Local News



စက်မှုဇုန်ပထမအသုတ် ဖော်ဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်း

စက်မှုဇုန်ပထမအသုတ် ဖော်ဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်း myanmar times

ပြည်ပနိုင်ငံများမှ ကုန်ထုတ်လုပ်သူများ လွယ်ကူအဆင်ပြေနေရာ ချထားပေးနိုင်ရန်နဲ့ အခွင့်အလမ်းကောင်းများ လက်လွှတ်မခံရစေရေးအတွက် ရန်ကုန်မြို့သစ်စီမံကိန်းမှာ စက်မှုဇုန်ပထမအသုတ်ကို အကောင်အထည်ဖော်မှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ NYDC (News Yangon Development Company) ရဲ့ ဘုတ်အဖွဲ့ဝင်များကိုလည်း ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း NYDC ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းများကို လာရောက်လုပ်ကိုင်လိုတဲ့အတွက် နှစ်လအတွင်း စုံစမ်းသူ အများအပြားရှိခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မယ့် News Yangon Development Company ကို ရန်ကုန်တိုင်းအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်ပါတယ်။

News Yangon Development Company ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းအစား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နဲ့ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ဖြင့် ရန်ကုန်တိုင်းအစိုးရက ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

Biomass Dryers (Biomass Dryer နှင့်ပတ်သက်သည့်လုပ်ငန်း ၁၂ ခုကိုရှာရန် နှိပ်ပါ)

'' NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်'' လို့ NYDC ရဲ့ CEO ဦးသိမ်းဝေက ပြောဆိုခဲ့ပါတယ်။

အခုလိုဖော်ဆောင်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းများရရှိစေမှာဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း အခွင့်အလမ်းကောင်းများ ရရှိစေမှာဖြစ်ပါတယ်။

 

Read More >>> အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ ၇ လဆက်တိုက် ရပ်တည်နိုင်ခဲ့

ကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်တဲ့ စက်ရုံများအနေဖြင့်လည်း အမြန်ဆုံး လုပ်ငန်းများစတင်လိုတဲ့ အခြေအနေရှိကြောင်း NYDC ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

ဒါ့ပြင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများက ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံ့ဖြိုးရေးမှာ များစွာအထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ၎င်းကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ဖော်ပြထားပါတယ်။

 

Source: The Myanmar Times
Myanmar Industry Directory

Read times
Rate this item
(0 votes)