Local News



နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု သီလဝါအထူးစီးပွားရေးဇုန်တွင် ထည့်သွင်းတည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု သီလဝါအထူးစီးပွားရေးဇုန်တွင် ထည့်သွင်းတည်ဆောက်မည် google

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု ထည့်သွင်းတည်ဆောက်မှာဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က မြန်မာသီလဝါအက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) ရဲ့ ခြောက်ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။

၎င်းက " ရှေ့ကိုဘယ်လို ဆောင်ရွက်သွားမလဲဆိုရင် ဂျပန်သံအမတ်ကြီးဦးဆောင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တိုးတတ်လာတဲ့အနေအထားနဲ့ ကျွန်တော်တို့ မူလဆောင်ရွက်နေတဲ့ Urban Planning တွေကို အသစ်ပြန်လုပ်ပြီး ခေတ်မီမြို့ပြပုံစံတွေ ထည့်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။ မူလက လက်တွဲခဲ့တဲ့ ဂျပန်ကုမ္ပဏီ သုံးခုနဲ့ပဲ Urban Pla တွေကို ရေးဆွဲနေပါတယ်။ နိုင်ငံတော်ကို တင်ပြပြီး စက်မှုဇုန်ကို နိုင်ငံတကာအဆင့်မီ Urban Development ဖြစ်အောင် မြို့ပြအဆင့်ဖြစ်အောင် ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။

Ice Cubes (ရေခဲတုံးထုတ်စက်ရုံများကိုရှာရန် နှိပ်ပါ)

Thilawa Property Development Ltd (TPD) က သီလဝါအထူးစီးပွားရေးဇုန်မှာ လူနေအိမ်ရာများ၊ ဟိုတယ်များနဲ့ စက်မှုဇုန်များကို အကောင်အထည်ဖော်တည်ဆောက်ပေးလျက်ရှိရာ ခေတ်မီမြို့ပြကြီးတစ်ခုကို ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်က အဆိုပါဇုန်ရဲ့ လူနေအိမ်ရာနဲ့ စီးပွားရေးဧရိယာအတွင်းရှိ ဂျပန်နိုင်ငံမှ ဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ စူပါဟိုတယ်ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

**လှည်းကူးမြို့ရှိ ကိုရီးယား-မြန်မာစက်မှုမြို့တော်စီမံကိန်း စတင်**

မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) အနေဖြင့် Thilawa Property Development Ltd (TPD) မှာ (၈၀) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

 

Source: imyanmarhouse
Myanmar Industry Directory

Read times Last modified on Saturday, 07 September 2019 15:34
Rate this item
(0 votes)