What's New



လုပ်ငန်းပေါင်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံလာတဲ့ သီလဝါအထူးစီးပွားရေးဇုန်

လုပ်ငန်းပေါင်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံလာတဲ့ သီလဝါအထူးစီးပွားရေးဇုန် google

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာ လုပ်ငန်းမြှင့်တင်ရေးဇုန်နဲ့ ကင်းလွတ်ဇုန်ဆိုပြီး အထူးစီးပွားရေးဇုန်ဥပဒေဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိရာ စုစုပေါင်း လုပ်ငန်း ၁၀၅ ခုအထိ လုပ်ကိုင်လျက်ရှိပါတယ်။

လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် လုပ်ငန်း ၆၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၀၃ ဒသမ ၉၃၃ သန်းနှင့် ကင်းလွတ်ဇုန်တွင် လုပ်ငန်း ၄၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၀၂ ဒသမ ၄၆၀ သန်း စီးဝင်ဆောင်ရွက်လျက်ရှိပါတယ်။

တရုတ်နိုင်ငံမှ အာလူးများ တရားမဝင် ဝင်ရောက်မှုကြောင့် ပြည်တွင်းရှိ အာလူးစိုက်တောင်သူများ အခက်ကြုံ

ဦးကျော်ဝင်းထွန်းက သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကနေ ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နေတာပါ။ အဲဒီနို်င်ငံတွေထဲမှာ ဂျပန်နိုင်ငံက လုပ်ငန်းအများဆုံးဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံရာမှာ ဂျပန်နိုင်ငံမှ လုပ်ငန်း ၃၆ ခုဖြင့် အများဆုံးခွင့်ပြုထားပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာ စက်မှုကဏ္ဍ အများဆုံးလုပ်ကိုင်လျက်ရှိပြီး ကုန်စည်ရောင်းဝယ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေး ဖွံ့ဖြိုးမှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့ ဆောင်ရွက်လျက်ရှိပါတယ်။

Source: Myawaddy
Myanmar Industry Directory

Read times Last modified on Tuesday, 09 April 2019 17:40
Rate this item
(0 votes)