What's New



ပုသိမ်စက်မှုမြို့​တော်စီမံကိန်းမှာ အထည်ချုပ်စက်ရုံသစ်တွေ စတင်​တည်ဆောက်​နေ

ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်မြို့နယ်​ရဲ့ ဧက ၂၇၀၀ မှာတည်​​ဆောက်​​နေတဲ့ စက်မှုမြို့တော်စီမံကိန်း ဧရိယာအတွင်းမှာ အထည်​ချုပ်​စက်​ရုံ​တွေ စတင်​တည်​​ဆောက်​​နေပြီး အထည်​ချုပ်​စက်​ရုံ အားလုံးတည်​​ဆောက်​ပြီးပါက လုပ်​သား ၅ ​သောင်းမှ ၁ သိန်း​လောက်​အထိ အလုပ်​အကိုင်တွေ​ရရှိမှာဖြစ်ပါတယ်​။

 

အထည်​ချုပ်​စက်​ရုံ​တွေကို Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ) နဲ့ တရုတ်နိုင်ငံ Textile City Group ကုမ္ပဏီတို့ သဘောတူ လက်မှတ်​ရေးထိုးပြီး CNQC Construction (Myanmar) က တာဝန်​ယူ​တည်​​ဆောက်​​နေတာဖြစ်ပါတယ်။ စက်​ရုံ​ပေါင်း ၅၀ တည်​​ဆောက်​မှာဖြစ်​ပြီး အထည်​ချုပ်​စက်​ရုံတစ်ရုံကို လုပ်​သား ၁၀၀၀ က​နေ ၂၀၀၀ ထိ ခန့်​အပ်​သွားမှာဖြစ်ပါတယ်​။

 

“ အခုစတင်​ပြီး စက်​ရုံနှစ်​ရုံက ​​ဖောင်​​ဒေးရှင်းပိုင်းမှာပဲ ရှိ​သေးပါတယ်​။ အဲ့ဒီနှစ်​ရုံက​တော့ သြဂုတ်​လအပြီး တည်​​ဆောက်​သွားမှာပါ။ စာချုပ်​ချုပ်​ထားတာ​တော့ စက်​ရုံ​ပေါင်း ၅၀ပါ။ အထည်​ချုပ်​နဲ့ပတ်​သတ်​တဲ့ စက်​ရုံ​တွေပါပဲ” လို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်း မန်နေဂျင်းဒါရိုက်တာ ဦးစည်သူစိုးက ပြောပါတယ်​။

 

အထည်​ချုပ်​စက်​ရုံ ၅၀ ရုံမှာ ကြယ်သီးစက်ရုံ၊ ဂျိတ်ဆက်ရုံ၊ အပ်ချည်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့အထည်ချုပ်​လုပ်ငန်းနဲ့ပတ်သက်တဲ့ စက်ရုံ​တွေဖြစ်​ပြီး တည်​​ဆောက်​ပြီးပါက ပလတ်​စတစ်​ကုန်​ကြမ်း စက်​ရုံတည်​​ဆောက်​ရန်​ သ​ဘောတူထားပါတယ်။ ဒါ့ပြင်​ ဆိပ်​ကမ်းတည်​​ဆောက်​မှုလုပ်​ငန်း​တွေကို အပိုင်းလိုက်​လုပ်​​ဆောင်​သွားမှာဖြစ်​ပြီး ကနဦးတည်​​ဆောက်​မယ့် စီမံကိန်းစက်​ရုံများအားလုံးကို ​မြေဧက ၅၀၀ အပိုင်းမှာ ပါဝင်​မယ်​လို့ သိရပါတယ်​။

 

Read More: နိုင်ငံ့လူဦးရေရဲ့ထက်ဝက်ခန့်ကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်

 

ပုသိမ်​စက်​မှုမြို့​တော်စီမံကိန်းရဲ့ ဧရိယာမြေဧက ၂၇၀၀ မှာ အထည်​ချုပ်​စက်​ရုံ​၊ ​ပေါင်းဆန်​စက်​ရုံ​၊ ​​ရေထွက်​ပစ္စည်း အ​အေးခန်းစက်​ရုံ​၊ မှန်​စက်​ရုံ၊ ပလတ်​စတစ်​စက်ရုံ၊ ဓာတ်​​မြေသြဇာစက်​ရုံ၊ ပရိ​ဘောဂစက်​ရုံ​၊ ဘိလပ်​​မြေစက်​ရုံ​ စတဲ့စက်​ရုံ​တွေ ပါဝင်​မှာပါ။

 

ဒါအပြင် နိုင်​ငံတကာအဆင့်​မီ ​ရေနက်​ဆိပ်​ကမ်းတစ်ခုလည်း တည်​​ဆောက်​သွားမှာ ဖြစ်​တယ်​လို့ Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ) ကပြောပါတယ်။

 

Source: DVB

Myanmar Industry Directory

Read times Last modified on Monday, 18 March 2019 16:47
Rate this item
(0 votes)