Local News



သတ်မှတ်စည်းကမ်းချက်များ မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးအရေးယူမည်

သတ်မှတ်စည်းကမ်းချက်များ မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးအရေးယူမည် google

သတ်မှတ်စည်းကမ်းချက်များ မလိုက်နာဘဲ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ထိရောက်စွာ စစ်ဆေး အရေးယူမှာဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရေဆိုးထုတ်လွှတ်မှု မပြုလုပ်မီ ရေသန့်စင်မှု ပြုလုပ်ရန်၊ စက်ရုံ၊ အလုပ်ရုံများရဲ့ မီးခိုးတိုင်များမှ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့များအတွင်း အမှုန်အမွှားပါဝင်မှုလျှော့ချရန် စတဲ့အချက်များ ပါဝင်ပေမယ့်လည်း လက်ရှိမှာ သတ်မှတ်စည်းကမ်းချက်များအပေါ် အပြည့်အဝလိုက်နာတဲ့ စက်ရုံ၊ အလုပ်ရုံများ နည်းပါးနေသေးကြောင်း သိရပါတယ်။

လေထု၊ ရေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ စက်ရုံများရှိနေပြီး ၎င်းတို့ကို သွားရောက်စစ်ဆေးရာတွင် သတ်မှတ်စည်းကမ်းချက်များနဲ့ မကိုက်ညီသဖြင့် ပိတ်သိမ်းခံရမှုများလည်း ရှိပါတယ်။

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စည်းကမ်းနဲ့အညီ ဆောင်ရွက်ရန် အချိန် (၆) လ ပေးထားကြောင်း သိရပါတယ်။ “သတ်မှတ်စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင်ကြဖို့ အချိန် (၆) လ ပေးထားပါတယ်။ ဒါကလည်း လုပ်ငန်းရှင်ကေတွ သူတို့အခက်အခဲတွေကို တင်ပြပြီး တောင်းဆိုထားတာကြောင့် အချိန်ပေးထားတာပါ။ ဒီကာလအတွင်းမှာ မလုပ်ဆောင်ဘူး၊ မလိုက်နာဘူးဆိုရင် အရေးယူဆောင်ရွက်တော့မှာပါ။ ဇန်န၀ါရီလလောက်မှာ အရေးယူဆောင်ရွက်တာကို စတင်လုပ်မယ်” လို့ ဦးကျော်ဆန်းနိုင်က ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်ရုံ၊ အလုပ်ရုံများကို သွားရောက်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအတွက် စည်းကမ်းချက်များအပေါ် လိုက်နာရန်နဲ့ စည်းကမ်း ချက်များအတိုင်း လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ၂၀၁၉ ခုနှစ် သြဂုတ်လမှ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလအထိ အချိန် (၆) လ သတ်မှတ်ပေးထားကြောင်း သိရပါတယ်။

 

Source: Myawady
Myanmar Industry Directory

Read times
Rate this item
(0 votes)