Local News



မြန်မာ့သနပ်ခါးကို နိုင်ငံအချို့ စိတ်ဝင်စားသော်လည်း တင်ပို့ရန် အခက်အခဲရှိ

မြန်မာ့သနပ်ခါးကို နိုင်ငံအချို့ စိတ်ဝင်စားသော်လည်း တင်ပို့ရန် အခက်အခဲရှိ google

မြန်မာ့သနပ်ခါးကို ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားမှုရှိနေခြင်းကြောင့် တင်ပို့လိုပေမယ့်လည်း အခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။

မြန်မာ့သနပ်ခါးကို အမှုန့်အဖြစ်ထုတ်လုပ်ကာ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဓာတုဆေးဝါးကင်းပြီး သဘာဝစစ်စစ်ရောင်းချတဲ့ ပစ္စည်းများပြပွဲမှာ သွားရောက်ပြသခဲ့ရာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယကုန်သည်တို့က စိတ်ဝင်စားမှုရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပြည်ပနိုင်ငံများသို့ သနပ်ခါးကို တရားမဝင် လမ်းကြောင်းများနဲ့ တင်ပို့နေခြင်းကြောင့် တင်ပို့တဲ့အခါ အခက်အခဲများရှိနေကြောင်း၊ ဒါ့ပြင် ပြည်တွင်းမှာလည်း သနပ်ခါးပါဝင်တယ်ဆိုပြီး ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နေပေမယ့်လည်း အမှန်တကယ် သနပ်ခါးပါဝင်မှုမရှိခြင်းကြောင့် ဈေးကွက်ပိုင်းဆိုင်ရာ အခက်အခဲများရှိနေကြောင်း သိရပါတယ်။

ဒါ့ကြောင့် တင်ပို့မှု၊ ရောင်းချမှုဆိုင်ရာများကို သက်ဆိုင်ရာနဲ့ ပူးပေါင်းလုပ်ဆောင်ပြီးမှသာ တင်ပို့ရင် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ခြင်းကြောင့် ဆောလျင်စွာ တင်ပို့မှုမပြုသေးခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလို အခက်အခဲများရှိနေပေမယ့်လည်း မြန်မာ့သနပ်ခါးကို အဆင့်မြင့်ထုတ်ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်ရင် ပြည်တွင်းရှိ သနပ်ခါးစိုက်ပျိုးသူများ ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။ ကနဦးအနေနဲ့ ပြည်တွင်းမှာ သနပ်ခါး ပါဝင်တယ်ဆိုပြီး ရောင်းချနေတဲ့ အဆင့်မြင့် ထုတ်ကုန်များကို ဓာတ်ခွဲစစ်ဆေးကာ ပါဝင်မှုမရှိရင် ဥပဒေအရ အရေးယူမှု ပြုလုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့သနပ်ခါးကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယအပြင် တရုတ်နဲ့ ပြင်သစ်နိုင်ငံကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာ့သနပ်ခါးကို နိုင်ငံခြားသားများ ပိုမိုသိရှိလာစေဖို့ အလှအပဆိုင်ရာသင်တန်းများကို အသင်းက ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

Source: The Farmer Myanmar
Myanmar Industrial Directory

Read times
Rate this item
(0 votes)