Local News



တစ်နှစ်လျှင် ကားစီးရေ ၅၀၀၀ ခန့်ထုတ်လုပ်မည့် Gold AYA ကုမ္ပဏီ

တစ်နှစ်လျှင် ကားစီးရေ ၅၀၀၀ ခန့်ထုတ်လုပ်မည့် Gold AYA ကုမ္ပဏီ google

မန္တလေးမြို့သာဥယျာဉ်စီမံကိန်းမှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ထားတဲ့ Gold Aya ကုမ္ပဏီက တစ်နှစ်ကို ကားစီးရေ (၅၀၀၀) ခန့်

ထုတ်လုပ်ရန် စီစဉ်ထားရှိကြောင်း Gold AYA Mortors International Group Co.,Ltd ၏ Vice General Manager Mr.Jacky Yan က ပြောပါတယ်။

တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အဆိုပါ စက်ရုံကို မြို့သာစက်မှုဥယျာဉ်အတွင်းရှိ မြေဧက (၂၁.၁) ဧက အကျယ်အဝန်းမှာ တည်ဆောက်ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၃၀) ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။ Gold AYA Motor International Co.,Ltd က  “One Belt and One Road” အစီအစဉ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးနိုင်ရန်အတွက် Kunming Xingyao Group က ၂၀၁၇ ခုနှစ်မှာ စတင်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

စက်ရုံတည်ဆောက်ရေးရဲ့ ပထမအဆင့်မှာ SKD Assembly Line ပါဝင်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းက ကားအစီးရေ (၅,၀၀၀) ဖြစ်ကာ Assembly Shop တပ်ဆင်သည့်ဌာန, အစိတ်အပိုင်း သိုလှောင်ဌာန Parts Warehouse, Container Ward ကွန်တိန်နာဝင်း, Commodity Car Parking Area ကားပါကင်, Test Track စမ်းသပ်ရန်လမ်းကြောင်း, Oil Storage ဆီသိုလှောင်ကန်, Solid Waste Station အမှိုက်စွန့်ပစ်ရန်နေရာ, Oil Depot, Office Building and Related Facilities ရုံးအဆောက်အအုံနဲ့ အခြားလိုအပ်ချက်များစွာကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားကြောင်း သိရပါတယ်။

လက်ရှိ ကုမ္မဏီအနေနဲ့ ကားအမျိုးအစား (၁၀) မျိုးကျော်ကို ဆက်လက်ထုတ်လုပ်သွားဖို့ စီစဉ်ထားရှိပြီး အိမ်စီးကားအမျိုးအစားများ၊ SUVs, MPVs, Commercial Vehicles, Pickup Trucks, Special Vehicles တို့အပြင် New Energy Vehicles တို့ကိုပါ ထုတ်လုပ်သွားမှာဖြစ်ကြောင်း Mr.Jacky Yan က ပြောပါတယ်။

Gold AYA Motors International Group Co., Ltd က မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကားထုတ်လုပ်နိုင်တဲ့ ကုမ္မဏီဖြစ်လာဖို့နဲ့ မြန်မာနိုင်ငံမှာသာမက အာရှ (၁၀) နိုင်ငံကိုပါ ထိုးဖောက်ဝင်ရောက်ပြီး ပြည်တွင်းပြည်ပကားဈေးကွက်ကို ဦးဆောင်တဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကုမ္မဏီဖြစ်လာဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Gold AYA Mortors International Group ကုမ္ပဏီက မော်တော်ကား ထုတ်လုပ်တဲ့စက်ရုံကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက စတင်တည်ဆောက်ခဲ့ပြီး ပထမဦးဆုံးထုတ်လုပ်တဲ့ အသေးစား SUV အမျိုးအစား Q35 ကား မိတ်ဆက်ပြသပွဲကို ဇူလိုင် (၃၁) ရက်က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါစက်ရုံမှ ထွက်ရှိတဲ့ ကားများကို ရန်ကုန်၊ မန္တလေးမြို့ရှိ အရောင်းဆိုင်များမှာ ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး မော်တော်ကား ရောင်းချခြင်း စတဲ့လုပ်ငန်းများ ဆောင်ရွက်မယ်လို့ သိရပါတယ်။

 

Source: Drive Myanmar
Myanmar Industry Directory

Read times Last modified on Thursday, 08 August 2019 17:16
Rate this item
(1 Vote)