင်ပြီး ရင်းနှီးမြှုပ်နှံပါက ဖိတ်ခေါ်သင့်ကြောင်း ဦးဇော်မင်းဝင်းက ပြောကြားပါတယ်။

Read More >>> ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ဆက်စပ်နယ်မြေရှိ မြေဧကများတွင် စက်မှုဇုန်များ ဖော်ဆောင်မည်

မြန်မာနိုင်ငံအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုသာ အဓိကလိုလားနေပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

လက်ရှိမှာ ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ညောင်နှစ်ပင်ဒေသရှိ မြေဧက (၅၇၀) မှာ စက်မှုဇုန်ထူထောင်ရန် စီစဉ်နေပါတယ်။

Read times
Rate this item
(2 votes)