Local News



လှည်းကူးမြို့ရှိ ကိုရီးယား-မြန်မာစက်မှုမြို့တော်စီမံကိန်း စတင်

လှည်းကူးမြို့ရှိ ကိုရီးယား-မြန်မာစက်မှုမြို့တော်စီမံကိန်း စတင် google

တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက (၅၀၀) ကျော်မှာ ဒေါ်လာသန်း (၁၂၀) ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းကို စတင်လိုက်ကြောင်း တောင်ကိုရီးယားသမ္မတရဲ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ကြေညာလိုက်ပါတယ်။

စက်တင်ဘာ (၄) ရက်က ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ကျင်းပတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ကိုရီးယားသမ္မတ Moon Jae-in တို့ ပူးတွဲတတ်ရောက်တဲ့ အခမ်းအနားမှာ ဒီစီမံကိန်းစတင်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ၎င်းအခမ်းအနားကို နှစ်နိုင်ငံလုပ်ငန်းရှင်တွေလည်း တက်ရောက်ပြီး သီးခြားပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

၎င်းစက်မှုမြို့တော်စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားနိုင်ငံမှ KOREA LAND & HOUSING Corporation ၊ Global Sae-A Co.,Ltd တို့ ပူးပေါင်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ကုန်မာပစ္စည်းထုတ်လုပ်ငန်း ၂၁၅၇ ခုကိုရှာရန် နှိပ်ပါ

အဆိုပါစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကာ ၂၀၁၇ ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု (၆၀) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှု (၄၀) ရာခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စက်မှုဇုန်အောင်မြင်ရေးအတွက် ဇုန်ပြင်ပအခြေခံအဆောက်အအုံများဖြစ်တဲ့ လမ်း၊ ရေ၊ လျှပ်စစ်တို့အတွက် နှစ်နိုင်ငံအစိုးရများက သဘောတူခွင့်ပြုပြီးဖြစ်တဲ့ ကိုရီးယား EDCF ချေးငွေနဲ့ တည်ဆောက်ပြီး လိုအပ်တဲ့အရာများကို ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဝန်ချီစက်လုပ်ငန်းကိုရှာရန် နှိပ်ပါ

စက်တင်ဘာ (၄) ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကိုရီးယား သွင်းကုန်၊ ထုတ်ကုန်ဘဏ်တို့ ၎င်းစီမံကိန်းအတွက် ကုန်ကျမယ့် မြန်မာဘက်က ချေးငွေကိစ္စကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

စီမံကိန်းမှာ အသေးစား၊ အလတ်စားနဲ့ အကြီးစားစက်မှုလုပ်ငန်းများသာမက One Stop Service အလုပ်သမားသင်တန်းကျောင်းနဲ့ ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနဲ့ ရေဆိုးသန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနဲ့ အခြား စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

၎င်းစီမံကိန်းကို လာမယ့် ၂၀၂၅ ခုနှစ်မှာ အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီးပါက ကိုရီးယားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

Ref: VOA, Eleven

Myanmar Industry Directory

 

<<<Zawgyi>>>

လွည္းကူးၿမိဳ႕ရွိ ကုိရီးယား-ျမန္မာစက္မႈၿမိဳ႕ေတာ္စီမံကိန္း စတင္

ေတာင္ကုိရီးယားနဲ႔ ျမန္မာႏုိင္ငံတို႔ အက်ိဳးတူပူးေပါင္းၿပီး ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္အတြင္းရွိ ေျမဧက (၅၀၀) ေက်ာ္မွာ ေဒၚလာသန္း (၁၂၀) ရင္းႏွီးျမွဳပ္ႏွံမယ့္ ႏုိင္ငံတကာအဆင့္မီ စက္မႈဇုန္စီမံကိန္းကို စတင္လုိက္ေၾကာင္း ေတာင္ကိုရီးယားသမၼတရဲ႕ ရန္ကုန္ခရီးစဥ္အတြင္းမွာ ေၾကညာလုိက္ပါတယ္။

