Local News



သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းအတွက် အဓိက ထုတ်လုပ်သည့်လုပ်ငန်း ပိုများလာ

သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းအတွက် အဓိက ထုတ်လုပ်သည့်လုပ်ငန်း ပိုများလာ google

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီများရဲ့ ဈေးကွက်အခြေအနေအရ ပြည်တွင်းဈေးကွက်အတွက် အဓိကထုတ်လုပ်တဲ့လုပ်ငန်း ပိုမိုများပြားလာကြောင်း

သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ပင်မအဖွဲ့ဖြစ်တဲ့ မြန်မာသီလဝါအက် (စ်) အီးဇက်ဟိုးဒင်း ပတ်ဘလစ်အများနဲ့ သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သိရပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာ ဈေးကွက်အရကြည့်ရင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ( ၃၆ ) ကုမ္ပဏီ၊ ပြည်တွင်းဈေးကွက် ဦးစားပေးစက်မှုလုပ်ငန်း (၆၀) ကုမ္ပဏီနဲ့ အခြားကုမ္ပဏီတစ်ခုတို့ ဖြစ်ကြပါတယ်။

ကနဦးက ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းကို ( ၇၀ ) ရာခိုင်နှုန်း၊ ပြည်တွင်းဈေးကွက် ဦးစားပေးစက်မှုလုပ်ငန်းကို ( ၃၀ ) ရာခိုင်နှုန်းလို့ ခန့်မှန်းခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းမှာ ( ၄၀ ) ရာခိုင်နှုန်း၊ ပြည်တွင်းဈေးကွက် ဦးစားပေးစက်မှုလုပ်ငန်းမှာ ( ၆၀ ) ရာခိုင်နှုန်းနဲ့ ပြည်တွင်းဈေးကွက် ဦးစားပေး စက်မှုလုပ်ငန်းရဲ့ ရာခိုင်နှုန်းက ပိုများခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် မလုံလောက်မှုကို ဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပါဝင်ကြတဲ့ ကုမ္ပဏီများကို ဇုန်ကြီးနှစ်ပိုင်းခွဲခြားနိုင်ကြောင်း၊ ပထမတစ်ပိုင်းမှာ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများပါဝင်ပြီး (ကုန်ပစ္စည်းရဲ့ ၇၅ ရာခိုင်နှုန်း) ကို ပြည်ပတင်ပို့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းရဲ့( ၈၀ ) ရာခိုင်နှုန်းကျော်ကို Free Zone အတွင်းရှိ ပို့ကုန်စီးပွားရေးလုပ်ငန်းဆီ ရောင်းချခြင်းကို ဆိုလိုပြီး ၎င်းကို Free Zone လို့ခွဲခြားနိုင်ကြောင်း သိရပါတယ်။ နောက်တစ်ပိုင်းမှာ ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှုလုပ်ငန်းဖြစ်ပြီး ၎င်းကို Promotion Zone လို့ခွဲခြားနိုင်ပါတယ်။

Read More >>> ဂျပန်ကုမ္ပဏီအများအပြား သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ

အဆိုပါ ဇုန်နှစ်ပိုင်းစလုံးရဲ့ မြေနေရာ သုံးစွဲငှားရမ်းခွင့်ကာလမှာ အများဆုံး ( ၇၅ ) နှစ်ဖြစ်ပြီး ခံစားခွင့်များမှာ ဥပမာအားဖြင့် Free Zone အတွင်းဖြစ်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ဖြစ်ကာ Promotion Zone အတွင်းဖြစ်ပါက ငါးနှစ်ဖြစ်တဲ့အတွက် Free Zone အပိုင်းက ပိုမိုအကျိုးခံစားခွင့် ရရှိကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်က စီးပွားရေးအခွင့်အလမ်းကောင်း များစွာရှိပြီး အချက်အချာကျတဲ့အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း ( ၁၉ ) နိုင်ငံ၊ ကုမ္ပဏီပေါင်း ( ၁၀၈ ) ခုအထိ ရင်းနှီးမြှုပ်နှံထားလျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားပါတယ်။

 

Source : Eleven Media Group
Myanmar Industrial Directory

Read times
Rate this item
(1 Vote)