Local News



မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းကို ၂၀၂၀ ခုနှစ် ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်ရန် ရည်မှန်း

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းကို ၂၀၂၀ ခုနှစ် ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်ရန် ရည်မှန်း google

လာမယ့် ၂၀၂၀ တွင် နန်ကျင်စက်မှုဇုန်နဲ့ စီးပွားရေးဇုန် စီမံကိန်းကို စတင်အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ဆိုပါတယ်။

၎င်းးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် မေလ (၁၈) ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ဒုတိယအုပ်ချုပ်ရေးမှူးအဖွဲ့တို့ နားလည်မှုစာချွန်လွှာ MoU ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နန်ကျင်စက်မှုဇုန်နဲ့ စီးပွားရေးဇုန် စီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း တည်ရှိပြီး ဧက (၄၇၅၁) ကျော်ရှိကြောင်း သိရပါတယ်။ စက်မှုဇုန်သီးသန့်မဟုတ်ဘဲ လူနေရပ်ဝန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ စူပါမားကက်များ၊ သယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဝေးလမ်းများနဲ့ ရထားလမ်းများ တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Steam Boiler Equipment & Supplies (ရေနွေးငွေ့ ဘွိုင်လာစက်နှင့် အပိုပစ္စည်းများကို ရှာရန်နှိပ်ပါ)

၎င်းစီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအတွက် ကျပ် (၃၇၂) ဘီလျံ (ဒေါ်လာ ၂၇၃ သန်း ) ဖိုးရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံဘက်မှ ဟိန်ယုံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်နဲ့ ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ကုမ္ပဏီလီမိတက်တို့ပူးပေါင်းကာ စုပေါင်းရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ(Joint Venture Company) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း သိရပါတယ်။ ကုမ္ပဏီရင်းနှီးမြုပ်နှံမှု ရှယ်ယာကို မြန်မာနိုင်ငံဘက်မှ အနည်းဆုံး (၅၁) ရာခိုင်နှုန်း ယူထားကာ (၁၀) နှစ်ကြာ တည်ဆောက်ရန် လျာထားကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အနေနဲ့ ဒေသတွင်းအင်အားကြီး တရုတ်၊ အိန္ဒိယနိုင်ငံများနဲ့ ဆက်စပ်နေတဲ့အတွက် စီးပွားရေးအလားအလာကောင်းများ ရှိနေကြောင်း၊ ဒါ့ပြင် ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိနေပြီး ၎င်းကုန်သွယ်ရေးလမ်းကြောင်းများအပေါ် အခြေခံကာ ပြည်နယ်ရဲ့ စီးပွားရေး ဦးမော့လာစေရန် Plan များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဦးဝေလင်းက ဆိုပါတယ်။

 

Read More >>> မန္တလေးရှိ နိုင်ငံတကာအဆင့်မီ ကွန်ကရစ်စက်ရုံကြီး စမ်းသပ်လည်ပတ်နေ

ဗန်းမော်ခရိုင်မှာလည်း မိုးမောက်-လွယ်ဂျယ် (၄၇) မိုင်ကို BOT စနစ်နဲ့ အဆင့်မြှင့်တင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ခွင့်ပြုချက်ချပြီး ဖြစ်တဲ့အတွက် အဲဒီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီးဟာ အဆင့်မြှင့်တဲ့လမ်းကြောင်းကြီးဖြစ်မယ်ဆိုရင် ဗန်းမော်မှာလည်း စီးပွားရေးဇုန်တစ်ခု တည်ထောင်ဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားကြောင်း ဦးဝေလင်းက ဆက်လက်ပြောပါတယ်။

ဒါ့ပြင် မြို့နယ်အလိုက် မြို့ပြအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိပြီး မြစ်ကြီးနားဘူတာကြီးကို ဗဟိုစီးပွားရေးရပ်ဝန်းအဖြစ် အကောင်အထည်ဖော်ခြင်းနဲ့ ကန်ပိုက်တီးနယ်စပ်စခန်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: BENEWS
Myanmar Industry Directory

Read times Last modified on Thursday, 19 September 2019 11:38
Rate this item
(0 votes)