စက္တင္ဘာ (၄) ရက္က ရန္ကုန္ၿမိဳ႕ Lotte ဟုိတယ္မွာ က်င္းပတဲ့ ဒုတိယသမၼတ ဦးျမင့္ေဆြနဲ႔ ကိုရီးယားသမၼတ Moon Jae-in တို႔ ပူးတဲြတတ္ေရာက္တဲ့ အခမ္းအနားမွာ ဒီစီမံကိန္းစတင္ေၾကာင္း ေၾကညာလိုက္ျခင္းျဖစ္ပါတယ္။ ၎အခမ္းအနားကို ႏွစ္ႏိုင္ငံလုပ္ငန္းရွင္ေတြလည္း တက္ေရာက္ၿပီး သီးျခားပူးေပါင္းေဆာင္ရြက္ရမယ့္ ကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရပါတယ္။

၎စက္မႈၿမိဳ႕ေတာ္စီမံကိန္းအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ ကုိရီးယားႏုိင္ငံမွ KOREA LAND & HOUSING Corporation ၊ Global Sae-A Co.,Ltd တုိ႔ ပူးေပါင္းအေကာင္အထည္ေဖာ္မွာ ျဖစ္ပါတယ္။

Hardwares (ကုန္မာပစၥည္းထုတ္လုပ္ငန္း ၂၁၅၇ ခုကိုရွာရန္ ႏွိပ္ပါ)

အဆုိပါစီမံကိန္းကို ၂၀၁၅ ခုႏွစ္တြင္ နားလည္မႈစာခၽြန္လႊာခ်ဳပ္ဆိုခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ကိုရီးယားႏုိင္ငံမွ ရင္းႏွီးျမွဳပ္ႏွံမႈ (၆၀) ရာခိုင္ႏႈန္း၊ ျမန္မာႏုိင္ငံဘက္မွ ရင္းႏွီးျမွဳပ္ႏွံမႈ (၄၀) ရာခုိင္ႏႈန္းနဲ႔ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံအေနန႔ဲ စက္မႈဇုန္ေအာင္ျမင္ေရးအတြက္ ဇုန္ျပင္ပအေျခခံအေဆာက္အအံုမ်ားျဖစ္တဲ့ လမ္း၊ ေရ၊ လွ်ပ္စစ္တုိ႔အတြက္ ႏွစ္ႏုိင္ငံအစုိးရမ်ားက သေဘာတူခြင့္ျပဳၿပီးျဖစ္တဲ့ ကိုရီးယား EDCF ေခ်းေငြနဲ႔ တည္ေဆာက္ၿပီး လိုအပ္တဲ့အရာမ်ားကို ပံ့ပိုးေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Forklifts (ဝန္ခ်ီစက္လုပ္ငန္းကုိရွာရန္ ႏွိပ္ပါ)

စက္တင္ဘာ (၄) ရက္ေန႔က စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ၾကီးဌာနနဲ႔ ကိုရီးယား သြင္းကုန္၊ ထုတ္ကုန္ဘဏ္တို႔ ၎စီမံကိန္းအတြက္ ကုန္က်မယ့္ ျမန္မာဘက္က ေခ်းေငြကိစၥကို သေဘာတူလက္မွတ္ ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။

စီမံကိန္းမွာ အေသးစား၊ အလတ္စားနဲ႔ အႀကီးစားစက္မႈလုပ္ငန္းမ်ားသာမက One Stop Service အလုပ္သမားသင္တန္းေက်ာင္းနဲ႔ ဝန္ထမ္းအိမ္ရာ၊ ပန္းၿခံနဲ႔ ေရဆုိးသန္႔စင္စက္႐ံု၊ စီမံခန္႔ခြဲေရး႐ံုးနဲ႔ အျခား စီးပြားေရးဆုိင္ရာ ဝန္ေဆာင္မႈဇုန္မ်ားလည္း ပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။ 

**အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ရရွိႏုိင္မည့္ Smart and Eco City စီမံကိန္း ႏုိဝင္ဘာလတြင္ စတင္မည္**

၎စီမံကိန္းကို လာမယ့္ ၂၀၂၅ ခုႏွစ္မွာ အၿပီးတည္ေဆာက္သြားမွာျဖစ္ၿပီး ၎စီမံကိန္းၿပီးစီးပါက ကုိရီးယားႏိုင္ငံမွ စက္မႈလက္မႈလုပ္ငန္းမ်ား အလံုးအရင္းနဲ႔ ဝင္ေရာက္လာမွာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္မွ သိရပါတယ္။

 

Ref: VOA, Eleven
Myanmar Industry Directory

Read times Last modified on Tuesday, 25 February 2020 16:54
Rate this item
(1 Vote)