Local News



SME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် Industrial Bank of Korea မှ နည်းပညာအကူအညီရယူမည်

SME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် Industrial Bank of Korea မှ နည်းပညာအကူအညီရယူမည် myanmar times

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME-Development Bank) က ကိုရီးယားနိုင်ငံမှ Industrial Bank of Korea (IBK) ရဲ့ နည်းပညာအကူအညီရယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ နည်းပညာပံ့ပိုးနိုင်ရေးအတွက် စက်တင်ဘာလ (၄) ရက်နေ့က တောင်ကိုရီးယားသမ္မတ လာရောက်တဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ Lotte Hotel မှာ နှစ်ဖက်နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်း ပြုလုပ်ခဲ့ပါတယ်။

Air Conditioners (လေအေးပေးစက်များကိုဝယ်ယူနိုင်သည့်လုပ်ငန်း ၈၄၇ ခုကိုရှာရန် နှိပ်ပါ)

“ ကိုရီးယားနိုင်ငံမှာရှိတဲ့ Incubation center တွေလိုမျိုး မြန်မာပြည်မှာ ကျွန်တော်တို့ ဘဏ်က ပထမဆုံး စတင်ဖွင့်လှစ်တာဖြစ်လို့ start-up လုပ်ငန်းရှင်တွေ၊ entrepreneurs တွေကို ပံ့ပိုးနိုင်ပါမှာပါ ” လို့ SME-Development Bank ရဲ့ CEO ဒေါက်တာဇေယျာညွန့်က ဆိုပါတယ်။

SME-Development Bank နဲ့ IBK တို့ ပူးပေါင်းပြီး ၎င်းလုပ်ငန်းများ စတင်နိုင်ရန် သုံးလနီးပါး အချိန်ယူရဦးမှာဖြစ်ပါတယ်။ IBK ဟာ ကိုရီးယားနိုင်ငံတွင် အဆင့် ၂ နေရာမှာရှိတဲ့ ဘဏ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။

**တောင်ကိုရီးယားနိုင်ငံ EDCF မှ ချေးငွေ အမေရိကန်ဒေါ်လာ (၁၅၅.၅၉၅) သန်းရရှိ**

SME-Development Bank ကို ၁၉၉၆ ခုနစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ SME-Development Bank အနေဖြင့် မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍများသို့ ချေးငွေများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့ပြင် ၎င်းဘဏ်အနေနဲ့ လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘဏ်ခွဲပေါင်း (၂၀) ကျော်အထိ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

 

Source: BE NEWS
Myanmar Industry Directory

Read times Last modified on Friday, 06 September 2019 11:24
Rate this item
(0 votes)