Local News



ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ဆက်စပ်နယ်မြေရှိ မြေဧကများတွင် စက်မှုဇုန်များ ဖော်ဆောင်မည်

ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့က ဧက (၉၀၀၀) ကျော်ရှိ ယခင် စိုက်ပျိုးရေးအထူးဇုန်ကြီးကို စက်မှုဇုန်အဖြစ် ပြန်လည်ဖော်ဆောင်မှာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

စီမံကိန်းဖော်ဆောင်မယ့် အဆိုပါနေရာမှာ မြို့နယ်နှစ်ခုရဲ့ ဆက်စပ်နယ်မြေဖြစ်ပြီး ၎င်းနေရာတွင် စက်မှုဇုန်ကြီးများ၊ လူနေဇုန် (Residential zone) ကြီးများ ခွဲခြားပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ရှိကြောင်း ပြောကြားပါတယ်။

သစ်သားစက်ရုံများကို ရှာရန်နှိပ်ပါ

အဆိုပါနေရာတွင် အစိုးရမှ (၈၀) ရာခိုင်နှုန်း၊ ကုမ္ပဏီများမှ (၂၀) ရာခိုင်နှုန်းဖြင့် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ဖြစ်သည့် ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံ့တေး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်တို့မှာ စက်မှုဇုန်များ အကောင်အထည်ဖော်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

၎င်းထဲမှ ထန်းတပင်စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ပထမအဆင့်ကို အမေရိကန်ဒေါ်လာသန်း (၁၁၀) အသုံးပြုမှာဖြစ်ပြီး လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ပထမအဆင့်ကို စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ (၄၆) သန်းဖြင့် စတင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်ကြောင်း သိရပါတယ်။

Read More >>> JFE Meranti Myanmar မှ ALZU စတီးထုတ်ကုန်များကို စက်တင်ဘာလမှစ၍ ကြိုတင်မှာယူနိုင်တော့မည်

ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာလျက်ရှိပြီး စက်မှုဇုန်အသစ်များ ဖော်ဆောင်ရာတွင် စက်မှုလက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက အနည်းဆုံး မြေဧကရာနဲ့ချီပြီး လိုချင်ကြကြောင်း၊ အလားအလာကောင်းပြီး အောင်မြင်မှုရမှာလည်းဖြစ်ကြောင်း ဦးသန်းက ပြောထားပါတယ်။

 

Source: imyanmarhouse

Read times
Rate this item
(0 votes)