Local News



လျှပ်စစ်ဓာတ်အားခများ ဇူလိုင် ( ၁ ) ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံမည်

လျှပ်စစ်ဓာတ်အားခများ ဇူလိုင် ( ၁ ) ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံမည် google

လာမယ့် ဇူလိုင်လ ( ၁ ) ရက်နေ့မှ စတင်ပြီး နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမယ့် လုပ်ငန်းများအတွက်လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးတဲ့ ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းများအတွက်လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်စေရန် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားအသုံးပြုမှုနှုန်းထားကို ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပြီး အခုလို ပြင်ဆင်နိုင်ရေးအတွက် လျှပ်စစ်မီး သုံးစွဲသူများကို ကိုယ်စားပြုတဲ့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနဲ့ အဖွဲ့အစည်းအသီးသီးတို့ကို တွေ့ဆုံပြီး အကြံပြုချက်များ တောင်းခံခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဆိုပါ ထုတ်ပြန်ချက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ( ၄၁ ) နဲ့အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရန် ပြည်ထောင်စုအစိုးရကို တင်ပြခဲ့ပြီး ဧပြီလ ( ၁၁ ) ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ တိုးမြှင့်ကောက်ခံမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး) နဲ့ စီပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ/သာသနာ အဆောက်အအုံတို့အတွက် ဓာတ်အားခနှုန်းထားများကို
- ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊
- ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊
- ၅၁ ယူနစ်ကနေ ၇၅ အထိ ၇၀ ကျပ်၊
- ၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊
- ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊
- ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နဲ့
- ၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံမှာဖြစ်ပါတယ်။

အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနဆိုင်ရာများ၊ အန်ဂျီအိုများ၊ နိုင်ငံခြားသံရုံများ၊ မြစ်ရေတင်လုပ်ငန်းများ စတဲ့အမျိုးအစားများအတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိကို ( ၁၂၅ ) ကျပ် စတင်ကောက်ခံမှာဖြစ်ပြီး သုံးစွဲတဲ့ ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမှာဖြစ်ကာ ယူနစ် ၁ သိန်းကျော်ရင်တော့ ( ၁၈၀ ) ကျပ်အထိ အမြင့်ဆုံး ကောက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

Source: Ministry Of Electricity and Energy
Myanmar Industrial Directory

Read times Last modified on Tuesday, 25 June 2019 17:31
Rate this item
(1 Vote)