ယခုနှစ်ကုန်မှာ စစ်ကိုင်းတိုင်းအတွင်း အကြီးစားသကြားစက်ရုံကို အပြီးတည်ဆောက်မယ် - Industry Directory

Tuesday, 19 March 2019 08:16

ယခုနှစ်ကုန်မှာ စစ်ကိုင်းတိုင်းအတွင်း အကြီးစားသကြားစက်ရုံကို အပြီးတည်ဆောက်မယ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ တစ်နေ့ကို တန်ချိန် ၅၀၀ ထုတ်လုပ်နိုင်မယ့် အကြီးစားသကြားစက်ရုံကို အခုနှစ်ကုန်အပြီးတည်ဆောက်သွားမှာဖြစ်တယ်လို မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဌေးက ပြောပါတယ်။

 

အဆိုပါ သကြားစက်ရုံအတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံထားပြီး သကြားမှထွက်တဲ့ တင်လဲရည်ကို လောင်စာဆီထုတ်မှာဖြစ်ပြီး၊ ကြံဖတ်များမှလည်းစွမ်းအင်ထုတ်မှာဖြစ်ကာ ကျန်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေကိုတော့ မြေဩဇာများထုတ်မှာဖြစ်ပါတယ်။

 

“ ဒီလိုမျိုးတခြားဟာတွေလည်း ထုတ်တယ်ဆိုတာ သကြားဈေးကျတဲ့အချိန် ကာမိအောင်လို့ပါ။ အခုထုတ်မယ့်သကြားတွေက ပြည်တွင်းဈေးကွက်ကို ရည်ရွယ်ပါတယ်။ နောက်တစ်ချက်က တောင်သူတွေက သကြားစက်တွေရှိမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် တောင်သူတွေ အဆင်ပြေဖို့လည်း ရည်ရွယ်ပါတယ်”လို့ ဦးဝင်းဌေးကဆိုပါတယ်။

 

စက်ရုံစီမံကိန်းအတွက် ခွင့်ပြုမိန့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့တဲ့နှစ်က လုပ်ကိုင်ခွင့်ချပေးခဲ့ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်အနေနဲ့ ခုနစ်နှစ်စာ အခွန်ကင်းလွှတ်ခွင့်ရမှာဖြစ်တယ်လို့ မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီထံမှ သိရပါတယ်။

 

Read More: သီလဝါ၌ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၅၀၀ ကျော်ရှိ

 

ယခုနှစ် ကြံဈေးမှာ တစ်တန်ကို ကျပ်လေးသောင်းသာရရှိပြီး သကြားဈေးမှာ တစ်ပိဿကို ကျပ် ၁၀၀၀ နီးပါးသာရရှိကာ သကြားဈေးအနိမ့်ဆုံးရရှိတဲ့ နှစ်ဖြစ်ကြောင်း၊ တရုတ်ဘက်ကသာ တရားဝင် သကြားဝယ်ပါက သကြားဈေးလည်း မြင့်တက်လာနိုင်ပြီး ပြည်ပကုမ္ပဏီတွေမှာလည်း စက်ရုံများ လာရောက်တည်ထောင်နိုင်ကြောင်း ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ သကြားထုတ်လုပ်တဲ့စက်ရုံ ၇ ရုံနီးပါးရှိပြီး ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်ကို သကြားတန်ချိန် လေးသိန်းခွဲသာ ထုတ်လုပ်နိုင်သေးပါတယ်။

 

Source: The Voice

Myanmar Industry Directory

Read 294 times Last modified on Tuesday, 19 March 2019 09:16
Rate this item
(1 Vote)

Search Articles

Related Articles

No. 614, First Floor ( Left )

MaharBandoola Road,

Latha Township, Yangon, Myanmar.

Tel :: 09 448001662

E-mail :: ydg.adv@mmrdpub.com