Local News



ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် မတင်ပြနိုင်သော စက်ရုံများကို အရေးယူမည်

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် မတင်ပြနိုင်သော စက်ရုံများကို အရေးယူမည် google

အရက်ချက်စက်ရုံများ အပါအဝင် စက်မှုကဏ္ဍ (၉) ခုအောက်ရှိ စက်ရုံများအနေနဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို သတ်မှတ်ကာလအတွင်း

ရေးဆွဲတင်ပြရန်နဲ့ မလိုက်နာရင် အရေးယူမှာဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သြဂုတ် (၇) ရက်မှာ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုအောက်ရှိ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲရန် ကာလတိုးမြှင့်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်တဲ့နေ့မှ ခြောက်လအတွင်း နောက်ဆုံးထားတင်ပြရန် သတ်မှတ်ခြင်းဖြစ်ပါတယ်။

EMP ရေးဆွဲဖို့ ပျက်ကွက်ခြင်းနဲ့ လိုက်နာမှုမရှိတဲ့ စက်ရုံ၊ အလုပ်ရုံများကို တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထိရောက်စွာ အရေးယူခြင်း (သို့မဟုတ်) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ (၃၂) အရ တရားစွဲဆိုခြင်းများ လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမိန့်စာမှာ ဖော်ပြထားပါတယ်။

အခုလက စတင်သက်ရောက်တဲ့ ၎င်းအမိန့်စာအရသက်ဆိုင်တဲ့ စက်ရုံများမှာ တစ်ရက်ကို လီတာ (၅၀,၀၀၀) နဲ့အထက် အရက်၊ ဘီယာနဲ့ ဝိုင် ထုတ်လုပ်တဲ့လုပ်ငန်းများ၊ တစ်ရက် (၁၀) တန်နဲ့အထက် အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရပါတယ်။

၎င်းလုပ်ငန်းတွေအပြင် ပိုးသတ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနဲ့ ထည့်သွင်းထုပ်ပိုးခြင်းလုပ်ငန်း၊ တစ်နာရီကို (၁၀) တန်နဲ့အထက် ဘိလပ်မြေထုတ်လုပ်တဲ့လုပ်ငန်း၊ တစ်ရက်ကို တန် (၂၀) အထက် ထုံးထုတ်လုပ်တဲ့လုပ်ငန်း၊ တစ်ရက်ကို တစ်တန်နဲ့အထက် အဝတ်အထည်၊ ဆေးဆိုးပန်းရိုက်၊ ဆေးဆိုးတဲ့ လုပ်ငန်းများလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တစ်ရက်ကို တန် (၅၀) အထက် ထုတ်လုပ်တဲ့ သကြားစက်ရုံ၊ တန် (၂၀) အထက် ထုတ်လုပ်တဲ့ ပျော့ဖတ်နဲ့ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ သားရေနယ်စက်ရုံလုပ်ငန်းနဲ့ သတ္တုအရည်ကျိုပုံလောင်းခြင်း လုပ်ငန်းများ ပါဝင်ပါတယ်။

 

Source: 7day daily
Myanmar Industry Directory

Read times Last modified on Tuesday, 13 August 2019 15:08
Rate this item
(0 votes)